backup og meta

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါဆေးများ သောက်သင့်၊ မသောက်သင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါဆေးများ သောက်သင့်၊ မသောက်သင့်

    စိတ်ကျရောဂါဆေးတွေက စိတ်ဓါတ်ကျခြင်းကိုကုသဖို့အတွက် သုံးတဲ့ဆေးတွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကုသမှုခံယူသင့်လားဆိုတာ သိထားသင့်ပါတယ်။ ဒိဆေးတွေက ဘေးထွက်ဆိုးကျိုးတွေရှိတဲ့နည်းတူ စိတ်ဓါတ်ကျခြင်းကိုမကုသခြင်းကလည်း သင်ရောသင့်ကလေးကိုရော ထိခိုက်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ခြင်းနဲ့စိတ်ဓါတ်ကျခြင်းဆက်နွှယ်မှုကဘာလဲ။

    အရင်တုန်းက လူအများယုံကြည်ထားကြတာက ကိုယ်ဝန်ဆောင်စဉ်အတွင်း ထွက်တဲ့ဟော်မုန်ေးတွက စိတ်ဓါတ်ကျခြင်းကနေကာကွယ်ပေးပါတယ်။ အမှန်မှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ပြဿနာတွေနဲ့လက္ခဏာတွေက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေပြီး စိတ်ဓါတ်ကျခြင်းနဲ့ပတ်သက်ပြီး သင့်အတွက်ခက်ခဲနိုင်ပါတယ်။

    မဆိုသလောက်လေးစိတ်ဓတ်ကျနေပြီး အနည်းဆုံးခြောက်လလောက် လက္ခဏာမပြဘူးဆိုရင် ကိုယ်ဝန်မဆောင်ခင်နဲ့ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ

    စိတ်ကျရောဂါဆေးတွေကို ရပ်လိုက်လို့ရပါတယ်။ စိတ်ဓါတ်ကျခြင်းကြောင့် သင်နဲ့သင့်ကလေးကိုမထိခိုက်စေဘူးဆိုတာ သေချာဖို့ဆရာဝန်နဲ့အမြဲစောင့်ရှောက်မှုခံယူသင့်ပါတယ်။

    ဆေးအကူအညီမလိုဘဲ စိတ်ဓါတ်ကျခြင်းကိုကျော်လွှားနိုင်ပါတယ်။ ရိုး၇ှင်းတဲ့နည်းလမ်းတွေကိုပြထားပါတယ်။

    စိတ်ဖိစီးမှုနည်းအောင်နေခြင်း

    • လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်းလိုမျိုး လေ့ကျင့်ခန်းတွေပြုလုပ်ပါ။
    • အိမ်မှာတစ်နေ့လုံးမနေပါနဲ့။ အပြင်ထွက်သင့်ပါတယ်။ အိမ်နီးချင်းတွေဆီလည်ပတ်တာမျိုးကလည်း ကောင်းပါတယ်။
    • စိတ်ဓါတ်ကျခြင်းက ပြင်းထန်ပြီးအရင်ကလည်း ပြင်းပြင်းထန်ထန်စိတ်ဓါတ်ကျခြင်းတွေ စိတ်ပိုင်းဆိုင်ရာနာမကျန်းမှုတွေဖြစ်ဖူးမယ်ဆိုရင် စိတ်ဓါတ်ကျဆန့်ကျင်ဆေးသောက်ဖို့လိုပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ဓါတ်ကျဆန့်ကျင်ဆေးအသုံးပြုခြင်းရဲ့ အန္တရာယ်များ

    ကိုယ်ဝန်ဆောင်စဉ်မှာ ဒီဆေးတွေကိုမှီဝဲနေမယ်ဆိုရင် အန္တရယ်နည်းနည်ေးတာ့ရှိပါတယ်။ ဖြစ်နိုင်ချေတော့နည်းပါတယ်။ ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

    မွေးရာပါချို့ယွင်းမှုများ- နှလုံး၊ အာရုံကြောမ၊ ဦးနှောက်၊ ဦးခေါင်းခွံ၊ ကလီစာနဲ့ ခြေလက်ပုံပျက်ခြင်းတွေဖြစ်နိုင်ပါတယ်။

    အဆုတ်သွေးလွှတ်ကြောသွေးဖိအားများခြင်း- အဆုတ်နဲ့နှလုံးကနေလာတဲ့သွေးလွှတ်ကြောတွေမှာ သွေးဖိအားများခြင်းက ကလေးမှာပြင်းထန်တဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာက ကလေးကြီးလာတာနဲ့အမျှ ပိုဆိုးလာစေနိုင်ပါတယ်။

    ကိုယ်ဝန်ပျက်ခြင်း

    လမစေ့ဘဲစောမွေးခြင်း (ကလေးက ကိုယ်ဝန်ပတ်၃၇ပတ်မတိုင်ခင်စောမွေးခြင်း ဖြစ်နိုင်ပါတယ်။)

    မွေးပေါင်ချိန်နည်းခြင်း၊ မွေးကင်းစကလေးမှာ ၂၅၀၀ဂရမ်ထက်နည်းနေနိုင်ပါတယ်။

    မွေးကင်းစကလေးမှာ အသက်ရှုခြင်း၊ နို့ိစို့ခြင်း၊ အီနေခြင်း၊ သွေးတွင်းသကြားဓါတ်နည်းခြင်းပြဿနာတွေအပါအဝင် ကျန်းမာရေးပြဿနာတွေပေးနိင်ပါတယ်။ မွေးဖွားပြီးနောက်မှာ ကလေးကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ရက်အနည်းငယ်ထားရနိုင်ပါတယ်။

    ကံကောင်းတာက ဒီဘေးထွက်ဆိုးကျိုးတွေက ရေရှည်ပြဿနာမပေးနိုင်ပါဘူး။

    ကိုယ်ဝန်ဆောင်စဉ်အတွင်းစိတ်ဓါတ်ကျခြင်းကိုမကုသခြင်းရဲ့ နောက်ဆက်တွဲများ

    စိတ်ဓတ်ကျဆန့်ကျင်ဆေးတွေက တချို့သောဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပေမယ့် မကုသခြင်းက နောက်ဆက်တွဲရလဒ်တွေကိုဖြစ်စေနိုင်ပါတယ်။ သတ်သေချင်စိတ်ပေါက်တဲ့အထိဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင်မစောင့်ရှောက်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားကိုအာဟာရမျှမျှတတမစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားနပ်မှန်အောင်မစားလည်းဖြစ်နိုင်ပါတယ်။

    ဒါ့အပြင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးသုံးခြင်းတွေပါဖြစ်နိုင်ပါတယ်။ ဒီအပြုအမုူတွေက သင်ရောသင့်ကလေးအတွက်ပါ ဥပါဒ်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ခြင်း၊ မွေးရာပါချို့ယွင်းချက်များ၊ ကလေးစောမွေးခြင်း၊ မွေးပေါင်ချိန်နည်းခြင်းတွေက ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ဓါတ်ကျဆန့်ကျင်ဆေးတွေရပ်လိုက်တဲ့အမျိုးသမီးတွေမှာလည်း တွေ့ရပါတယ်။

    စိတ်ဓါတ်ကျခြင်းကိုမကုသခြင်းက သင့်မိသားစုနဲ့သင့်သူငယ်ချင်းမိတ်ဆွေဆက်ဆံရေး၊ ဇနီးမောင်နှံဆက်ဆံရေးတွေကိုပါ သက်ရောက်စေနိုင်ပါတယ်။ သင့်ရဲ့ကလေးကြီးတွေနဲ့သင့်ခင်ပွန်းကိုလည်း စောင့်ရှောက်ချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်နေ့လုံးပင်ပန်းနွမ်းနယ်နေပြီး မိသားစုတွင်းနေ့စဉ်တာဝန်တွေကို လုပ်ဆောင်ဖို့အင်အားလုံလုံလောက်လောက်မရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သင်နဲ့သင့်ကလေးကြားဆက်ဆံရေးသံယောဇဉ်ကိုပါ သက်ရောက်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ချရတဲ့ဆေးများ

    အောက်မှာဖော်ပြထားတဲ့စိတ်ဓါတ်ကျဆန့်ကျင်ဆေးတွေက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိတ်ချရပါတယ်။ သင်မှီဝဲနေတဲ့ဆေးတွေနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့အမြဲဆွေးနွေးသင့်ပါတယ်။

    ဆီရိုတိုနင် serotonin reuptake inhibitors (SSRIs)-ဆီတာလိုပရမ်၊ ဖလူရိုဇီတင်း၊ ဆာထရယ်လင်း

    Serotonin and norepinephrine reuptake inhibitors (SNRIs)- ဂျူလိုဇီတင်း၊ ဗန်လာဖာဇင်း

    ဗျူပရိုပီရွန်- အခြားဆေးတွေမတိုးတော့တဲ့အခါမှာ ညွှန်းလေ့ရှိပါတယ။်

    Tricyclic antidepressants (ထရိုင်ဆိုင်ကလစ် စိတ်ကျရောဂါဆေး)တွေဖြစ်တဲ့ အမ်မီထရစ်တိုင်လင်း ၊ နော်ထရစ်ပ်တိုင်လင်း

    စိတ်ဓါတ်ကျခြင်းက အဖြစ်များတဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစတဲ့အခါမှာ မိခင်ရောကလေးကိုပါ သက်ရောက်စေပါတယ်။ ကံကောင်းတာက စိတ်ဓါတ်ကျခြင်းက တစ်ခါတစ်လေမှာ ဆေးဝါးအကူအညီမလိုဘဲနဲ့ ပျောက်ကင်းနိုင်ပါတယ်။ စိတ်ဓတ်ကျဆန့်ကျင်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေနိုင်ပေမယ့် ဥပါဒ်ဖြစ်စေနိုင်တာထက်ပိုကောင်းတာကိုဖြစ်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေတွေကို နည်းအောင်ပြုလုပ်ပေးနိုင်ပါတယ်။ သင့်အတွက်အကောင်းဆုံးကုသမှုကိုရရှိဖို့ သင့်ဆရာဝန်နဲ့ပဲဆွေးနွေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Thin Myat Sandi Cho မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement