backup og meta

ကိုယ်ဝန်ဆောင်နှင့်အလုပ်အကိုင် - ဆောင်ရန်၊ ရှောင်ရန်များ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နှင့်အလုပ်အကိုင် - ဆောင်ရန်၊ ရှောင်ရန်များ

    အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေရခြင်းဟာ အလုပ်မှာစိန်ခေါ်မှုအမျိုးမျိုးနဲ့ တွေ့ကြုံရစေတတ်တယ်။ ဒါတွေကတော့ အလုပ်လုပ်နေရတဲ့ မေမေတွေသိရှိဖို့ ဆောင်ရန်၊ ရှောင်ရန် တွေပါ။

    ပျို့အန်ခြင်းကို သက်သာစေရန်

    ပျို့အန်ခြင်းတွေဟာ တစ်နေ့တာလုံးမှာ အချိန်မရွေးဖြစ်နိုင်ပါတယ်။ အလုပ်မှာ နေရထိုင်ရသက်သာစေရန် သင့်ကို ပျို့အန်လိုစိတ်ဖြစ်စေတာတွေကို ရှောင်ရှားပြီး နှစ်သက်တဲ့မုန့်အချို့ကို ဆောင်ထားသင့်ပါတယ်။ ဂျင်းလက်ဖက်ရည်ဟာလည်း ကယ်တင်ရှင်တစ်ခုဖြစ်နိုင်ပါတယ်။

    နွမ်းနယ်ခြင်းကို ဖြေရှင်းရန်

    ပင်ပန်းနွမ်းနယ်ခြင်းဟာ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စားသောက်မှုပုံစံကို ပြင်ဆင်လိုက်ပါက အကူအညီဖြစ်နိုင်ပါတယ်။ အနီရောင်အသား၊ ဥ၊ အိမ်ကြက်၊ ပင်လယ်စာ၊ အစိမ်းရောင်အရွက်များ၊ ပဲအမျိုးမျိုးတို့ကို စားသုံးပါ။

    အလုပ်ချိန်မှာ ခဏမှေးဖို့က ခက်ခဲမှာပါ။ ဒါပေမယ့် ခဏတဖြုတ်လောက်တော့ လမ်းနည်းနည်းလျှောက်ခြင်း၊ လှုပ်ရှားခြင်းပြုနိုင်မှာပါ။ ဒါဟာလည်း သင့်ကိုပြန်လန်းဆန်းစေပါလိမ့်မယ်။

    ရေများများသောက်ဖို့ကလည်း အရေးကြီးပါတယ်။ အနားမှာ ရေပုလင်းအမြဲထားပြီး တစ်နေကုန်သောက်နေပါ။

    တစ်နေကုန် အလုပ်တွေလုပ်အပြီးမှာ အိမ်အလုပ်တွေလုပ်ဖို့ ရှိနေတာကလည်း စိတ်ညစ်စရာပါ၊ ဈေးဝယ်တာကို အွန်လိုင်းကလုပ်တာမျိုး၊ အိမ်သန့်ရှင်းရေးအတွက် အကူတစ်ယောက်ယောက် ငှားတာမျိုး စဉ်းစားကြည့်သင့်ပါတယ်။

    ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ စောစောအိပ်ရာဝင်ခြင်းတို့ဟာလည်း သင့်ကိုအားပြန်ပြည့်စေမှာပါ။ အိပ်တဲ့အခါမှာ ဘယ်ဖက်ကို စောင်းအိပ်ကြည့်ပါ၊ ဒါဟာကလေးဆီကို သွေးပိုရောက်စေပြီး၊ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ သက်တောင့်သက်သာမရှိပါက ခြေထောက်နှစ်ချောင်းကြားကို ခေါင်းအုံးညှပ်ကာ သင့်ဗိုက်အောက်ကိုလည်း ခေါင်းအုံးခံအိပ်ပါ။ ဒါက စောင်းအိပ်ခြင်းကို ပိုသက်တောင့်သက်သာဖြစ်စေမှာပါ။

    စိတ်ဖိစီးမှု လျှော့ချရန်

    တစ်နေ့တာ သင်လုပ်ရမှာတွေကို စာရင်းလုပ်ပြီး ဦးစားပေးလုပ်ရမှာတွေကို ကြည့်ပါ။ တချို့အလုပ်တွေကို မလုပ်တာမျိုး ဒါမှမဟုတ် တခြားလူကိုခိုင်းတာမျိုး လုပ်လို့ရမလား စဉ်းစားပါ။ မိသားစုဝင်တစ်ဦးဦး ဒါမှမဟုတ် ယုံကြည်ရသော သူငယ်ချင်းတစ်ယောက်ကို သင်စိတ်ပူနေရတာတွေကိုပြောပြပါ။ ကိုယ်ဝန်သည် ယောဂကျင့်စဉ်အချို့ကိုလည်း စမ်းကြည့်နိုင်ပါတယ်။ ဒါပေမယ့်ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှလုပ်ပါ။

    အလုပ်မှာ အန္တရာယ်ကင်းစေရန်

    တချို့အလုပ်တွေက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘေးမကင်းပါဘူး ဥပမာ-

    • အဆိပ်ရှိ ဓါတုပစ္စည်းများနှင့် ထိတွေ့ကိုင်တွယ်ရခြင်း

    • အချိန်ကြာ မတ်တပ်ရပ်ရခြင်း

    • အလွန်အမင်း ဆူညံသောနေရာဖြစ်ခြင်း

    • အလေးအပင် ‘မ’ ရခြင်း၊ လှေကားများ တက်ရခြင်း

    • စက်ယန ္တရားကြီးများကဲ့သို့ တုန်ခါမှုများသော နေရာတွင် အလုပ်လုပ်ရခြင်း

    • အပူအအေးလွန်ကဲသော နေရာများတွင်လုပ်ရခြင်း

    တကယ်လို့ လုပ်ရတဲ့အခြေအနေက အဆင်မပြေရင် ဆရာဝန်နှင့်တိုင်ပင်ပါ။ အထူးကြိုတင်ကာကွယ်မှုတွေလိုသလား အလုပ်တာဝန်ပြောင်းလဲဖို့လိုသလားဆိုတာကို အတူတူတိုင်ပင်နိုင်ပါတယ်။ တကယ်လို့ အလုပ်လုပ်ရတဲ့အခြေအနေက ပြောင်းလဲလို့မရနိုင်တဲ့ အခြေအနေဆိုရင် သင့်ရင်သွေးလေးအတွက် အလုပ်ထွက်ဖို့ စဉ်းစားသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement