backup og meta

ကိုယ်ဝန်ဆောင်နှင့် အော်တစ်ဇင် ရောဂါတို့အကြောင်း သိကောင်းစရာများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နှင့် အော်တစ်ဇင် ရောဂါတို့အကြောင်း သိကောင်းစရာများ

    အော်တစ်ဇင် ဘာလို့ ဖြစ်တာလဲ။

    သုတေသန ပညာရှိများ အနေနဲ့ အော်တစ်ဇင်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းခံတွေကို ရှာဖွေနေဆဲပဲ ဖြစ်ပါတယ်။ လတ်တလော လေ့လာတွေ့ရှိချက်တွေအရတော့ မျိုးရိုးဗီဇအရ နဂိုထဲက အော်တစ်ဇင်ဖြစ်ဖို့ အခွင့်အလမ်းရှိတဲ့ ကလေးတွေမှာဆိုရင် သန္ဓေသားမျိုးအောင်တဲ့အချိန်၊ကိုယ်ဝန်ဆောင်တဲ့အချိန် နဲ့ မွေးဖွားနေဆဲ အချိန်တွေမှာ ဖြစ်ပေါ်တဲ့ ပြောင်းလဲမှုတွေဟာ အော်တစ်ဇင်ကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။

    သံဓါတ်အားဆေးတွေ များများသောက်ရင် အော်တစ်ဇင် ကို ကာကွယ်ပေးနိုင်သလား။

    ၂၀၁၄ ခုနှစ်အတွင်းက သုတေသန ပြုချက်တခုအရ သံဓါတ်ချို့တဲ့နေတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ အော်တစ်ဇင်ဖြစ်နိုင်ချေ ပုံမှန်ထက် ငါးဆပိုများတယ်လို့ဆိုပါတယ်။ တကယ်လို့ မိခင်က အသက် ၃၅နှစ်အထက် ဖြစ်နေမယ် ဒါမှမဟုတ် အဝလွန်တာ၊သွေးတိုးဆီးချိုရှိတာ စတဲ့ အခြေအနေတွေပါ ရှိနေမယ်ဆိုရင် ပိုလို့တောင်ဖြစ်နိုင်ချေ များပါတယ်။ သံဓါတ်ဟာ သန္ဓေသားလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ် တမျိုးဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ တဝက်လောက်ဟာ သံဓါတ် လုံလောက်စွာ မရရှိပါဘူး။

    ကလေးမှာအော်တစ်ဇင်ရောဂါပိုဖြစ်နိုင်မှုတို့ကြားမှာ ဆက်သွယ်မှုရှိမရှိကို ပထမဆုံးလေ့လာတဲ့ သုတေသန ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ သံဓါတ်ချို့တဲ့ခြင်းဟာ အော်တစ်ဇင်ရောဂါဆီ ဦးတည်နေသလားဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သံဓါတ်ဟာ သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း ကောင်းစွာကြီးထွား ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် အရေးကြီးတယ်ဆိုတာကိုတော့ သိရှိခဲ့ရပါတယ်။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်မှာပဲ ဖြစ်ဖြစ် ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ကာလမှာပဲဖြစ်ဖြစ် သံဓါတ်အားဆေးတွေကို လုံလုံလောက်လောက် သုံးစွဲဖို့နဲ့ သံဓါတ်ကြွယ်ဝတဲ့ အစာတွေ(ဥပမာ။ ။ အသားတွေ၊ပင်လယ်စာတွေ၊ကြက်ဥ၊ဘဲဥတွေ၊သံဓါတ်ဖြည့်ထားတဲ့ ပေါင်မုန့်တွေ၊ဂျုံနဲ့ လုပ်ထားတဲ့အစားအသောက်တွေ) ကို စားဖို့ အထူးပဲ အရေးကြီးလှပါတယ်။

    ကျောရိုးထဲ ထုံဆေးထိုးခြင်းဟာ အော်တစ်ဇင်ကို ပိုဖြစ်စေသလား။

    ၂၀၁၄ ခုနှစ်အတွင်းကပဲ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ မီးဖွားချိန်မှာ မိခင်ကြွက်မကြီးရဲ့ ကျောရိုးထဲကို ထုံဆေးထိုးခြင်းဖြင့် မွေးဖွားလာတဲ့ ကြွက်ကလေးတွေရဲ့ ဦးနှောက်ထဲမှာ ကလိုရွိုက်ဆားတွေရဲ့ ပမာဏမြင့်တက်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို မြင့်တက်နေခြင်းဟာ အော်တစ်ဇင်ရောဂါကို ပိုမိုဖြစ်ပွားစေတဲ့ အချက်တခုဖြစ်တယ်လို့ သုတေသနပညာရှင်ကဆိုပါတယ်။

    ကလိုရွိုက်ပမာဏ များပြားခြင်းဟာဆိုရင် မိခင်ရဲ့ သားအိမ်ထဲမှာ သန္ဓေသားဦးနှောက် ဖွံ့ဖြိုးဖို့အတွက် တကယ်ပဲ အရေးကြီးပါတယ်။ မွေးဖွားခါနီး မိခင်ဗိုက်နာနေချိန်နဲ့ မီးဖွားနေစဉ် အချိန်တွေမှာ သားအိမ်ညှစ်ခြင်းကို ဖြစ်စေတဲ့ oxytocin ဆိုတဲ့ ဟော်မုန်းနဲ့ ကလေးဟာ ထိတွေ့နေရပါတယ်။ Oxytocin ဟော်မုန်းဟာ ဆီးများများ သွားစေတဲ့ အာနိသင်ရှိတဲ့အတွက် ကလေးရဲ့ ခန္တာကိုယ်ထဲမှာရှိတဲ့ ကလိုရွိုက် ပမာဏကို သဘာဝအလျောက် နည်းသွားစေပါတယ်။ ကျောရိုးထဲ ထုံဆေးထိုးခြင်းဟာ Oxytocin ဟော်မုန်းထွက်လာတာကို ဝင်ရောက်နှောင့်ယှက်တဲ့အတွက် မွေးကင်းစကလေးဟာ ကလိုရွိုက်ပမာဏ မြင့်မားစွာ ဆက်လက်ရှိနေပါလိမ့်မယ်။ ဒီတွေ့ရှိမှုဟာ ၂၀၁၂ ခုနှစ်အစောပိုင်းက အော်တစ်ဇင် ကလေးအယောက်၆၀မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ အဆိုပါကလေးတွေကို ဆီးဆေးပေးပြီး ကလိုရွိုက်ပမာဏကျဆင်းသွားစေတဲ့အခါ ရောဂါလက္ခဏာတွေ သက်သာလာတာ၊အမူအကျင့်ပိုင်းဆိုင်ရာ တိုးတက်လာတာတွေကို တွေ့ခဲ့ရတယ်ဆိုတဲ့ အချက်နဲ့ သွားကိုက်ညီနေတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောရိုးထဲ ထုံဆေးထိုးခြင်းနဲ့ ကလိုရွိုက်ပမာဏ ဆက်စပ်မှုဟာ ကြွက်တွေမှာ တွေ့ရှိခဲ့ရတာသာ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေမှာ လေ့လာသုတေသနပြုခြင်းဟာ အရေးပါတယ်ဆိုပေမယ့် လူတွေမှာလည်း ဒီအတိုင်းပဲဖြစ်မယ်လို့တော့ အမြဲတစေ ပုံသေကားကျ မပြောနိုင်ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement