backup og meta

ကိုယ်ဝန်ဆောင်စဉ်မှာ မိတ်ကပ်လိမ်းမယ်ဆိုရင် ဘာတွေသိထားသင့်သလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ်မှာ မိတ်ကပ်လိမ်းမယ်ဆိုရင် ဘာတွေသိထားသင့်သလဲ

    ကိုယ်ဝန်ဟာသင့်ကိုပျော်ရွှင်စိတ်တက်ကြွစရာတွေပေးမှာအမှန်ဖြစ်ပေမယ့်သင့်အသားအရေကိုလည်းအံ့အားသင့်ဖွယ်အပြောင်းအလဲတချို့ ဖြစ်စေမှာပါ။ သင့်အသားအရေကမှဲ့ခြောက်၊ဝက်ခြံတွေများနေရင်၊အသားအရေခြောက်သွေ့တာဒါမှမဟုတ်အဆီပြန်တာတွေဖြစ်နေရင် ပြုံးပြုံးကြီးနေနေမယ့်အစားမနက်ခင်းတိုင်းမနက်ခင်းတိုင်းမှာမိတ်ကပ်လေးပါးပါးတို့ပေးဖို့ကိုအချိန်ပေးပါ။ ဒီလိုအချိန်နည်းနည်းဖဲ့ပေးလိုက်လို့သင့်အနေနဲ့အလုပ်သွားဖို့ကသီသွားမယ်ဒါမှမဟုတ်ပင်ပန်းသွားမယ်စသဖြင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အချိန်ခဏပေးပြီးပညာသားပါပါလေးနဲ့မိတ်ကပ်လိမ်းလိုက်ခြင်းဟာသင့်ကိုတနေ့တာလုံးလန်းဆန်းတက်ကြွပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုတွေအပြည့်နဲ့ ဖြစ်နေစေမှာပါ။

    မျက်လုံးကိုအလှဆုံးခြယ်သပါ။

    မျက်လုံးမို့တာတွေဒါမှမဟုတ်အိပ်ရေးတွေပျက်တာများလို့မျက်ကွင်းညိုတာတွေအတွက်ခပ်တောက်တောက်စိုစို (မျက်လုံးကိုလည်းအာဟာရဓါတ်တွေ ဖြည့်ပေးတဲ့) eye cream ကိုသုံးနေကျ moisturizer မသုံးခင်လိမ်းပေးပါ။ ပြီးရင် concealer လေးကိုအသာအယာတို့ပါ။ ဒီလိုလုပ်လိုက်မယ်ဆိုရင်ငိုက်မျဉ်းနေတဲ့ရုပ်သွင်ပျောက်သွားပြီးသင့်မျက်ဝန်းတွေကိုလည်းတောက်ပစေမှာပါ။ မျက်ကွင်းညိုတာအကုန်လုံးကိုဖုံးကွယ်နိုင်ပါ့မလားလို့တွေးပူနေမယ်ဆိုရင်သင့်အနေနဲ့ BB cream ဒါမှမဟုတ် tinted moisturizer ကိုသုံးပြီးထပ်အုပ်နိုင်သေးတဲ့အတွက်ဘာမှမပူပါနဲ့။

    အတောက်ပဆုံး ခြယ်သပါ။

    ကိုယ်ဝန်ဆောင်စဉ်ကာလမှာထွက်လာတဲ့ဟော်မုန်းတွေကသင့်အသားအရေကိုထိခိုက်လွယ်စေပြီးဝက်ခြံတွေ၊အစက်အပြောက်တွေအလွယ်တကူထွက်စေတာမို့ဒီအချိန်မှာမိတ်ကပ်အောက်ခံအထူကြီးတွေမလိမ်းသင့်ပါဖူး။ သင့်အသားအရေကိုခဏလောက်တော့အနားပေးထားလိုက်ပါ။ တကယ်လို့သင့်မျက်နှာမှာအမဲစက်တွေအများကြီးရှိနေတယ်ဆိုရင် tinted moisturizer ကဖြေရှင်းပေးနိုင်ပါတယ်။ မျက်နှာအသားအရေတွေယာယီအနေနဲ့ဘယ်လိုပဲပြောင်းလဲပြောင်းလဲသင့်အသားအရေနဲ့အရောင်ညီသွားမှာပဲဖြစ်လို့ foundation မိတ်ကပ်တွေလိမ်းစရာမလိုပါဖူး။BB cream နဲ့ CC cream တို့ဟာသင့်အသားအရေကိုကျန်းမာစွာတောက်ပစေပြီးအမြန်ဆုံးလှပကြည့်ကောင်းစေတဲ့စွယ်စုံအသုံးပြုနိုင်တဲ့မိတ်ကပ်တွေပဲ ဖြစ်ပါတယ်။ သူတို့အတော်များများမှာနေလောင်ဒါဏ်ကာကွယ်ပေးနိုင်တဲ့ SPF အနည်းဆုံး၁၅လောက်ပါဝင်ပါသေးတယ်။ မျက်နှာသစ်ပြီးသန့်စင်ပြီးသားမျက်နှာနဲ့လည်ပင်းတို့ကိုခရင်မ်လေးတွေအသာအယာလိမ်းပေးပါ။ အစက်ရှိတဲ့နေရာတွေကိုထူထူလေးလိမ်းပေးနိုင်ပါတယ်။ သင့်အသားအရေဘယ်လောက်ပြောင်းလဲသွားတယ်ဆိုတဲ့အပေါ်မူတည်ပြီးအခါတိုင်းကိုယ်ဝန်မရှိခင်သုံးနေကျမိတ်ကပ်ခြယ်သတဲ့အရောင်နဲ့အနည်းငယ်မတူကွဲပြားတဲ့အရောင်တွေ၊ခြယ်သပုံတွေကိုသုံးပေးနိုင်ပါတယ်။

    တခဏလေးအတွင်းမှာတောက်ပမှုကိုဖန်ဆင်းမယ်

    ချစ်စရာရင်သွေးလေးမွေးဖွားပြီးချိန်မှာရောအခုအချိန်အတွက်ပါ blusher ပါးနီမှုန့်လေးတွေကသင့်ရဲ့အဖော်မွန်ပါ။ သင့်မျက်နှာလေးတင်းတင်းရင်းရင်းရှိစေဖို့၊မျက်ဝန်းလေးတွေတောက်ပဖို့နဲ့အိပ်ရေးပျက်တဲ့ပုံမပေါက်စေဖို့အတွက် blusher ထက်ပိုပြီးသင့်ကိုကူညီပေးနိုင်တဲ့သူမရှိပါဖူး။ တကယ်လို့သင်အချိန်မရဖူးဆိုရင် blusher ခရင်မ်လေးဒါမှမဟုတ်ပါးနီလေးကိုအသာလေးတို့ပေးလိုက်ခြင်းအားဖြင့်သင့်မျက်နှာလေးဟာလန်းဆန်းနေတဲ့ပုံပေါ်သွားမှာဖြစ်ပြီးအသားအရေကလည်းတခဏအတွင်းမှာကိုတောက်ပလာမှာပါ။ သူ့ကိုမျက်နှာပေါ်တိုက်ရိုက်လိမ်းနိုင်သလို BB cream ဒါမှမဟုတ် tinted moisturizer ပေါ်မှာထပ်ပြီးတော့လည်းလိမ်းနိုင်ပါတယ်။ အမှုန့်ပုံစံလေးတွေဟာအသားအရေကိုသဘာဝပိုဆန်စေမှာဖြစ်သလိုခရင်မ်ပုံစံကလည်းအသားအရေခြောက်သွေ့တတ်သူတွေမှာကြာရှည်ပိုခံမှာဖြစ်ပါတယ်။blusher နည်းနည်းကိုလက်ထိပ်မှာတို့ပြီးယူလိုက်ပါ။ ပြီးရင်ပါးစပ်ကို ပြုံးလိုက်ပြီးပါးမို့မို့လေးမှာအသာအယာတို့ပါ။ ကိုယ်လိုချင်တဲ့အရောင်အနေအထားရတဲ့အချိန်ထိလိုက်ညှိပေးပါ။ ပုံမှန်ထက်ပိုတောက်ပအောင်သင်ခြယ်သကောင်း ခြယ်သပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement