backup og meta

ကိုယ်ဝန်ဆောင်စဉ်အတွင်း အက်စစ်ပြေ လေဆေးတွေကို စိတ်ချလက်ချသုံးနိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ်အတွင်း အက်စစ်ပြေ လေဆေးတွေကို စိတ်ချလက်ချသုံးနိုင်လား

    ကိုယ်ဝန်ဆောင်မိခင်တော်တော်များများမှာ အစာမကျေခြင်း၊ စားချဉ့်ပြန်ခြင်းကြောင့် ရင်ပူခြင်းခံစားရတတ်ပါတယ်။ အန္တရာယ်မပေးတတ်ပေမဲ့ မအီမသာဖြစ်စေနိုင်ပါတယ်။ ကိစ္စအများစုမှာ အာဟာရပုံစံနဲ့နေထိုင်ပြောင်းလဲမှုပုံစံပြောင်းလဲခြင်းနဲ့အတူ စိတ်ချ၇တဲ့ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရနိုင်တဲ့ဆေးတွေနဲ့တင် ကုသနိုင်ပါတယ်။

    သောက်ဖို့လိုတဲ့သူတွေအတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်းစိတ်ချလက်ချပေးနိုင်တဲ့ ရင်ပူသက်သာဆေးအချို့ကို ပေးနိင်ပါတယ်။

    အက်စစ်ဓါတ်ချေဖျက်ပေးတဲ့ဆေးအများစုမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ချလက်ချသုံးနိုင်ပါတယ်။ တချို့သောဆေးတွေကိုတော့ မသုံးသင့်ပါဘူ။ ဘယ်ဆေးကိုမဆို မသောက်ခင်မှာ ဆရာဝန်ခွင့်ပြုချက်ရဖို့တော့ လိုအပ်ပါတယ်။

    ဘယ်လိုဆေးမျိုးတွေလဲ၊ ဘယ်လိုတွေအလုပ်လုပ်လဲ။

    ကိုယ်ဝန်ဆောင်တွေအတွက် ပထမဦးစားပေးကတော့ ကယ်ဆီယမ်လို့ပဲဆေးညွှန်းပေါ်မှာရေးထားေလေ့ရှိတဲ့ ကယ်ဆီယမ်ကာဘွန်နိတ်နဲ့ပြုလုပ်ထားတဲ့ ဝါးစားနိုင်တဲ့ အက်ဆစ်ချေဖျက်ဆေးကို သုံးသင့်ပါတယ်။ လျင်မြန်ပြီးအကျိုးသက်ရောက်မှုကေင်းပါတယ်။ အရသာလည်းကောင်းပါတယ်။ မဂ္ဂနီဆီယမ်ဟိုက်ဒရောဆိုဒ်သို့ မဂ္ဂနီဆီယမ်အောက်ဆိုဒ်ပါတဲ့အက်ဆစ်ချေဖျက်ဆေးတွေကလည်း ကိုယ်ဝန်ဆောင်တွေအတွက် ရွေးချယ်နိုင်ပါတယ်။ အရေည်သို့ဆေးပြားပုံစံနဲ့ လာပါတယ်။

    ဆေးအရည်သောက်ရမှာလည်း ဆေးအရည်ဆိုပေမဲ့ရေနဲ့သောက်ဖို့ လိုပါတယ်။ ဆေးပြားတွေက အစာအိမ်လုပ်နေကျအတွင်း လျော့နည်းအောင်လုပ်ဖို့ အထူးလိုအပ်တဲ့ အက်ဆစ်ပါတဲ့အစာခြေရည်တွေကို ထွက်အောင်လုပ်ပါတယ်။ ရင်ပူခြင်းရှိနေမယ်ဆိုရင် ဆေးပြားတွေကို ရေနည်းနည်းနဲ့ဆေးသောက်တာက ပိုကောင်းပါတယ်။

    ဒီအမျိုးအစားဆေးတွေက သင့်အစာအိမ်ထဲထွက်သွြးပြီးသားအက်ဆစ်တွေကို ဓါတ်ပြယ်အောင်လုပ်ပါတယ်။ ဝါးစားလို့ရတဲ့ပုံစံနဲ့ဆေးအရည်တွေက ပျော်ဝင်ပြီးသားဖြစ်တာကြောင့် ဆေးပြားတွေထက်ပိုပြီး

    လျင်မြန်စွာအလုပ်လုပ်ပါတယ်။ ဘယ်အမျိုးအစားက သင့်အတွက်ပိုပြီးအကျိုးသက်ရောက်မှုပေးလဲဆိုတာကို စမ်းသပ်ကြည့်နိုင်ပါတယ်။

    အက်ဆစ်ဓါတ်ကိုချေဖျက်ပေးတဲ့ဆေးတွေ အသုံးပြုရာမှာ ဘာတွေကိုမှတ်မိသင့်လဲ။

    အလူမီနီယမ်ဟိုက်ဒရိုဆိုဒ်၊ အလူမီနီယမ်ကာဗွန်နိတ် ပါတဲ့ဆေးတွေကို ရှောင်ပါ။ အလူမီနီယမ်က ဝမ်းချုပ်စေပြီး အရမ်းများသွားရင် အဆိပ်သင့်စေနိုင်ပါတယ်။ သတ်မှတ်ပေးထားတဲ့ပမာဏကို ရံဖန်ရံခါအသုံးပြုခြင်းက စိတ်ချရပေမဲ့လည်း ကိုယ်ဝန်ဆောင်နေစဉ်မှာ ရွေးချယ်ဖို့အသင့်ဆုံးဖြစ်ပါတယ်။

    အရသာကောင်းပြီး သစ်သီးနံ့ရတဲ့ဝါးစားလို့ရတဲ့ဆေးတွေက ဆေးတွေပဲဆိုတာကိုမမေ့ပါနဲ့။ အကြံပြုထားတာထက် ပိုသောက်နေကြောင်း ကိုယ့်ကိုကိုသိတဲ့အခါမှာ အက်ဆစ်အထွက်နည်းစေပြီး အကျိုးသက်ရောက်မှုကောင်းတဲ့ ကြာကြာခံတဲ့ဆေးတွေကို ဆေးတွေကိုဆရာဝန်ကို မေးသင့်ပါတယ်။ အန်တဆစ်တွေလို အက်ဆစ်ကိုအာနိသင်ပျယ်စေတဲ့ဆေးတွေအစား အစာအိမ်ကအက်ဆစ်သာမန်အတိုင်းထုတ်နေတာကို အက်ဆစ်အထွက်နည်းဆေးတွေက ကာကွယ်ပေးနိုင်ပါတယ်။

    အက်ဆစ်အထွက်နည်းစေတဲ့ဆေးများ

    သင့်အစာအိမ်ကရှိနှင့်ပြီး အက်ဆစ်တွေအတွက် အကူအညီမပေးနိုင်ပါဘူး။ ဒါကြောင့် အစားမစားခင်သောက်တာက ပိုပြီးထိရောက်နိုင်ပါတယ်။ တချို့ဆေးတွေက အက်စစ်နည်းဆေး ( ဖာမိုတီဒင်း) နဲ့ အက်စစ်ဓါတ်ပျယ်ဆေး( ကယ်ဆီယမ်ကာဗွန်နိတ်နဲ့ မဂ္ဂနီဆီယမ်ဟိုက်ဒရောဆိုဒ်ကဲ့သို့)ဆေးတွေ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ သင့်ကိုအနှောင့်အယှက်ပေးနေတဲ့ အစာအိမ်အချဉ်မှာချက်ချင်း သက်သာစေပြိ နောက်ထပ်၁၂နာရီအထိ အက်ဆစ်ထပ်ထွက်ခြင်းကို နည်းစေပါတယ်။

    အက်စစ်အထွက်နည်းဆေးတွေအချို့က ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အချို့ကတော့ဆရာဝန်ညွှန်ကြားချက်လိုပါတယ်။ လတ်တလောမှာတော့ ပထမကိုယ်ဝန်ဆောင်ချိန်မှာတောင် ကိုယ်ဝန်ဆောင်တွေအတွက် ဘေးကင်ေးကြာင်း ယုံကြည်ထားကြပါတယ်။ ဆေးမည့်သည့်အမျိုးအစားကိုမဆို မသုံးခင်မှာ ရလာနိုင်တဲ့ဆိုးကျိုးနဲ့ကောင်းကိျုးတွေကိ ဆရာဝန်နဲပဆွေးနွေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Thin Myat Sandi Cho မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement