နဂါးမောက်သီးမှာ သံဓာတ်နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်
နဂါးမောက်သီးမှာ ပါတဲ့ အမျှင်ဓာတ်က အစာကြေစေနိုင်ပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်သလို ဝမ်းမှန်စေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ဝမ်းချုပ်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစနစ် ပြဿနာတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။
ရောဂါပိုးတွေကူးစက်ခံရမှုကနေ ကာကွယ်ပေးပါတယ်
အရသာရှိတဲ့ နဂါးမောက်သီးမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေ ကူးစက်ခံရမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေမှုကြောင့် ထိခိုက်မှုတွေကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေတယ်
နဂါးမောက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဖျားနာမှု ကင်းစေပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်ဖို့ အဆင်မပြေတာကြောင့် ဖျားနာတဲ့အခါ ခံစားရခက်တာမျိုး မဖြစ်စေဖို့ နဂါးမောက်သီး စားရင်း ကိုယ်ခံအားကို အားဖြည့်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။