backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ခံစားရတဲ့ စိတ်ဝေဒနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ခံစားရတဲ့ စိတ်ဝေဒနာများ

    ရင်သွေးငယ်လေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်မေမေတွေဟာ စိတ်ဖိစီးမှုဒါဏ်ခံကြရလေ့ရှိပါတယ်တဲ့။ အမျိုးသမီး ၇၀% သောမေမေတွေဟာ ဒီဝေဒနာကို ခံစားကြရလေ့ရှိပါတယ်။ ၇၀% ဆိုတာ အလွန်များပြားတဲ့ ပမာဏဖြစ်ပါတယ်နော်။

    များသောအားဖြင့် လူအများအပြားဟာ ကိုယ်ဝန်ဆောင်ချိန် မိခင်တွေကို ပျော်ရွှင်နေကြတယ်၊ အခွင့်အရေးတွေ လိုသလိုရနေတတ်တယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ စိတ်ချမ်းသာနေမယ်၊ ပျော်ရွှင်နေလိမ့်မယ်လို့ တွေးလေ့ရှိပါတယ်။ တကယ်တော့ ဒီအချက်ဟာ မှားပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အလွန်စိတ်ဖိစီးမှုများတတ်ပါတယ်။ ဒါကြောင့်လည်း စိတ်ဖိစီးမှုဝေဒနာကို ဖျောက်ဖို့ ချဉ်ခြင်းတက်တာမျိုး၊ ဂျီကျတာမျိုးတွေဖြစ်လာတတ်တာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထဲက ၂၀% လောက်ဟာ အလွန်အမင်းပြင်းထန်တဲ့ စိတ်ဖိစီးမှုဝေဒနာမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

    ဒီလိုရင်ဆိုင်ရပြီဆိုရင် စိတ်ဓာတ်ကျတာမျိုး၊ သောကများနေတာမျိုး၊ စိတ်ဖိစီးမှုများနေတာမျိုး၊ ဝမ်းနည်းနေတာမျိုး၊ မျှော်လင့်ချက်မဲ့နေတာမျိုး၊ အဆိုးတွေပဲ တွေးနေတာမျိုး၊ ကောင်းကောင်းအိပ်မရတာမျိုး၊ အာရုံစူးစိုက်မှုနည်းပါးလာတာမျိုး၊ အစာစားချင်စိတ်ပျောက်သွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဂရုစိုက်ဖို့ သတိရှိဖို့ လိုအပ်ပါတယ်။

    စိတ်ဖိစီးမှုဖြစ်စေသည့် အကြောင်းအရင်းများ

    များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုဖြစ်စေရတဲ့ အကြောင်းအရင်းအတော်များများ ရှိတတ်ပါတယ်။ အများဆုံးဖြစ်စေတဲ့ ပြဿနာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • နဂိုမူလကတည်းက စိတ်ဖိအားတစ်စုံတစ်ရာ ရှိနေတတ်တာ
    • စိတ်ဖိစီးမှုဖြစ်ဖူးတဲ့ နောက်ကြောင်းရာဇဝင်ရှိခဲ့ဖူးတာ
    • Premenstrual dysphoric disorder ရှိဖူးတာ
    • ကိုယ်ဝန်ဆောင်ချိန် အသက်အရွယ် (အသက် ငယ်လွန်း၊ ကြီးလွန်းတာ)
    • ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးအခြေအနေ
    • မိသားစု ပံ့ပိုးမှုအခြေအနေ
    • ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး သုံးစွဲဖူးတာ (သို့) သုံးစွဲနေတာ
    • အထီးကျန်ဆန်နေတာ (သို့) တစ်ဦးတည်းနေထိုင်နေရတာ
    • ပတ်ဝန်းကျင်ရဲ့ ဖေးမမှုအခြေအနေ
    • အိမ်တွင်းအကြမ်းဖက်မှု (သို့) မိသားစု အဆင်မပြေမှု တစ်စုံတစ်ရာရှိနေတာ
    • ကိုယ်ဝန်နဲ့ ပတ်သက်ပြီး မရေမရာဖြစ်နေတာစတဲ့ အကြောင်းအရင်းတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

    တစ်ချို့က အချက်တစ်ချက်လောက်နဲ့သာ ကိုက်ညီတတ်ပေမယ့် တစ်ချို့တွေက အချက်တော်တော်များများနဲ့ ကိုက်ညီနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ အလွန်သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်မေမေမှာ စိတ်ဖိစီးမှုများလာပြီဆိုရင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ဆက်ဝင်လာဖို့ အလွန်နီးစပ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေဟာ စိတ်ပိုင်းဆိုင်ရာအရ အနုနယ်ဆုံးအချိန် ဖြစ်နေတတ်တာကြောင့်ပါ။ တကယ်လို့ စိတ်ကျန်းမာရေးမထိခိုက်ရင်တောင်မှ အဆိုပါစိတ်ဖိစီးမှုတွေကြောင့် ရင်သွေးငယ်တွေမှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။

    မေမေတေို့ စိတ်ကျန်းမာနေဖို့ဆိုရင်

    ကိုယ်ဝန်ဆောင်မေမေတွေမှာ စိတ်ဖိစီးမှုများစေဖို့နဲ့ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ရှိနေဖို့ဆိုရင် ကိုယ်ဝန်ဆောင်နေချိန်မှာ ဂရုစိုက်မှုပြုတာအပြင် ကြိုတင်အစီအစဉ်ချ ပြင်ဆင်ထားတာမျိုးတွေလည်း ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ မိခင်သာမက မွေးဖွားလာမယ့် ရင်သွေးငယ်ပါ ကျန်းကျန်းမာမာ ရှိနေမှာဖြစ်ပါတယ်။

    မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်နေချိန်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်ရရင် မွေးလာတဲ့ ရင်သွေးငယ်မှာ နှလုံးရောဂါနဲ့ အရိုးမူမမှန်တဲ့ ရောဂါတွေ စွဲကပ်လာနိုင်ခြေအလွန်မြင့်မားပါတယ်။ ဒါကြောင့် မိမိမှာ ကိုယ်ဝန်ရှိနေကြောင်း သိရှိရပြီဆိုတာနဲ့ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်နေအောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

    • GP ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပါ။
    • ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ လတ်တလော သုံးစွဲနေတဲ့ ဆေးဝါးတွေအကြောင်း ပြောပြပါ။
    • ကိုယ့်ရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဖိစီးမှုဖြစ်နိုင်၊ မဖြစ်နိုင် တိုင်ပင်ပါ။
    • တကယ်လို့ လတ်တလော ကိုယ့်မှာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေရှိနေရင် ကိုယ်ဝန်ယူဖို့ ဖြစ်နိုင်မဖြစ်နိုင် ဆွေးနွေးပါ။
    • Pre-pregnancy သို့ Pre-conception နဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပါ။
    • စားသောက်နေထိုင်မှုပုံစံကို ဆရာဝန်နဲ့ တိုင်ပင်ပြင်ဆင်ပါ။
    • ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
    • ကိုယ့်အတွေးအမြင် ယူဆချက်တွေကို မိသားစု၊ ခင်ပွန်းဖြစ်သူနဲ့ အသိမိတ်တွေတွေထံ မျှဝေပါ။
    • လိုအပ်တယ်လို့ ယူဆရင် စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေဆီက အကြံဉာဏ်ရယူပါ။
    • ဆရာဝန် အကြံပြုချက်ရယူပြီး Fluoxetine ၊ Paroxetine ၊ Sertraline တို့ပါဝင်တဲ့ ဆေးဝါးတွေမှီဝဲပါ။

    ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာသာမက ရင်သွေးငယ်ကို ဖွားမြင်ပြီးချိန်မှာလည်း ဒီလို စိတ်ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် မိခင်တွေကို စိတ်ဓာတ်မကျအောင်၊ စိတ်မပင်ပန်းရအောင် ဂရုတစိုက် ကူညီဖေးမပေးဖို့ လိုအပ်ပါတယ်နော်။ ဒါမှ ရင်သွေးရော မိခင်ပါ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement