အရင်ကထက်စာရင် သင်ကိုယ်ဝန်ရှိလာကာမှ ခြင်ပိုကိုက်လာတာ သတိထားမိပါသလား။ ကိုယ်ဝန်သည်တွေဟာ သာမန်လူတွေထက် နှစ်ဆခန့် ခြင်ကိုပိုဆွဲဆောင်နိုင်တယ်လို့ သိပ္ပံပညာကရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်က ကြိုက်တတ်ပြီး ကိုယ်ဝန်သည်တွေဟာ အရင်ကထက် အသက်မြန်မြန်ပိုရှူကာ ၂၁ရာခိုင်နှုန်းလောက်လေပိုဝင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပိုများလာတာကြောင့် ခြင်တွေက ပိုနှစ်သက်လာတာလို့ ကျွမ်းကျင်သူတွေကယုံကြည်ကြတယ်။
တခြားအကြောင်းပြချက်တွေရောရှိနိုင်ဦးမလား
ခြင်တွေဟာ အနွေးဓါတ်ကိုနှစ်သက်ကြတယ်။ မိခင်လောင်းတွေရဲ့ ကိုယ်အပူချိန်က တခြားသာမန်လူတွေထက် ပိုများတတ်တယ်။ ပိုနွေးတဲ့အပူချိန်၊ ပိုများတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ခြင်တွေက သူတို့ကိုကိုက်ရတာပိုနှစ်သက်လာတယ်။
ခြင်ကိုက်ခံရရင် ‘ယားယံတာပဲရှိတာ’ ဆိုတာ ဘယ်တုန်းကမှမမှန်ခဲ့ပါဘူး။ ခြင်ကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေအများကြီးရှိပြီး တစ်ကြိမ်တခါလေးအကိုက်ခံရတာကပင် မိခင်ကိုရော ကလေးကိုရော အန္တရာယ်များတဲ့ ရောဂါပေါင်းစုံပေးနိုင်ပါတယ်။ သေးလွန်တုပ်ကွေး၊ ဇီကာရောဂါ စသည်ဖြင့်ပေါ့
လို့မေးရင်တော့ ဟုတ်ပါတယ်။ အန္တရာယ်ပိုများပါတယ်။ ဥပမာ ဇီကာရောဂါ အနေနဲ့ပြောရမယ်ဆိုရင် မိခင်လောင်းထိုရောဂါရသွားခြင်းဟာ ကလေးငယ်ကိုခေါင်းသေးသွားတဲ့ ထိခိုက်မှုတစ်မျိုးရစေပါတယ်။ ခေါင်းသေးခြင်းဟာ ရှားပါးတဲ့မွေးရာပါချို့တဲ့မှုတစ်မျိုးဖြစ်ပြီး ကလေးဟာ သေးကွေးကာ ကြီးထွားမှုနှုန်းနှေးပါလိမ့်မယ်။ တခါတလေ မွေးမွေးချင်းမသိရပေမယ့် ကြာလာမှ လက္ခဏာပေါ်လာတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဌာန CDC က အမျိုးသမီးတွေ ဇီကာရောဂါဖြစ်ပွားနေရာသို့ မသွားကြဖို့ တိုက်တွန်းထားပါတယ်။ CDC နဲ့ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်း WHO မှကျွမ်းကျင်သူများက ဇီကာဟာ တခြားနေရာများကိုပါ ဆက်ပျံ့နှံ့လိမ့်မယ်လို့ ကြိုတင်မှန်းဆထားတာကြောင့် သင့်မှာကလေးယူမည့်အစီအစဉ်ရှိပါက မိမိရင်သွေးလေးနှင့် မိမိကိုယ်ကိုယ်ပါ စောင့်ရှောင့်နိုင်အောင် လေ့လာထားသင့်ပါတယ်။
ခြင်ကိုက်တာကိုကာကွယ်ဖို့က ခြင်ဆေးလိမ်းဆေးကိုသုံးတာ အကောင်းဆုံးပါ။ ကိုယ်ဝန်ဆောင်သည်တွေအတွက် အန္တရာယ်ကင်းတယ်လို့ သိထားတဲ့ လိမ်းဆေးနှစ်မျိုးရှိပါတယ်။
နှစ်မျိုးစလုံးကိုတပြိုနက်ထဲသုံးရင်တော့ သင့်ကို ခြင်ရော၊ နေဒဏ်ကနေရော ကာကွယ်ပေးနိုင်မှာပေါ့၊ ဒါပေမယ့် တူးအင်ဝမ်း နှစ်မျိုးစလုံးတူတူပါတာမျိုးကိုတော့မသုံးပါနဲ့။ တမျိုးစီသီးခြားအသုံးပြုပြီး နေလောင်ကာခရင်ကို အရင်လိမ်းကာ ခြင်ဆေးကိုအပေါ်ကထပ်လိမ်းနိုင်ပါတယ်။ DEET ပါတဲ့ ခြင်ဆေးဆိုလျှင် DEET က နေလောင်ကာခရင်မှာပါတဲ့ နေဒဏ်ကာပေးတဲ့ SPF ကိုနည်းစေတာမို့ နေလောင်ကာခရင်ခဏခဏပြန်လိမ်းပေးသင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။