backup og meta

ကိုယ်ဝန်ဆောင် ဆိုရီရေးစစ်ရောဂါကုသမှု အကြောင်းသိကောင်းစရာ


Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် ဆိုရီရေးစစ်ရောဂါကုသမှု အကြောင်းသိကောင်းစရာ

    ကံကောင်းစွာပင် ဆိုရီရေးစစ်ရောဂါသည် ကလေးရနိုင်စွမ်းကို မထိခိုက်စေပါ။ ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းတွင် ဆိုရီရေးစစ်ကုသမှုပေးလျှင် သတိထားဖို့ လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်တွင် မည်သည့် ဆိုရီရေးစစ်ကုသမှုမျိုးမဆို မစတင်ခင် ဘယ်နည်းလမ်းက စိတ်ချရမလဲဆိုတာကို ဆရာဝန်နဲ့ အရင်ပြသတိုင်ပင်ဖို့ အရေးကြီးပါသည်။

    ဆိုရီရေးစစ်ဆိုသည်မှာ အဘယ်နည်း။

    ဆိုရီရေးစစ်ဆိုသည်မှာ အရေပြားဆဲလ် ဖြစ်စဉ်အပေါ် သက်ရောက်မှုရှိသော ဖြစ်တတ်သည့် အရေပြား ရောဂါတစ်မျိုးဖြစ်သည်။ ဆိုရီရေးစစ်သည် အရေပြားမျက်နှာပြင်ပေါ်တွင် ဆဲလ်များ အလျင်အမြန်တည်ဆောက်ခြင်းကို ဖြစ်ပေါ်စေသည်။ အရေပြားဆဲလ်အပိုများသည် ထူထဲသော ငွေရောင်အကြေးခွံများကို ဖြစ်ပေါ်စေပြီး ယားယံ၊ ခြောက်သွေ့၊ နီရဲသော အကွက်များ ဖြစ်ပေါ်စေသည်။ ထိုအကွက်များသည် တစ်ခါတစ်ရံ နာကျင်စေသည်။

    ဆိုရီရေးစစ်နှင့် ကိုယ်ဝန်သည်

    အချို့အခြေအနေများတွင် ဆိုရီရေးစစ်ရောဂါသည် ကိုယ်ဝန်ဆောင်ချိန်၌ ပိုသက်သာလာတတ် သော်လည်း အချို့ ကိုယ်ဝန်သည် အမျိုးသမီးများမှာတော့ ပိုဆိုးလာကြောင်း တွေ့ရှိရသည်။ တစ်ဦးချင်းစီနှင့် ကိုယ်ဝန်အပေါ်တွင် မူတည်ပြီး ဆိုရီရေးစစ် အရေပြားရောဂါသည် ပိုကောင်းလာနိုင်သလို ပိုလည်းဆိုးလာနိုင်ပါသည်။

    ဆိုရီရေးစစ်ကြောင့်ဖြစ်သော အဆစ်ရောင်ခြင်းနှင့် ကိုယ်ဝန်ဆောင်

    ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးဝါးအသုံးပြုခြင်းကို ကန့်သတ်ထားပါသည်။ သို့သော် ဆိုရီရေးစစ် အဆစ်ရောင်ပြဿနာပါ ခံစားနေရချိန်မှာတော့ ဆေးဝါးသောက်သုံးခြင်းကို ကန့်သတ်ဖို့ မဖြစ်နိုင်တော့ပါ။ ကိုယ်ဝန်မယူခင်နှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုက်ခဲနာကျင်မှု သက်သာစေရန် စိတ်ချရသော ဆေးဝါးကို ညွှန်းပေးဖို့ အတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဆိုရီရေးစစ်နှင့် ကလေးမွေးဖွားခြင်း

    သင့်အခြေအနေကို သိဖို့အတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။ အမျိုးသမီးများသည် သူတို့ ကလေးမွေးပြီးချိန်တွင် ဆိုရီရေးစစ်ရောဂါကို ခံစားရသည်။ အကယ်၍ သင်သည် မျိုးပွားအင်္ဂါတွင် ဆိုရီရေးစစ်ဖြစ်နေပြီး ကလေးကို သဘာဝအတိုင်း မိန်းမကိုယ်မှ မွေးဖွားလိုလျှင် ဆရာဝန်ကို အသိပေးဖို့ အရေးကြီးပါသည်။ လေ့လာမှုများက ဆိုရီရေးစစ်ရှိသော မိခင်မှ မွေးဖွားလာသော ကလေးများသည် ရောဂါမရှိသော မိခင်၏ ကလေးများထက် ပေါင်မပြည့်ဘဲမွေးနိုင်ချေ ပိုများပါသည်။ သို့သော် မပြင်းထန်သော ဆိုရီရေးစစ်ရောဂါ ခံစားရသော အမျိုးသမီးများတွင်တော့ ပေါင်မပြည့်မွေးနိုင်ချေ အန္တရာယ်ပိုမများသွားပါ။

    ကိုယ်ဝန်ဆောင်ချိန် ဆိုရီရေးစစ်ရောဂါကုသမှု

    ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွင် ဆိုရီရေးစစ်ကုသမှု အာနိသင်အကြောင်း လေ့လာထားမှု များများစားစားမရှိပါ။ အခြေခံအားဖြင့် ကိုယ်ဝန်ဆောင်စဉ် ကုသမှုအတွက် ပထမဦးဆုံးရွေးချယ်မှုသည် အစိုဓါတ်ထိန်းခရင်မ်နှင့် emollient ခရင်မ် (ဥပမာ။ ။ petrolatum jelly) ကဲ့သို့သော လိမ်းဆေးများ ဖြစ်သင့်သည်။ စတီးရွိုက်လိမ်းဆေးများသည်လည်း အသုံးပြုဖို့အတွက် စိတ်ချရပုံရှိပါသည်။ သို့သော် မိခင်များသည် ရင်သားတွင် ဆေးလိမ်းလျှင် မိခင်နို့တိုက်စဉ် ကလေးဆီသို့ ဆေးမရောက်ရှိစေရန် အထူးဂရုစိုက်ဖို့လိုအပ်သည်။

    ဒုတိယအနေဖြင့် လှိုင်းအလျား 311 မှ 312nm အတွင်းတွင်ရှိသော ခရမ်းလွန်ရောင်ခြည်ဘီ ကုသမှုသည် နောက်ထပ်ရွေးချယ်မှုတစ်ခုဖြစ်သည်။ အကယ်၍ ထိုကုသမှုကို မရရှိနိုင်လျှင် လှိုင်းအလျား 280 မှ 320nm အတွင်းတွင်ရှိသော ခရမ်းလွန်ရောင်ခြည်ဘီ ကို အသုံးပြုနိုင်ပါသည်။ ဆိုရီရေးစစ်ကုသမှုတွင် အသုံးပြုသော အပင်မှရသည့် ဒြပ်ပေါင်း Psoralen နှင့် ခရမ်းလွန်ရောင်ခြည်အေကိုတော့ ရှောင်ကြဉ်သင့်ပါသည်။

    အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိခင်နို့ထဲတွင် ပါဝင်နိုင်ပြီး ကလေးတွင် နေရောင်ခြည်ဒဏ်မခံနိုင်ခြင်း၊ ထိခိုက်လွယ်ခြင်း ဖြစ်စေသောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ်နှင့် မိခင်နို့တိုက်စဉ်တွင် မလိုအပ်ဘဲ ဆေးဝါးအသုံးပြုခြင်းကို မထောက်ခံပါ။ ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်များသည် retinoid ၊ methotrexate နှင့် cyclosporine သောက်ဆေးများကို ရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဆေးများသည် ကလေးမွေးရာပါချို့ယွင်းမှုများနှင့် ဆက်နွယ်နေသောကြောင့် ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement