backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 12/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား

    ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား …. သင်က ရယ်မောနေရင်း ကနေ ရုတ်တရတ်ကြီး အကြောင်းအရင်း တိတိကျကျ မရှိဘဲ မျက်ရည် ဝဲလာတယ်၊ အလွယ်တကူ စိတ်ဆတ်လာတယ်။ ခင်ပွန်း ဖြစ်သူက ဘယ်လို လုပ်ပေးပေး၊ ဘာတွေပဲ ပြောပြော အရာမရောက်ဘူး။ ……..စသည်ဖြင့်…….ဘယ်လိုတွေပဲ ခံစားနေရတယ် ဆိုပါစေ၊ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား

    ဟော်မုန်းတွေ ပြောင်းလဲသွားခြင်းက သင့်ခံစားချက်တွေ အပြောင်းအလဲ မြန်စေပါတယ်။ ဓမ္မတာ လာစဉ်မှာ ဟော်မုန်းတွေ များတတ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထိန်းမနိုင် သိမ်းမရပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ သင်ဟာ အကြောင်း မရှိဘဲ ငိုကြွေးတတ် ပါတယ်။ ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေကြောင့် သင် စိတ်မထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တဲ့ ဟော်မုန်းတွေက ဘာကြောင့် ခဏခဏ ငိုကြွေးစေတာလဲ ဆိုတာကို အဖြေရှာလိုက် ကြရအောင် ……

    ကလေး ရှိလာပြီ ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းကို ကူညီပေးဖို့ အတွက် အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်းလို့ ခေါ်တဲ့ ဟော်မုန်းတွေ သွေးထဲမှာများလာတတ် ပါတယ်။ အဲ့ဒီ ဟော်မုန်းတွေက သင့်စိတ်အခြေအနေကိုပါ သက်ရောက်ပြီး သင့်ကို ခဏခဏ ငိုချင်စိတ် ပေါက်တာတွေ၊ အလွယ်တကူ စိတ်ဆတ်တာတွေ ဖြစ်လာစေတယ်။ ဒါပေမယ့် ဟော်မုန်းတွေကပဲ အကြောင်းအရင်းတော့ မဟုတ်ပြန်ဘူး။ သင့်ဘဝကြီးမှာ ကိစ္စတွေ အများအပြား ဖြစ်ပေါ်လာတာကြောင့် စိတ်ခံစားချက်တွေက ခဏခဏ ပြောင်းနေတာပါ။

    အမျိုးသမီး တော်တော်များများဟာ ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ ထိန်းမရနိုင်အောင် ပြီးတော့ မှန်းလို့ မရလောက်အောင် ငိုကြွေးတတ်ကြတယ်။ အများစု ကတော့ ကိုယ်ဝန်ဆောင်ကာလ ပထမပိုင်းမှာ အဓိက ဖြစ်တတ်ပေမယ့် တကယ်တော့ အချိန်မရွေး ငိုနိုင်တာပါပဲ။ အခုပျော်နေပြီး အခုချက်ချင်းပဲ စိတ်ညစ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ သင်ဘာလုပ်ရမယ် မသိပေမယ့် ဒါက ပုံမှန် ဖြစ်ရပ်ပါပဲ။

    ကလေး လွယ်ထားရပြီ ဆိုတာနဲ့ ကိုယ်ဝန်ဆောင်ကာလ သုံးလပတ်တိုင်းရဲ့ တစ်ခုဆီမှာ ခန္ဓာကိုယ် ပြောင်းလဲမှုတွေ အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်ကျတာကြောင့်လည်း ငိုကြွေးနိုင်တယ်။ စိတ်ဓာတ်ကျတာကြောင့် ဆိုရင်တော့ ဆရာဝန်ဆီက အကြံဉာဏ်ယူဖို့ လိုပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာဟာ အိပ်ရေးမဝတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိပ်စက်ခြင်းကို မပေးနိုင်လို့ စိတ်အပြောင်းအလဲ များတာတွေ၊ စိတ်ဖိစီးတာတွေ ဖြစ်နိုင်တယ်။ နောက်ထပ် ငိုရခြင်း အကြောင်းအရင်းကတော့ ပင်ပန်းလို့ပဲ ဖြစ်တယ်။

    ကိုယ်ဝန်ဆောင်စဉ် ငိုကြွေးခြင်းကိုရပ်ဖို့ ဘာလုပ်ရမလဲ

    တစ်ခါတလေမှာ သင်ဟာ အငိုရပ်ဖို့ စိတ်ကူးကို မရှိတာပါ။ ဟော်မုန်းတွေ များပြား ရှုပ်ထွေးလာမှုကြောင့် ကိုယ့်စိတ်ကို မထိန်းနိုင်တွေဖြစ်လာရပါတယ်။ ဒါပေမယ့် ခဏခဏ ငိုချင်နေတာကို လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေတော့ ရှိပါသေးတယ်။

    • အိပ်ရေး ဝဝ အိပ်ပါ။ အိပ်စက်ခြင်းက ဟော်မုန်းတွေကို အနည်းငယ်လောက်တော့ ထိန်းညှိပေးဖို့ ကူညီပါလိမ့်မယ်။
    • သက်သောင့်သက်သာ ဖြစ်အောင် နေပါ။ စိတ်ရောကိုယ်ရော သက်သောင့်သက်သာ ရှိစေဖို့ အချိန်ပေးပါ။
    • မရှက်ပါနဲ့။ အကူအညီ လိုရင် တောင်းပါ။ တစ်ခါတလေ စိတ်တွေ ဝေဝါးမွှန်ထူနေတတ် ပါတယ်။ အကူအညီ လိုချိန် တောင်းတာကအကောင်းဆုံးပါ။
    • ဖြေးညှင်းအေးဆေးစွာ လုပ်ကိုင်ပါ။ အလောတကြီးအလုပ်မလုပ်ပါနဲ့။ အချိန်ယူပြီးအေးအေးဆေးဆေးလုပ်ကိုင်ပါ။

    ကိုယ်ဝန်ဆောင်ချိန် တွေ့ကြုံရတဲ့ စိတ်ခံစားမှုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အခက်အခဲတွေ့ပါက ကျန်းမာရေးစောင့်ရှောက်သူများထံ ပြောပြတိုင်ပင်ပါ။ သူတို့က သင့်ကိုယ်ဝန်ဆောင်ကာလကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 12/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement