backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) ကဘာလဲ။

Uterine rupture ဆိုတာဟာ သားအိမ်ရဲ့ တစ်နေရာရာမှာ ပြဲသွားတာကို ခေါ်ပါတယ်။ တင်ပဆုံရိုးဖွဲ့စည်းပုံ တွင်ပြသနာရှိတဲ့သူတွေ၊ ကလေးခွဲမွေးထားတဲ့သူတွေ မှာ ဖြစ်လေ့ရှိပါတယ်။ အဲဒီလို ကွဲသွားတာဟာ သားအိမ်ရဲ့ အစိတ်အပိုင်းတစ်ခု(သို့) သားအိမ် အလွှာအားလုံးအပေါ်သက်ရောက်မှု ရှိနိုင်ပါတယ်။

သားအိမ်ကွဲခြင်းဟာ မိခင်ရော၊ ကလေးအတွက်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အများစု သော သားအိမ်ကွဲခြင်းတွေဟာ ကလေးမွေးနေစဉ်အတွင်းမှာ ဖြစ်တတ်ပြီး အရင်က ဗိုက်ခွဲကလေးမွေးခဲ့တာမျိုး၊ အရင်က သားအိမ်ကွဲ ဖူးတာမျိုး မရှိခဲ့ဖူးရင် ဒီလို ဖြစ်ဖို့ ခဲယဉ်းပါတယ်။

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၁/၅၇၀၀ မှ ၁/၂၀၀၀၀ လောက်ထိ သားအိမ်ကွဲတဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ သိပ်မဖွံ့ဖြိုး သေးတဲ့ နိုင်ငံတွေမှာ အဖြစ်များပါတယ်။

ဖြစ်နိုင်တာကတော့ ကလေးမွေးထားတဲ့ အကြိမ်အရေအတွက်များခြင်း၊ မွေးချိန်ကြာမြင့်ခြင်း၊ အဲဒီနေရာတွေမှာ တင်ပဆုံကြွက်သားများ ကျုံ့နှုန်းများခြင်းနဲ့ အရေးပေါ်သားဖွား အခြေအနေတွေကို စမ်းသပ်လုပ်ဆောင်ပေးနိုင်မှုတွေ မရှိခြင်း နဲ့ ဆက်နွယ်မှုရှိပြီး နှင့် ကလေးနဲ့ အမေအတွက် အသက်အန္တရာယ်ပေးနိုင်ပါတယ်။

သားအိမ်ကွဲခြင်း ဖြစ်တာကို ဖြစ်ဖို့ အားပေးနေတဲ့ ချက်တွေကို လျော့နည်းစေခြင်းအားဖြင့် ဒီရောဂါကိုထိန်းချုပ်နိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

လက္ခဏာများ

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သားအိမ်ကွဲခြင်း ရောဂါရဲ့ လက္ခဏာတွေကို မိခင်ဆီမှာ ပြလေ့ရှိပါတယ်။ ဆက်တိုက်ဗိုက်နာခြင်း (သို့) အထူးသဖြင့် မွေးနေစဉ် အချိန်အတွင်းမှာ ခန္ဓါကိုယ်အတွင်းမှ သွေးထွက်ခြင်းတွေတောင် ဖြစ်နိုင်ပါတယ်။ နာတာက အခြားနေရာတွေကိုလည်း ပျံ့နိုင်ပါတယ်။

အခြား လက္ခဏာတွေကတော့

  • နှလုံးခုန်နှုန်းမြန်ခြင်း။
  • သွေးပေါင်ချိန်ကျနေခြင်း။ (ထိန်းလို့ ရတဲ့ အခြေအနေမှ ပြင်းထန်တဲ့အခြေအနေထိ ဖြစ်နိုင်ပါတယ်။)
  • သားအိမ်ညှစ်ခြင်း၊ ကျုံ့ခြင်း အကြိမ်အရေအတွက်နည်းခြင်း။
  • သားအိမ် ကို ဖိရင်နာခြင်း။
  • လေးလံနေသလို၊ တစ်ခုခုဖိထားသလို ခံစားရခြင်း။
  • မတ်တပ်ရပ်နေစဉ်၊ အလေးမချိန် ပိုဆိုးသည်။
  • နေ့တစ်နေ့ရဲ့ အဆုံးပိုင်းမှ ပိုဆိုးခြင်း။
  • လှဲနေရင် သက်သာခြင်း။

အပေါ်မှာ ဖော်ပြထားတဲ့ ရောဂါ လက္ခဏာတွေထဲမှာ မပါတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ ပတ်သတ်ပြီး သိလိုတာရှိပါက ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင် ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်မှာ ဆက်လက်ဖော်ပြမယ့် အချက်တွေ သင့်မှာရှိနေပါက ဆရာဝန်နဲ့ ပြသင့်ပါပြီ။

  • ဝမ်းဗိုက်နာခြင်း။
  • မိန်းမကိုယ်မှ သွေးယိုခြင်း၊ သွေးထွက်ခြင်း။
  • ကလေးရဲ့ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း။

နောက်ဆက်တွဲတွေကို ရှောင်ရှားနိုင်ဖို့ သင့်မှာအရင်က သားအိမ်ကွဲခြင်း ဖြစ်ခဲ့တယ်ဆိုရင် ဆရာဝန်ကို ကြိုပြောပြထားရပါမယ်။

အကြောင်းရင်းများ

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

သားအိမ်ကွဲခြင်း ကို ဖြစ်စေနိုင်တဲ့ တိကျသေချာတဲ့ အကြောင်းအရင်း တော့ မရှိပါဘူး။

ဒါပေမယ့် အောက်မှာ ဆက်လက်ဖော်ပြမယ့် အခြေအနေတွေရှိတဲ့ အမျိုးသမီးတွေမှဖြစ်တတ်တာတွေ့ရပါတယ်။

  • တင်ပဆုံ ကြွက်သားအားနည်းခြင်း။
  • တင်ပဆုံမှ အပေါ်ကိုရောက်နေအောင် သားအိမ်ကို ထိန်းထားပေးတဲ့ အရွတ်တွေမှာ ချို့ယွင်းချက်တွေရှိနေခြင်း။
  • ကြွက်သားတွေပျက်စီးနေခြင်း၊ အာရုံကြောကြွက်သား အဖွဲ့အစည်း အလုပ်ကောင်းကောင်း မလုပ်နိုင်ခြင်း၊နှင့် နဲ့ သားအိမ်မှာ ရှိတဲ့ တစ်ရှုးတွေ မကောင်းခြင်း။
  • မွေးရာပါ ချို့ယွင်းချက်ရှိနေခြင်း။ အချို့သော မိန်းမတွေဟာ မွေးတည်းက သားအိမ်အတွင်းမှာ ပုံမမှန်တဲ့ တည်ဆောက်ပုံ နဲ့ မွေးဖွားလာ တတ်ပါတယ်။
  • ကိုယ်ဝန်ဆောင်ခြင်းတွေမှာ ပုံမမှန်တဲ့ အချင်းတွယ်ဆက်မှုဖြစ်နေခြင်း။
  • ပြင်ပမှ ထိခိုက်မှု တစ်ခုခုဖြစ်ခြင်း။( ဥပမာ- ယာဉ်တိုက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊သေနတ်ပစ်ဒဏ်ရာ၊ စသည်။)
  • သာဒဖွားစဉ် အရေးပေါ် အခြေအနေများ ဖြစ်တဲ့ သားအိမ်အတွင်း လက်ထည့်ပြီး ကလေးခေါင်းကို တည့်ခြင်း၊ ကလေးတင်ပါး အပိုင်းမှ စထွက်လာပြီးမွေးခြင်း၊ကိရာယာဖြင့် ဆွဲထုတ်မွေးခြင်း၊ အချင်းကို လက်ဖြင့် နှိုက်ထုတ်ခြင်းတို့ ရှိခြင်း။

ဖြစ်နိုင်ခြေများ

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သားအိမ်ကွဲခြင်းကို ဖြစ်စေနိုင်တဲ့ တိကျတဲ့အချက်တွေကို ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ပေမယ့် ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကိုတော့ သိနိုင်ပါတယ်။

သားအိမ်ကွဲခြင်းဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေ အများကြီးရှိပါတယ်။

  • ကလေးအများကြီးမွေးဖူးခြင်း။
  • ပုံမှန် ရိုးရိုးမွေးလမ်းကြောင်း မှ မွေးခြင်း။
  • အသက်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်း။
  • ရောဂါ အခြေအနေ တစ်ခုခု(သို့) ဆေးကုသမှု တစ်ခုခု ကြောင့် အီစထရိုဂျင် ဟော်မုန်းနည်းသွားခြင်း။
  • အရင်က တင်ပဆုံ ခွဲစိတ်မှုပြုလုပ်ဖူးခြင်း။
  • ဆေး သောက်သုံးခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

သားအိမ်ကွဲခြင်း ကို ရောဂါ အမည်သတ်မှတ်ဖို့ အတွက် အသုံးများတဲ့ ရောဂါအခြေအနေ တွေက တော့

  • ပေါင်ခြံ၊ နောက်ကျောနာကြင်ခြင်း၊ သွေးထွက်ခြင်း၊ (သို့) ဆီးမထိန်းနိုင်ခြင်း အတွက်ကိုယ်ခန္ဓါ စစ်ဆေးချက် ပြုလုပ်ခြင်း။
  • ဗိုက်ထဲက ကလေးရဲ့ နှလုံးခုန်နှုန်းကို စစ်ဆေးခြင်း။

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ

  • တင်ပဆုံနားရှိကြွက်သားများ လေ့ကျင့်ခန်း လုပ်ပေးခြင်းများ။
  • မိန်းမကိုယ်အီစထရိုဂျင် ဟော်မုန်း ပေးပြီး ကုသခြင်း။
  • သားအိမ်ကို ထောက်အပံ့ပေးတဲ့ ဆေးပညာသုံးကိရိယာ တစ်ခုကိုသုံးပြီး ကုသခြင်း။

ခွဲစိတ်ကုသမှု တွေ အနေနဲ့

  • ခွဲစိတ်ပြီး သားအိမ်ဖယ်ထုတ်ခြင်း။
  • ဆီးမထိန်းနိုင်ခြင်း၊ မိန်းအကိုယ် အစတ်အပိုင်းထဲသို့ ဆီးအိတ်၊ စအို၊ အူ စသည်တို့ ကျွံလာခြင်း စသည်တို့ရှိပါက နောက်ထပ် ခွဲစိတ်ကုသမှုတွေကို စဉ်းစားသင့်ပါတယ်။
  • မိန်းမကိုယ်ကြွက်သားတွေ လျော့ရွဲပြီး အောက်ကျလာတာကို ထိန်းသိမ်းပြုပြင်ပေးခြင်း။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။

သားအိမ်ကွဲခြင်းကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?

အောက်ပါ အကြံပြုချက်တွေကို လိုက်နာခြင်းအားဖြင့်ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။

  • အလေးအပင် ဖြစ်စေမယ့် အလုပ်တွေကို ရှောင်ပါ။
  • ဆေးပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူက ညွှန်ကြားတဲ့ ဆေးတွေကိုသာ သောက်သုံးပါ။
  • နေ့စဉ် (သို့) ကိုယ်ဝန်ဆောင်စဉ်အတွင်း လေ့ကျင့်ခန်း အနည်းငယ် ပုံမှန် လုပ်ဆောင်ပေးပါ။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement