backup og meta

ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 01/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း

    ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း ဆိုတာဘာလဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း ဆိုတာ ဘာလဲ။

    အတွင်းကလီစာတစ်စိတ်တစ်ပိုင်းက သူတို့ကို ထိန်းထားတဲ့ ကြွက်သား သို့မဟုတ် တစ်သျှူး အတွင်းရှိ အပေါက်မှတဆင့် အပြင်ကို တွန်းထွက်လာတဲ့အခါ အူကျွံခြင်းကို ခံစားရနိုင်ပါတယ်။

    အူကျွံခြင်းဟာ ဝမ်းဗိုက်ပိုင်းနဲ့ ပေါင်ခြံဧရိယာတဝိုက်မှာ အဖြစ်များပေမယ့် ပေါင်အထက်ပိုင်းနဲ့ ဝမ်းဗိုက်အောက်ပိုင်းတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်အတော်များများက အူကျွံခြင်း ဖြစ်နေပေမယ့် နာကျင်မှုကို ခံစားရလေ့ မရှိပါဘူး။ သို့ပေမယ့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မဟုတ်ရင် ပိုမို ဆိုးရွားလာတတ်ပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။

    ကိုယ်ဝန်မဆောင်ခင်နဲ့ ဆောင်နေစဉ်အတွင်း သင်အူကျွံနေပါက ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေကို စစ်ဆေးနိုင်မယ်၊ သင့်တော်တဲ့ ကုသမှုတွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။

    အူကျွံရတဲ့ အကြောင်းအရင်းများ

    အူကျွံခြင်းဆိုတာ ကြွက်သားနံရံတွေ အားနည်းခြင်း သို့မဟုတ် အတူတကွ ဖွံ့ဖြိုးရမယ့် ကြွက်သားတွေ လုံးဝ မပြည့်စုံခြင်းတို့ကြောင့် ဖြစ်ပွားတာပါ။ လူတချို့ကတော့ မွေးကတည်းက တစ်သျှူးတွေ အားနည်းနေတတ်ပါတယ်။ တချို့မှာ ကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ အလေးအပင်တွေ မခြင်း၊ ဝမ်းဗိုက်ထဲ အရည်များခြင်း၊ ဝမ်းဗိုက်အတွင်း ဖိအား မြင့်တက်လာခြင်း၊ ဝမ်းသွားစဉ် သို့မဟုတ် ဆီးသွားစဉ် အားစိုက်ရခြင်း၊ အဝလွန်ခြင်း၊ နာတာရှည် နှာချေ၊ ချောင်းဆိုးခြင်း စတာတွေ ပါဝင်ပါတယ်။

    ဒီထဲမှာ ကိုယ်ဝန်ဆောင်တွေက အူကျွံတာ အဖြစ်များပါတယ်။ ကိုယ်ဝန်လွယ်ထားရတာကြောင့် သူတို့ရဲ့ ကြွက်သားတွေက ဆန့်ထွက်၊ ပါးလျပြီး အားနည်းနေလို့ပါ။

    အူကျွံခြင်းရဲ့ ရောဂါလက္ခဏာများ

    အမျိုးသမီးတချို့မှာ အူကျွံခြင်းရဲ့ ရောဂါလက္ခဏာတွေကို မြင်နိုင် ခံစားရနိုင်ပေမယ့် တချို့မှာတော့ သေချာ မသိရပါဘူး။ တချို့တွေမှာတော့ လှဲချလိုက်တာပဲ ဖြစ်ဖြစ်၊ အဲ့နေရာကို ဖိမိတာပဲ ဖြစ်ဖြစ် တစ်ဆို့ဆို့ ခံစားမှုကို ရတတ်ပါတယ်။

    အူကျွံတဲ့အခါ အပြင်ပိုင်းအရ အရေပြားအောက် တွဲကျနေတာကို မြင်ရတတ်ပါတယ်။ လှုပ်ရှားတဲ့အခါ၊ ကုန်းတဲ့အခါ၊ ပြင်းပြင်းထန်ထန် နှာချေ၊ ချောင်းဆိုး၊ ရယ်တဲ့အခါတွေမှာ နာနာကျင်ကျင် ခံစားရမှာတော့ မလွဲမသွေပါပဲ။ ရောဂါရှိတဲ့အပြင် ကိုယ်ဝန်ဆောင်တဲ့အခါ တချို့မှာ လှုပ်ရှားသွားလာရ ခက်ခဲတတ်တာ တွေ့ရမှာပါ။

    အူကျွံခြင်းအတွက် ကုသမှု

    ခွဲစိတ်ကုသမှုကသာ အူကျွံခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းပါ။ သို့ပေမယ့် ဒီနည်းလမ်းက မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဆရာဝန်တွေက ကလေးမွေးဖွား သန့်စင်ပြီး သင်ပါ ကျန်းမာတဲ့ အချိန်အထိ စောင့်ဖို့ ညွှန်ကြားပါလိမ့်မယ်။

    အဲ့လိုမဟုတ်ဘဲ ကိုယ်ဝန်ဆောင်စဉ် ခွဲစိတ်မှု ခံယူဖို့ လိုအပ်လာရင်တော့ ခွဲစိတ်ဆရာဝန်တွေက ကိုယ်ဝန်၃လကျော်မှ ခွဲစိတ်မှု ပြုလုပ်ပေးပါလိမ့်မယ်။

    အူကျွံခြင်းကို ဘယ်လို ကာကွယ်မလဲ

    အူကျွံခြင်းကို ကာကွယ်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ဆောင်တာက အူကျွံခြင်းကို ပိုမိုဆိုးရွားစေတာမျိုး မဖြစ်စေပါဘူး။ အလွန်အကျွံ လှုပ်လှုပ်ရှားရှား လုပ်တာမျိုးတွေ ရှောင်သင့်ပါတယ်။

    နှာချေ၊ ချောင်းဆိုး၊ ရယ်တဲ့ အချိန်တွေတိုင်း အူကျွံတဲ့နေရာကို ပင့်ထားပေးနိုင်ပါတယ်။ အဲ့နည်းလမ်းနဲ့ မသက်မသာဖြစ်တာ၊ ပိုဆိုးရွားလာတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    # ဘေဘီလေးကို  မွေးဖွားမယ့်ရက်ကို ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 01/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement