backup og meta

ကိုယ်ဝန်ဆောင်နေစဉ် ခရီးသွားပါက အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Khine Phoo Ngon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နေစဉ် ခရီးသွားပါက အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ

    အမျိုးသမီးအများစုဟာကိုယ်ဝန်ဆောင်နေစဉ် အတွင်းဘယ်အချိန်မှာခရီးထွက်သင့်တယ်၊ ခရီးအတွက်ဘာတွေဆောင်သွားသင့်တယ်၊ ဘယ်လိုကြိုတင်ကာကွယ်ဆေးတွေ ထိုးသင့်တယ် အစရှိတဲ့ သတိထားရမယ့် အချက်အလက်တွေကိုလိုက်နာပြီးလုံခြုံစိတ်ချစွာခရီးထွက်နိုင်ပါတယ်။ ဘယ်နေရာကိုပဲသွားသွားအရေးပေါ်လိုအပ်လာရင် ကုသမှုခံယူနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့နေရာကိုရှာဖွေထားရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဆေးဝါးကုသမှုမှတ်တမ်း တွေကိုအတူယူဆောင်သွားတာကလည်းအကြံကောင်းတစ်ခုပါ။ အဲဒီလိုယူဆောင်သွားတာကြောင့် လိုအပ်လာတဲ့အခါ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဆရာဝန်ကို ပြနိုင်မှာပါ။

    ဒီမှာဖော်ပြမယ့် အချက်တွေက ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုအကောင်းဆုံးဖြစ်အောင် ခရီးသွားရမယ်ဆိုတာသိသင့်တဲ့ အချက်တွေပါ။

    ဘယ်အချိန် ခရီးသွားရမလဲ။

    ကိုယ်ဝန်ရှိပြီဆိုရင် ခရီးသွားဖို့ အသင့်တော်ဆုံးအချိန်က ကိုယ်ဝန်ပျက်ကျဖို့နဲ့ နေ့လမစေ့မွေးဖို့ ဖြစ်နိုင်ချေအနည်းဆုံးဖြစ်တဲ့ ကိုယ်ဝန် ဒုတိယသုံးလ(ကိုယ်ဝန် ၁၈ ပတ် မှ ၂၄ ပတ်အတွင်း) ဖြစ်ပါတယ်။ သွားမယ်ဆိုရင်တောင် အိမ်နဲ့ အကွာအဝေး မိုင် ၃၀၀ အတွင်းမှာရှိတာပိုကောင်းပါတယ်။ ရုတ်တရက် အပြောင်းအလဲတစ်ခုခုကြောင့် ဆေးကုသမှုခံယူရနိုင်တာမျိုးရှိမှာစိုးလို့ပါ။

    လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင်

  • တချို့ လေယာဉ်တွေက ကိုယ်ဝန်၃၅ပတ် ကျော် တဲ့ ကိုယ်ဝန်သည်တွေ ကိုလိုက်ပါ ခွင့်မပြုတဲ့အတွက်ကြောင့်လေကြောင်းလမ်းနဲ့ ခရီးသွားမယ်ဆိုရင် လိုအပ်တာတွေကိုသေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။
    • မွေးမယ့်ရက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုခရီးတလျှောက်သယ်ဆောင်သွားပါ။ တစ်ချို့လေကြောင်းလိုင်းတွေကထိုအချက်အလက်တွေကိုတောင်းလေ့ရှိပါတယ်။
    • ထိုင်ခုံခါးပတ်ကိုပေါင်ရင်းနားတွင် ပတ်ထားပါ။ လေယာဉ်ခါးယမ်းမှုဖြစ်နိုင်သည့်အတွက်လေယာဉ်စီးနေစဉ် ခါးပတ်ကိုတတ်နိုင်သမျှ မြဲမြံစွာပတ်ထားသင့်ပါတယ်။
    • ဖြစ်နိုင်ပါကလူသွားလမ်းဘေးမှထိုင်ခုံကိုရွေးချယ်အသုံးပြုပါ။ အဲဒီလိုအသုံးပြုခြင်းကအချိန်အကြာကြီးစီးရတဲ့ လေကြောင်းမျိုးမှာသွေးလှည့်ပတ်မှုကောင်းအောင် လမ်းခဏလျှောက်တာမျိုးပြုလုပ်ဖို့ ပိုအဆင်ပြေပါလိမ့်မယ်။
    • ရေဓါတ်လုံလောက်ပါစေ။ ရေဓါတ်ခမ်းခြောက်ခြင်းကကလေးကိုလမစေ့ နေ့မစေ့မွေးဖို့ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေကိုရေ ၈ အောင်စဖန်ခွက်နဲ့ ၈ခွက် ပြည့်အောင်သောက်ဖို့ တိုက်တွန်းချင်ပါတယ်။ လေယာဉ်စီးနေစဉ် လေယာဉ်မောင်၊ လေယာဉ်မယ် များကိုရေများများတောင်းရန် အားမနာသင့်ပါ။

    ကားနဲ့ ခရီးသွားမယ်ဆိုရင်

    • ကားမှာလေအိတ်ပါတယ် ဆိုရင်တောင်မှ ထိုင်ခုံခါးပတ်ပတ်ဖို့ လိုအပ်ပါတယ်။ ထိုင်ခုံအောက်ခါးပတ်ကိုပေါင်ရင်းနားတွင်ပတ်ပြီးပခုံးနားမှဖြတ်သွားသည့် ကားထိုင်ခုံခါးပတ်ကိုပုခုံးအပေါ်ကနေစပြီးရင်သားနှစ်ခုကြားမှထားပြီးပတ်ပါ။ ဗိုက်အပေါ်ကနေမပတ်သင့်ပါဘူး။
    • ကိုယ်ဝန်သည် ပါပါ မပါပါကားရဲ့လေအိတ်စနစ် သည် ကောင်းမွန်မှု ရှိဖို့ အရေးကြီးပါတယ်။ လေအိတ်အရှေ့ မှာထိုင်တယ် ဆိုရင် သင့်ရဲ့ ရင်ဘတ်နဲ့ လေအိတ်ကြားက အကွာအဝေး ၁၀လက်မ(သို့) ၂၅ စင်တီမီတာထက် ပိုများအောင် ထိုင်ခုံကိုအနောက်ဘက်ရောက်အောင်ဆွဲထားသင့်ပြီးထိုင်ခုံကျောမှီကိုအနောက်ဘက်ကိုအနည်းငယ် စောင်းထားသင့်ပါတယ်။
  • ကြာရှည်သွားရတဲ့ ခရီးဆိုရင် သွေးလှည့်ပတ်စနစ်ကောင်းမွန်စေနဲ့ ဆီးအိမ်တင်းအားလျော့နည်းစေဖို့ အနည်းဆုံး ၂ နာရီကြာပြီးတိုင်းအပေါ့အပါးသွား၊ရေချိုးခန်းသုံးရန် နှင့် ခဏတာလမ်းလျှောက်ရန် အနားယူချိန်ရှိရပါမယ်။
  • ကာကွယ်ဆေးများ

    • ယျေဘုယအားဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ(ဝက်သက်၊ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး) အစရှိတဲ့ ရောဂါပိုးအရှင်ပါဝင်သောကာကွယ်ဆေးတွေကိုရှောင်ရှားသင့်ပါတယ်။ ဒါပေမယ့် ဘီးပိုးကာကွယ်ဆေးကဲ့သို့ ရောဂါပိုးအရှင်မပါဝင်သောကာကွယ်ဆေးတွေကတော့ လုံခြုံစိတ်ချရပါတယ်။
    • ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးသင့် မထိုးသင့်ဆိုတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ တိုင်ပင် တွက်ချက်သင့်ပြီးသင့် ကျန်းမာရေးအခြေအနေ၊ သွားမယ့်နေရာ၊ ခရီးအတိုအရှည်အကွာအဝေး နဲ့ရောဂါနဲ့ ထိတွေ့နိုင်ချေတို့ကိုလည်းထည့်သွင်းစဉ်းစားရမှာပါ။

    ကောင်းမွန်သောကြိုတင် ပြင်ဆင်ခြင်း

  • အဝတ်အစားများ။ ဆွဲဆန့်လို့ရတဲ့ချည်မျှင်၊သိုးမွေးထည်တွေနဲ့ ပြုလုပ်ထားတာမျိုးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်တာက ကောင်းတဲ့ အကြံတစ်ခုပါ။ သက်တောင့်သက်သာရှိမယ့် ဖိနပ်တွေကိုလည်းမဖြစ်မနေစီးသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ကိုယ်ဝန်ဆောင်နေချိန်မှာခြေထောက်ကဖောင်းတင်းပြီးဖောရောင်တတ်တဲ့သဘောရှိလို့ပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ။ သစ်သီးများ၊ အစေ့အဆံများ၊ အားအင်ဖြစ်စေတဲ့ အစားအစာများကိုလည်းတစ်ပါတည်းယူဆောင်သွားသင့်ပါတယ်။
    • ခရီးဆောင် ကျန်မာရေးသေတ္တာ

    ပါဝင်သင့်တဲ့အရာတွေကတော့ acetaminophen (ပါရာစီတမော)၊ Imodium ၊ Dramamine ၊ Preparation H၊ Tums ၊ အိပ်မပျော်ခြင်းအတွက်Tylenol PM၊ လည်ချောင်းနာခြင်းအတွက် cepacol၊ သာမိုမီတာ( အဖျားတိုင်းကိရိယာ) နှင့် ရေဓါတ်ခမ်းခြောက်ခြင်း ဖြစ်ခဲ့ပါကရေသန့် ရေဘူးနဲ့ ရောပြီးသောက်ဖို့ ဓါတ်ဆားထုပ် စသည့် အထုပ်များယူဆောင်သွားသင့်ပါတယ်။

    ဂရုတစိုက် သေချာပြင်ဆင်မှုတွေနဲ့ ကိုယ်ဝန်ဆောင်ချိန် ခရီးသွားခြင်းကလုံခြုံစိတ်ချရပေမယ့် အခြားသော ဖြစ်နိုင်ခြေတွေနဲ့ ရင်ဆိုင်ရနိုင်တာတွေ ကိုထည့်သွင်းစဉ်းစားစရာရှိပါသေးတယ်။ ဒါ့ကြောင့်လည်းခရီးမသွားမီ ၆ပတ်အလိုကတည်းက ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ (သို့) ခရီးသွားကျန်းမာရေးဆေးခန်းများသို့သွားရောက်ပြီးသင့်ရဲ့ ခရီးသွားအစီအစဉ်နဲ့ပတ်သတ်ပြီးတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Khine Phoo Ngon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement