backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Abortion (ကိုယ်ဝန်ဖျက်ချခြင်း)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Abortion (ကိုယ်ဝန်ဖျက်ချခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကဘာလဲ။

ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာကိုယ်ဝန်ကိုစောစီးစွာအဆုံးသတ်လိုက်ခြင်းကိုခေါ်ပါသည်။ သန္ဓေသား နှင့် အချင်းကိုသားအိမ်မှ ဖယ်ရန် ဆေးများသို့မဟုတ် ခွဲစိတ်ကုသခြင်းကိုအသုံးပြုနိုင် ပါသည်။ ဤလုပ်ငန်းကိုလိုင်စင်ရထားသောကျန်းမာရေးပညာရှင် မှ လုပ်ကိုင်နိုင်ပါသည်။

Abortion (ကိုယ်ဝန်ဖျက်ချခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကိုယ်ဝန်ဖျက်ချခြင်းသည် သင်၏ရွေးချယ်မှု အပေါ် မူတည်သောကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုဖြစ်ပါသည်။ အန္တရာယ်ရှိသောအချက်များကိုရှောင်ရှားပြီးကိုယ်ဝန်ဖျက်ချခြင်းကိုစီမံနိုင်ပါသည်။ ပိုမိုသောအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။

လက္ခဏာများ

Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့ရများသောလက္ခဏာများမှာသွေးဆင်းခြင်း၊ အချိန်အပိုင်းအခြားတစ်ခုဖြင့် နာကျင်ခြင်းသို့မဟုတ် မသက်မသာ ဖြစ်ခြင်းတို့ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချပြီးနောက် ၁၄ ရက်အထိသွေးဆင်းခြင်းနှင့် အချိန်အပိုင်းအခြားတစ်ခုဖြင့် နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါသည်။

အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါလက္ခဏာများပေါ်ပေါက် လာပါကဆရာဝန်နှင့် ဆက်သွယ်ပါ။

  • ကိုယ်အပူချိန် မြင့်တက်ခြင်း
  • မိန်းမအင်္ဂါမှ အညစ်အကြေးများဆင်းခြင်း
  • အနာသက်သာဆေးများသောက်သော်လည်းမသက်သာသောဝမ်းဗိုက်ပိုင်းနာကျင်ခြင်း

ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘယ်အချိန်မှာ ကိုယ်ဝန်ဖျက်ချကြသလဲ။

မလိုချင်သောကိုယ်ဝန်ကိုလွယ်ထားရသောကိုယ်ဝန်ဆောင်အမျိုးသမီးကဆုံးဖြတ်သောအခါနှင့် မွေးရာပါချို့ယွင်းချက်များပါလာသောကလေးကိုမမွေးလိုသောအချိန်များတွင် ကိုယ်ဝန်ဖျက်ချမှုကိုပြုလုပ်ပါသည်။

Risk factors

ငါ့ဆီမှာ Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကိုယ်ဝန်ဖျက်ချခြင်းကိုဖြစ်ပွားနိုင်ချေမြင့်စေသည့် အကြောင်းရင်းများများစွာရှိပါသည်။ ဥပမာ-

  • ကိုယ်ဝန်တားနည်း မအောင်မြင်ခြင်း။
  • မွေးရာပါ ချို့ယွင်းချက်များပါလာသည့် ကလေးကိုမမွေးဖွားရန် ကာကွယ်ခြင်း
  • အဓမ္မကျူးလွန်ခံရခြင်း နှင့် သွေးသားအရင်းချင်း ကျူးလွန်ခြင်း မှ ရရှိလာသောကိုယ်ဝန်
  • ကိုယ်ဝန်ဆက်လက်ထားရှိပါကမိခင်၏ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သောရုပ်ပိုင်းဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာအခြေအနေများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအဖြေရှာခြင်း

ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဆရာဝန်သည် သင့်၏ ဆေးမှတ်တမ်းအားမေးမြန်းပြီးသင့်အား ခန္ဓါကိုယ် စစ်ဆေးမှု ပြုလုပ်ပါမည်။ ကိုယ်ဝန်ရှိကြောင်းသေချာရန် ဓါတ်ခွဲခန်းစမ်းသပ်ချက်များကိုလည်း ပြုလုပ်နိုင် ပါသည်။ ကိုယ်ဝန် ဘယ်နှစ်လရှိသည်ကို ultrasound ရိုက်ခြင်းဖြင့် သိနိုင်ပါသည်။

ကိုယ်ဝန်ဖျက်ချခြင်းသည် ဘယ်လိုဖြစ်ပွားပါသလဲ။

ကိုယ်ဝန်ဖျက်ချခြင်းသည် ကိုယ်ဝန် ဘယ်နှစ်ပတ်ရှိသည့်အပေါ်တွင် မူတည်ပါသည်။

  • Misoprostol, mifepristone, methotrexate ကဲ့သို့သောဆေးများဖြင့် ကိုယ်ဝန် ဖျက်ချ ခြင်း
  • ခွဲစိတ်မှုဆိုင်ရာကိုယ်ဝန်ဖျက်ချခြင်း။ ဥပမာ- vacuum ဖြင့်စုပ်ယူခြင်း၊ သားအိမ်ခြစ်ခြင်း

၉ပတ်နောက်ပိုင်းတွင်မူခွဲစိတ်ခြင်းဖြင့်သာဖျက်ချ၍ ရပါသည်။

Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကို ဘယ်လိုကုသပါသလဲ

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကိုယ်ဝန်ဖျက်ချခြင်းကိုထိန်းချုပ်ရန်ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်ကိုယ်ဝန်ရခြင်းကိုကာကွယ် ရန်အကူအညီပေးနိုင်ပါသည်။

  • လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုပါ။
  • ကိုယ်ဝန်ယူရန်သေချာသောအစီအစဉ် ထားရှိပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement