ထို သရုပ်ဆောင်သော ကစားနည်းများတွင် သင့်ကလေး သည် သူတို့၏ ကိုယ်ပိုင်လိင်ကို စတင်ဖော်ထုတ်လာသည်ကို သင်တွေ့ရလိမ့်မည်။ ဥပမာ ယောက်ျားကလေးများသည် ဖခင်အနေတွင် ကစားပြီး မိန်းကလေးများသည် မိခင်နေရာ တွင် ကစားနိုင်သည်။ ထိုအရွယ်တွင် သင်၏သားသည် အဖေ၊ အကိုကြီးများနှင့် အိမ်နီးနားချင်းရှိ အခြား ယောက်ျားလေး များကို စိတ်ဝင်စားနှစ်သက်နိုင်ပြီး သင်၏ သမီးသည် အမေ၊ အမကြီးများနှင့် အခြားမိန်းကလေးများကို နှစ်သက်လိမ့်မည်။
လေ့လာမှုအရ ယောက်ျားလေးများနှင့် မိန်းကလေးများ ကို ခွဲခြားပေးသော ဖွံ့ဖြိုးမှုနှင့် အပြုအမူကွာခြင်းခြင်းသည် အနည်းငယ်သာရှိသည်ဟု ဆိုသည်။ ဤအသက်အရွယ်တွင် လိင်နှင့်ဆိုင်သော စရိုက်လက္ခဏာအများစုသည် မိသားစုနှင့် လူထုမှ လွှမ်းမိုးမှုအတိုင်း ပုံပေါ်သည်။ သင့်မိသားစုတွင် အမေနှင့် အဖေသည် အိမ်၏ တာဝန်များကို တူညီစွာ ခွဲဝေ လုပ်သော်လည်း သင့်ကလေးသည် အိမ်နီးနားချင်းများ၊ သူငယ်ချင်းများ၏ မိဘများတွင် မတူညီသည်ကို သတိပြုနိုင် သည်။ ကလေးများသည် သူတို့လိင်နှင့် သင့်တော်သော သို့မဟုတ် မသင့်တော်သော အပြုအမူများကို သဘောကျခြင်း သို့မဟုတ် မနှစ်သက်ခြင်း ဖြစ်လာနိုင်သည်။ ရလဒ်အနေဖြင့် ကလေးများ၏ လိင်ပိုင်းဆိုင်ရာ လက္ခဏာကို တည်ငြိမ်မြဲမြံ စေသည်။
ကျောင်းသွားခြင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။