backup og meta

ကိုယ်ဝန်ဆောင်စဉ် စထရပ်ပိုးကြောင့် လည်ချောင်းနာခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် စထရပ်ပိုးကြောင့် လည်ချောင်းနာခြင်း

    စထရပ်ပိုးကြောင့်လည်းချောင်းနာခြင်းသည် လည်ချောင်းနှင့် အာသီးတို့၌ စထရပ်တိုကော်ကဲလ် ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင်းဖြစ်သည်။ လည်ချောင်းနာခြင်းနှင့်အတူ ဖျားခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်လာပါက ဆရာဝန်မှ စထရပ်ပိုးစစ်ဆေးမှုလုပ်ရန် ဘက်တီးရီးယားပိုး ရှိနိုင်မည့် အားသီးကိုဂွမ်းစနှင့် သုတ်ယူကာ စစ်ဆေးပါလိမ့်မည်။ စထရပ်ပိုးကြောင့် လည်ချောင်းနာကြောင်း အတည်ပြုနိုင်ပါက ပဋိဇီဝဆေးများ ပေးမည်ဖြစ်သည်။

    စထရပ်ဘက်တီးရီးယားအမျိုးမျိုးရှိ၏။ ၎င်းတို့ထဲမှ တစ်ချို့ကသာ ပြင်းထန်သည့်ရောဂါများကို ဖြစ်စေနိုင်ပါသည်။

    စထရပ်နှင့် အုပ်စုဘီ လည်ချောင်းနာခြင်းတို့၏ ကွာခြားချက်

    အမည်များ ခပ်ဆင်ဆင်ဖြစ်နေသောကြောင့် စထရပ် လည်ချောင်းနာပိုးနှင့် စထရပ်တိုကောကပ်စ် အုပ်စုဘီပိုးတို့အား မှားတတ်ကြ၏။ အမှန်မှာ အုပ်စုဘီပိုးအား အမျိုးသမီးများ၏ မိန်းမကိုယ်နှင့် စအိုတစ်ဝိုက်တွင်သာ တေါ့ရတတ်ပြီး လုံးဝကိုမသက်ဆိုင်း ခြားနားသည့် ဘက်တီးရီးယားများသာဖြစ်သည်။ အသက် ၃၅ နှင့် ၃၇ ကြား ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အုပ်စုဘီ စထရပ်တိုကောကပ်ပိုး စစ်ဆေးလေ့ရှိပါသည်။ ကံကောင်းစွာနှင့် ထိုပိုးမျိုးသည် ကလေးဆီသို့ ကူးစက်ခြင်း မရှိပါပေ။

    စထရပ်ပိုးလည်ချောင်းနာခြင်းရှိကြောင်း ဘယ်လိုသိနိုင်မလဲ။

    စထရပ်ပိုးလည်ချောင်းနာခြင်းရှိကြောင်း အတည်ပြုထားသည့် အမျိုးသမီးများတွင် လက္ခဏာအမျိုးမျိုးအား တွေ့ကြုံရနိုင်၏။ အထူးသဖြင့် လည်ချောင်း၊ အာသီးနှင့် လည်ပင်းတစ်ဝိုက်၌ ရောင်ခြင်း၊ နာခြင်း၊ အဖုများစမ်းမိခြင်းနှင့် အဖြူပျောက်များကို တွေ့ရနိုင်သည်။ ထို့အပြင် ခေါင်းကိုက်၊ မောလွယ်ပန်းလွယ်၊ အားနည်း၊ ဖျားနာ၊ ချောင်းဆိုး၊ ပျို့အန်၊ ချွေးအလွန်ထွက်၊ အစားအသောက်ပျက်၊ ပြန်ရည်ကျိတ်များကြီးခြင်းနှင့် ဗိုက်နာခြင်းကို ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ အစာစား၊ မျိုရ၊ အသက်ရှုရရာတွင် ခက်ခဲနေတတ်ပါသည်။

    ကိုယ်ဝန်ဆောင်စဉ် လည်းချောင်းနာစထရပ်ပိုးကို ဘယ်လိုကုသနိုင်မလဲ။

    လည်ချောင်းနာစထရပ်ပိုးအား သေစေနိုင်သည့် ပဋိဇိဝဆေးအမျိုးမျိုးကို သုံးနိုင်ပါသည်။ အသုံးများသော ဆေးများမှာ ခက်ဖလဇင်း၊ ပန်နစလင်နှင့် အမောက်ဆဲလ်စလင်တို့ ဖြစ်ကြသည်။ ထိုဆေးများအားလုံးအား ကိုယ်ဝန်ဆောင်သောက်ဆေး လုံခြုံရမှု အမျိုးအစား ဘီ အဖြစ်သတ်မှတ်ထားပါသည်။

    တိရိစ္ဆာန်များ၌စမ်းသပ်ချက်များအရ ခက်ဖလဇင်းသည် မျိုးဆက်မြုံခြင်း သို့မဟုတ် သန္ဓေသားအားထိခြင်းတို့ ဖြစ်စေတတ်ကြောင်း သက်သေပြချက်များ ရှိထား၏။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များတွင် သုံးနိုင်မသုံးနိုင် စိတ်ချရသည့်လေ့လာမှုများ မရှိသေးပါ။ ထို့ကြောင့် ခက်ဖလဇင်းအား ကိုယ်ဝန်ဆောင်များ၌ တကယ်လိုအပ်မှသာ အသုံးပြုသင့်ပါသည်။

    လည်ချောင်းနာခြင်းအားကုသနိုင်သည့် နောက်ဆေးတစ်ခုမှာ ပန်နစလင်ဖြစ်သည်။ ပန်နစလင်နှင့် ဓါတ်မတည့်မှု မရှိပါက ကိုယ်ဝန်ဆောင်များ အန္တရာယ်ကင်းကင်းနှင့် အသုံးပြုနိုင်ပါသည်။ ပန်နစလင်ဓါတ်မတည့်မှု၏ သတိထားမိလွယ်သော လက္ခဏာမှာ ဝမ်းလျှောခြင်းပင်။ ဝမ်းသွားချိန် တစ်ရက်နှစ်ရက်မကတော့လျှင် ဝမ်းထဲသွေးပါလာလျှင် ဆရာဝန်ဆီသွားပါ။

    အမောက်ဆဲလ်စလင်ကို တိရိစ္ဆာန်များ၌ စမ်းသပ်ထားသော်လည်း လူသားမျာမှာတော့ သန္ဓေသားသို့ ထိခိုက်နိုင်မှုရှိမရှိ ရှင်းရှင်းလင်းမသိရသေးပါ။ ထို့ကြောင့် အကျိုးနှင့် ပြဿနာကို ချိန်ဆပြီးမှသာ ကိုယ်ဝန်ဆောင်ကို တိုက်သင့်ကြောင်း ညွှန်ကြားထားပါသည်။

    လည်ချောင်းနာစထရပ်ပိုးအတွက် ပဋိပစ္စည်းများ သုံးမည်ဆိုပါက ဆရာဝန်၏ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် အရေးကြီး၏။ ညွှန်းထားသည့် ဆေးပမာဏအတိုင်းသာ သောက်ရမည်ဖြစ်ပြီး ဆေးလွန်ပါက သင်ရောကလေးကိုပါ အန္တရာယ်ရှိသွားနိုင်ပါသည်။

    စထရပ်လည်ချောင်းနာခြင်းအတွက် အိမ်သုံးကုထုံးများ

    ဆရာဝန်ညွှန်သော ပဋိဇီဝဆေးများအပြင် တစ်ချို့အိမ်သုံးကုထုံးများကလည်း လက္ခဏာများ မသက်မသာဖြစ်မှုများကို သက်သာစေနိုင်ပါသည်။ သောက်စရာအအေးများသည် လည်ချောင်းနာခြင်းကိုပိုဆိုးစေတတ်သောကြောင့် ရှောင်ပါ။ ထိုအစား ဆားရည်နှင့်ပလုတ်ကျင်ခြင်း သို့မဟုတ် လက်ဖက်စိမ်း၊ ချာမိုမိုင်းပန်း၊ သို့မဟုတ် သစ်ဂျပိုးပါ လီမွန်တီး ခတ်ထားသော ရေနွေးနွေးကို သောက်သုံးပေးနိုင်ပါသည်။

    ပါရာစီတမော၊ အလွယ်ဝယ်နိုင်သည့် အကိုက်အခဲပျောက်ဆေး အဖျားပျောက်ဆေးများကို သတ်မှတ်ထားသည့်ပမာဏအတိုင်းသာ သောက်ရပါမည်။ သို့သော် အက်စပရင်နှင့် အိုက်ဗြူပရိုဖန်တို့ကိုတော့ ရှောင်ကြဉ်ရပါမည်။

    ကိုယ်ဝန်ဆောင်စဉ် စထရပ်လည်ချောင်းနာပိုးကို ကာကွယ်နိုင်မည့်နည်းလမ်းများ

    ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်သော ကူးစက်ရောဂါ ဖြစ်နိုင်ချေအား လျော့ချနိုင်ရန်အတွက် ရေနှင့် တခြားအရည်များ များများသောက်ပြီး ရေဓါတ်ဖြည့်ပါ။ ထို့အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းစေမည့် လက်ဆေးမှန်မှန်ဆေးခြင်းမျိုး အထူးသဖြင့် လူထူသည့်နေရာ သွားပြီးနောက် ပြုလုပ်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement