အပေါ်မှာ ပြောခဲ့သလို နို့က သားသားမီးမီးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေတယ်ဆိုပေမယ့် နို့တိုင်းက သားသားမီးမီးတွေကို ဖွံ့ဖြိုးစေတာ မဟုတ်ပါဘူး။ နို့ဆိုပေမယ့်လည်း အာဟာရ ပြည့်ဝပြီး သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်မယ့် အာဟာရဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။
သားသားမီးမီးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် ကလေးအတွက် ပြင်ဆင်ပေးတဲ့ နို့မှာ ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်တွေ ဖြစ်တဲ့ DHA (Omega-3 fatty acids)၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် D၊ lcFOSလို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာတစ်မျိုး (နားလည်လွယ်အောင် ပြောရရင် မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ပါ) ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပရိုတင်း နဲ့ အခြားသော ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပါဝင်နေဖို့ လိုပါမယ်။
ငယ်စဉ်မှာ တိုက်ကျွေးမယ့်နို့ကို သေချာ ရွေးချယ်မှ သားသားမီးမီးတွေက အသက်ရတာတဲ့အခါ အဝလွန်တာ၊ နှလုံးရောဂါ နဲ့ သွေးအားနည်းတာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ကင်းဝေးပြီး ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် ကြီးပြင်းအရွယ်ရောက်မှာပါ။
နို့တိုင်းက အာဟာရပြည့်ရဲ့လား …….
နို့အမျိုးအစားတွေက အမျိုးမျိုး ရှိသလို အာဟာရ ပါဝင်ပုံချင်းလည်း ကွာခြားနိုင်ပါတယ်။ ဘယ်လိုတွေ ကွာခြားသလဲဆိုတာ နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။
သာမန်နို့ ဆိုတဲ့ အထဲမှာ ပုံမှန် သောက်နေကျနို့တွေ ဖြစ်တဲ့ နွားနို့၊ ဆိတ်နို့၊ သိုးနို့၊ ကျွဲနို့တို့လိုမျိုး တိရစ္ဆာန်တွေဆီကနေရတဲ့ နို့တွေ ရှိသလို အပင်အခြေခံထားတဲ့ အယ်လ်မွန်နို့၊ ပဲနို့၊ အုန်းနို့၊ ဆန်နို့တွေလည်း ရှိပါတယ်။ ဒါ့အပြင် မုယောကို အခြေခံပြီး ထုတ်ထားတဲ့ နို့တွေလည်းရှိပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။