backup og meta

ကိုယ်ဝန်ဆောင်နဲ့ လိပ်ခေါင်းပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နဲ့ လိပ်ခေါင်းပြဿနာ

    လိပ်ခေါင်းဆိုတာဘာလဲ။

    အူမကြီးအဆုံးပိုင်းနဲ့စအိုတဝိုက်မှာရှိတဲ့သွေးပြန်ကြောတွေဖောင်းကားရောင်ရမ်းတာကိုလိပ်ခေါင်းလို့အလွယ်ခေါ်ကြပါတယ်။ တချို့လူနာတွေမှာဆိုရင်အဲ့ဒီသွေးကြောလေးတွေဟာဖောင်းကားလွန်းနေပြီးအရမ်းတင်းနေတာကြောင့်ပါးလှပ်နေပြီးအပြင်ကိုကျွံထွက်လာတတ်ကာနေရာတာကသိကအောင့်ဖြစ်ပြီးနာကျင်စေပါတယ်(အထူးသဖြင့်အိမ်သာတက်တဲ့အချိန်တွေမှာပေါ့)။ ဒီနာကျင်ပြီးကသိကအောက်ဖြစ်ရတဲ့အခြေအနေဟာကိုယ်ဝန်ဆောင်မိခင်တွေမှာအရမ်းကိုအဖြစ်များလှပါတယ်။ အထူးသဖြင့်ကိုယ်ဝန်၂၇ပတ်နောက်ပိုင်းမှာအဖြစ်များပါတယ်။

    ကိုယ်ဝန်ဆောင်တွေမှာဘာလို့လိပ်ခေါင်းဖြစ်တာလဲ။

    ဝမ်းချုပ်တာကနေပြီးတော့လည်းလိပ်ခေါင်းဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလိပ်ခေါင်းဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းခံကတော့အူမကြီးအဆုံးပိုင်းနဲ့စအိုနားတဝိုက်မှာဖိအားတွေပိုလာလို့ဖြစ်ပြီးဝမ်းချုပ်တာကလည်းတတပ်တအားပါဝင်ပတ်သက်နေပါတယ်။

    လိပ်ခေါင်းရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ။

    လိပ်ခေါင်းရောဂါရဲ့အတွေ့ရများတဲ့လက္ခဏာတွေက

    • စအိုနားတဝိုက်မှာအနေရခက်တာ၊ယားတာဒါမှမဟုတ်နာတာ။
    • အိမ်သာတက်ပြီးသန့်စင်တဲ့အခါသုံးတဲ့တစ်ရှူးမှာဒါမှမဟုတ်အိမ်သာကြွေခွက်မှာသွေးတွေပေနေတာ။
    • စအိုဝတဝိုက်မှာခပ်စိုစိုပန်းရောင်ရှိတဲ့အသားစိုင်တခုရှိနေတာဒါမှမဟုတ်စအိုဝကနေထွက်လာတာ။

    ဘယ်အချိန်မှာဆေးဝါးကုသမှုခံယူရမလဲ။

    စအိုကသွေးထွက်တာဟာဆိုးရွားပြီးအရေးကြီးတဲ့ရောဂါတွေဖြစ်တဲ့အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn’s disease၊ diverticulitis နဲ့အူမကြီးကင်ဆာတွေရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်တဲ့အတွက်သိသိချင်းဆရာဝန်နဲ့ ပြဖို့အရမ်းအရေးကြီးပါတယ်။

    လိပ်ခေါင်းရောဂါမှန်းဘယ်လိုသိနိုင်မလဲ။

    သင့်ရဲ့စအိုတဝိုက်ကိုဆရာဝန်ကစမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ချောဆီသုတ်ထားပြီးလက်အိတ်စွတ်ထားတဲ့လက်ကိုဒါမှမဟုတ်အထူးပြုလုပ်ထားတဲ့ကိရိယာတခုကိုသင့်စအိုထဲထည့်သွင်းပြီးစမ်းသပ်ပါလိမ့်မယ်။ အများဆုံးအသုံးပြုလေ့ရှိတဲ့ကိရိယာကိုစအိုတွင်းထည့်မှန်ပြောင်း (anoscope) လို့ခေါ်ပါတယ်(ဒီမှန်ပြောင်းဟာအလင်းပါတဲ့အခေါင်းပေါက် ပြွန်လေးဖြစ်ပြီးအူမကြီးအဆုံးပိုင်းရဲ့လက်မအနည်းငယ်ကိုလေ့လာကြည့်ရှုနိုင်ပါတယ်)။Proctoscopeလို့ခေါ်တဲ့ကိရိယာဟာanoscopeနဲ့အလုပ်လုပ်ပုံခပ်ဆင်ဆင်တူပြီးသူကတော့အူမကြီးထဲကိုပိုပြီးကောင်းကောင်းမြင်စေနိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ခဲ့ရင်ဒါမှမဟုတ်တခြားသောစအိုကသွေးယိုစေတဲ့ရောဂါတွေဟုတ်မဟုတ်သေချာသိချင်ရင်တခြားစမ်းသပ်စစ်ဆေးမှုတွေကိုလည်းထပ်လုပ်ဖို့လိုကောင်းလိုဦးမှာဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်လိပ်ခေါင်းကြောင့်နာတာကိုဘယ်လိုသက်သာစေမလဲ။

    ကံကောင်းတာကကိုယ်ဝန်ကြောင့်ဖြစ်တဲ့လိပ်ခေါင်းဟာကလေးမွေးပြီးတာနဲ့သူတို့ပါလိုက်ပျောက်သွားတာပဲ ဖြစ်ပါတယ်။

    ကြားကာလမှာနာကျင်တာတွေကိုသက်သာစေဖို့အတွက်အောက်ပါနည်းလမ်းလေးတွေကိုအသုံးပြုနိုင်ပါတယ်။

  • ရေနွေးစိမ်ပါ။ ရေဇလုံထဲရေနွေးသန့်သန့်ထည့်ပြီးတနေ့ကိုအကြိမ်အနည်းငယ်စိမ်ပေးပါ။
  • Witch hazel ဂျဲလ်အရည်ကိုစအိုတဝိုက်လိမ်းပေးပါ။ ကပ်ခွာကိုမကြာခဏလဲပေးပါ။
  • အချိန်အကြာကြီးထိုင်ခြင်းဟာအူမကြီးနဲ့စအိုတဝိုက်ကသွေးပြန်ကြောတွေကိုဖိအားများစေတဲ့အတွက်အကြာကြီးမထိုင်ပါနဲ။ ဘေးတစောင်းအိပ်ရင်အိပ်ဒါမှမဟုတ် ဖြစ်နိုင်ရင်မကြာခဏမတ်တပ်ရပ်ပေးပါ။ အချိန်အတော်ကြာအောင်ထိုင်ပြီးတိုင်းခဏတဖြုတ်နားပါ။ လမ်းထလျှောက်ပါ။
  • ကိုယ်ဝန်ဆောင်မိခင်တွေအတွက်သင့်တော်မယ့်လိပ်ခေါင်းလိမ်းတဲ့ခရင်မ်ကိုသုံးနိုင်ဖို့ဆရာဝန်ကိုမေးမြန်းပါ။ သိထားရမှာကအဲဒီခရင်မ်တွေလိမ်းလို့လိပ်ခေါင်းပျောက်သွားမှာမဟုတ်ဘဲသူတို့ကလိပ်ခေါင်းကြောင့်နာကျင်တာကိုသက်သာစေရုံသာရည်ရွယ်တယ်ဆိုတာကိုပါ။
  • Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement