backup og meta

လမ်းလျှောက်တတ်စကလေးများတွင် အစာစားချင်စိတ်လျော့ကျခြင်း


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းလျှောက်တတ်စကလေးများတွင် အစာစားချင်စိတ်လျော့ကျခြင်း

    သင့်ကလေးသည်မနက်စာနေ့လည်စာညစာစားချိန်များတွင်အစာစားချင်စိတ်လျော့ကျနေသည်ဟုထင်ရပါသည်။ အစာစားချင်စိတ်မရှိခြင်းသည်ကျန်းမာရေးထိခိုက်နိုင်သောကြောင့်မိဘများအနေနှင့်စိတ်ပူနိုင်ပါသည်။ အလားတူပင်ကလေး၏ အစာစားပုံစားနည်းသည် ကလေးငယ်၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုသက်ရောက်မှုရှိသောကြောင့်ဖြစ်ပါသည်။

    လမ်းလျှောက်တတ်ကာစကလေးများတွင်အစာစားချင်စိတ်လျော့ကျခြင်း၏အကြောင်းအရင်းများသည်ဘယ်အရာတွေလဲ၊

    ဖျားနာခြင်းသည်သင့်ကလေးအစာစားချင်စိတ်လျော့ကျစေသည့်အဖြစ်များသောအကြောင်းအရင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်သင်သည်သင့်ကလေးကိုလည်ပင်းနာနေသလားဖျားနေသလားခန္ဓါကိုယ်တွင်အနီကွက်များဖြစ်နေသလားသို့မဟုတ်အခြားရောဂါလက္ခဏာတွေဖြစ်နေသလားဆိုသည်ကိုစစ်ဆေးပါ။ အကယ်၍ထိုလက္ခဏာများရှိနေပါကကလေးငယ်သည်ဖျားနေခြင်းဖြစ်နိုင်ပါသည်။ ထိုအခါသင်၏ဆရာဝန်နှင့်ဆက်သွယ်၍ကုသမှုခံယူပါ။ အောက်ပါအကြောင်းအရင်းများသည်လည်းသင့်ကလေးငယ်အစာစားချင်စိတ်လျော့ကျခြင်းဖြစ်ပေါ်စေနိုင်ပါသည်။

    • အစာစားချိန်များကြားတွင်မုန့်စားခြင်း
    • အစာစားချိန်များကြားတွင်အချိုရည်သို့မဟုတ်အခြားအရည်များသောက်ခြင်း
    • ကလေးသည်ပုံမှန်ထက်လှုပ်ရှားမှုနည်းခြင်း

    ကလေးငယ်၏အစာစားချင်စိတ်ကိုဖြစ်ပေါ်စေမည့်နည်းလမ်းကောင်းများ

    ကလေးငယ်၏နေထိုင်မှုပုံစံအသက်ကိုယ်ခန္ခါလှုပ်ရှားမှုကြီးထွားမှုအချိန်များပေါ်မူတည်၍အောက်ပါနည်းလမ်းကောင်းများကိုသင်ရွေးချယ်နိုင်ပါသည်။

  • ထမင်းစားချိန်ကိုပျော်အောင်လုပ်ပေးပါ။ သင့်ကလေးကိုအစာစားရခြင်း၌ပျော်အောင်လုပ်ပေးပါ။ ကလေးငယ်ကိုအစားအစာများချပြပေးပြီးသူတို့ကြိုက်သောအစားအစာရွေးချယ်စားသုံးပါစေ။ သူတို့မစားချင်သောအစာကိုအတင်းမစားခိုင်းပါနှင့်။
  • သင့်ကလေးကိုသူတို့ဘယ်လောက်စားမလဲဆိုသည်ကိုဆုံးဖြတ်ပါစေ။ ကလေးငယ်များအစာစားချင်စိတ်လျော့ကျခြင်း၏အဖြစ်များဆုံးအကြောင်းအချက်သည်တစ်နေ့တည်းတွင်သွားရည်စာများနှင့်အစားအစာများအများကြီးစားသုံးခြင်းပင်ဖြစ်ပါသည်။ သို့ဖြစ်၍သင့်အနေနှင့်သူတို့ဘယ်လောက်ပမာဏစားမည်ကိုကိုယ်တိုင်ဆုံးဖြတ်ခိုင်းပါ။
  • သင့်ကလေး၏အစားအသောက်စာရင်းကိုအမျိုးမျိုးပြောင်းပေးပါ။ ကလေးများသည်အရောင်စုံ၍စိတ်ဝင်စားစရာကောင်းသောပစ္စည်းများကိုစိတ်ဝင်စားတတ်ကြသည်။ သို့ဖြစ်၍သင်ဟာအစားအစာများကိုယုန်ပုံသဏ္ဍာန်၊အိမ်ပုံသဏ္ဍာန်၊ခွေးပုံသဏ္ဍာန်၊နေပုံသဏ္ဍာန်၊တိမ်ပုံသဏ္ဍာန်စသည်ဖြင့်ကလေးများကြိုက်သောပုံသဏ္ဍာန်များလှီးပြီးကျွေးပါ။ သင့်ကလေးအတွက်အောက်ပါဖော်ပြထားသောအစားအစာအုပ်စုလေးမျိုးပါဝင်ပါစေ။
  • ပြည့်ဝသောအစေ့အဆံမှရသောထုတ်ကုန်များ(ဆန်၊နှံစားပင်မှပြုလုပ်သောစီရီယယ်၊ပေါင်မုန့်နှင့်အခြားသောသံဓါတ်၊ဗီတာမင်ဘီ၊ဖောလိတ်အက်ဆစ်ကြွယ်ဝသောအစေ့အဆံများ)
  • ကိုက်စားလို့ရသောအရွယ်ပြုလုပ်ထားသည့်ဟင်းသီးဟင်းရွက်များ၊သစ်သီးများ
  • နို့၊ဒိန်ချဉ်၊ချိစ်စသောနို့ထွက်ပစ္စည်းများ
  • ကြက်သား၊ဝက်သား၊ငါးနှင့်အသားများ
  • အနှောင့်အယှက်များမှရှောင်ရှားပါ။ တီဗွီကြည့်ခြင်း၊အရုပ်များနှင့်ကစားခြင်းသည်သင့်ကလေးအစာစားချင်စိတ်ကိုလျော့ကျစေပါသည်။ သို့ဖြစ်၍အစာစားချိန်အတွင်းအရုပ်များနှင့်ကစားခြင်းတီဗီကြည့်ခြင်းများကိုရှောင်ရှားပါ။ အစာကိုနည်းနည်းစီခွဲကျွေးပါ။ ကလေးငယ်၏အစာအိမ်သည်လူကြီးများ၏အစာအိမ်ထက်သေးငယ်ပါသည်။ ထို့ကြောင့်ကလေးငယ်များကိုသူတို့စားနိုင်တာထက်ပိုကျွေးမည်ဆိုပါကသူတို့၏အစာစားချင်စိတ်သည်လျော့ကျသွားမည်ဖြစ်ပါသည်။ သင်ဟာပန်းကန်ပြားကြီးကြီးပေါ်မှာအစားအစာပမာဏနည်းနည်းကိုထည့်ပြီးကျွေးပါ။ သူတို့ထပ်၍စားချင်လျှင်သင့်ကိုထပ်တောင်းပါလိမ့်မည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement