backup og meta

ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ

    ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ က ဘာတွေများလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ တစ်ခါတလေမဟုတ်ဘဲ အမြဲတမ်းလိုလို ညစာထမင်းဝိုင်းမှာ အစားအသောက်တွေစားဖို့ မိဘတွေနဲ့ကလေးတွေအကြား အားပြိုင်ရတဲ့အခါ ညစာ ထမင်းဝိုင်းလေးကပျော်စရာမကောင်းတော့ပါဘူး။ ထမင်းစားဝိုင်းမှာ ကလေးကို ပန်းဂေါ်ဖီစိမ်းလေးတစ်ကိုက်လောက်စားလိုက်ပါလို့ တောင်းပန်တာကနေစလို့ ထမင်းတစ်ပန်းကန်လုံးကုန်အောင်စားရမယ်ကြိမ်းမောင်းတာအထိ အနုနည်း အကြမ်းနည်းမျိုးစုံသုံးရင်း ညစာစားပြီးချိန်မှာကလေးကလည်းငို၊ လူကြီးလည်းပင်ပန်းတာမျိုးအထိ အခက်အခဲအမျိုးမျိုးနဲ့တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးက ကလေးကိုနောက်တစ်ကြိမ် ထမင်းမစားဝိုင်းကိုမလာချင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ကလေးကိုတုတ်ပြပြီး ထမင်းကျွေးတာမျိုးက ကလေးကိုစိတ်ဖိစီးတာမျိုးဖြစ်စေနိုင်ပါတယ်။

    အစားအသောက်စားသုံးတာကပျော်ရွှင်စရာကောင်းတဲ့ တစ်နေ့တာလုပ်ငန်းတစ်ရပ်ဖြစ်သင့်တာပါ။ တစ်နေ့ကို သုံးကြိမ်လောက်စားသုံးနေရတဲ့ အစားအသောက်စားသုံးချိန်လေးက မိသားစုတွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးပဲဖြစ်သင့်ပါတယ်။ စိတ်ဖိစီးမငကင်းတဲ့ ညစာဖြစ်ဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးကို သူနှစ်သက်တတ်တဲ့အစားအစာတွေပြင်ဆင်ပေးတာမျိုးလုပ်ဆောင်ပေးဖို့လိုအပ်သလို ကလေးတွေကို သူတို့မကြိုက်တဲ့အစားအစာတွေကို အတင်းအကျပ်စားစေတာမျိုးမလုပ်ဆောင်ဖို့ကအရေးကြီးလှပါတယ်။

    ကလေးတွေကို ထမင်းစားချိန်တိုင်းမှာပျော်ရွှင်နေအောင်လုပ်ဆောင်ပေးမယ့် နည်းလမ်းအချို့ကို လမ်းညွှန်ပေးလိုက်ပါတယ်။

    ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ

    ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ ကတော့

    အစားအစာတွေကို အမည်ပေးပါ။

    ပန်းဂေါ်ဖီစိမ်းကို ပန်းဂေါ်ဖီစိမ်းလို့ခေါ်မယ့် အစားရယ်ရတဲ့ နာမည်တစ်ခုခုပြောင်းပေးတာမျိုးလုပ်ပေးပါ။ အစားအသောက်တွေကို ကလေးတွေကြိုက်နှစ်သက်လောက်တဲ့ ရယ်စရာကောင်းတဲ့နာမည်လေးတွေပေးပေးတာက၊ အစားအစာတွေမှာပါတဲ့ စကားလုံးတွေနဲ့ဆက်စပ်ပြီး ပုံပြင်လေးတွေဖန်တီးပေးတာက ကလေးတွေကိုအစားစာချင်စိတ်ပိုမိုဖြစ်စေမယ့်အပြင် အစားစားတဲ့အချိန်တွေမှာပျော်ရွှင်မှုရရှိစေမှာဖြစ်ပါတယ်။

    ထမင်းစားခန်းကို ပြင်ဆင်သူဖြစ်ခွင့်ပေးလိုက်ပါ။

    ကလေးက စားဖိုမှူးတစ်ဦးဖြစ်ဖို့အရမ်းငယ်သေးတာကြောင့် စားဖိုမှူးလုပ်ခိုင်းဖို့မဖြစ်နိုင်ဘူးဆိုရင် ထမင်းစားခန်းကို စီစဉ်သူတော့ဖြစ်ခွင့်ပေးလိုက်ပါ။

    လက်သုတ်ပဝါကို တိရစ္ဆာန်ရုပ်လေးတွေ ခေါက်စေတာ (သို့) ပုံစံအမျိုးမျိုးခေါက်စေတာမျိုး ခေါက်ခွင့်ပေးလိုက်ပါ။ မိသားစုဝင်တွေကို ထမင်းစားဖို့ အသင့်ပြင်ပြီးတဲ့အကြောင်း အသိပေးခိုင်းတာ နဲ့ အဓိကဟင်းလျာက ဘာလဲဆိုတာမျိုးကို ကြေညာခွင့်ပေးလိုက်ပါ။

    အစားအစာတွေနဲ့ ကစားခွင့်ပေးလိုက်ပါ

    ညစ်ပတ်လောက်တဲ့အထိ ကစားတာမျိုးတော့မလုပ်ပါနဲ့။ အစားအသောက်တွေကို အရောင်အသွေးစုံစုံလင်လင်ဖြစ်အောင် ပြင်ဆင်တာ မိသားစုဝင်တွေအားလုံး စားသောက်ပွဲတွေပြင်ဆင်ရာမှာ လှလှပပပြင်ဆင်ခြယ်သတာမျိုးတွေလုပ်ဆောင်ပေးလို့ရပါတယ်။ အစားအသောက်တွေကို အရောင်အသွေးစုံစုံလင်လင်နဲ့ ရယ်စရာကောင်းအောင်ပြင်ဆင်တာကလည်း ကလေးကို အစားစားဖို့ပျော်ရွှင်စေမယ့်နည်းလမ်းတစ်ရပ်ပါ။

    ကလေးအကြိုက်ရွေးချယ်ခွင့်ပေးလိုက်ပါ။

    ကလေးကို အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ ဘာချက်ရမလဲဆိုတာကို သူတို့သဘောကျ လုပ်ပေးလိုက်ပါ။ ဘာတွေထည့်ချက်ရမလဲဆိုတာကို သူတို့စိတ်ကြိုက်ပေးထည့်လိုက်ပါ။ မိသားစုထမင်းပွဲပြင်ဆင်ရာမှာလည်း ပါဝင်ခွင့်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကလေးပြင်ဆင်ထားတဲ့ အစားအသောက်ကိုကောင်းကောင်းစားပေးလိုက်ပါ။

    ကိုယ်တိုင် ပီဇာလုပ်ခွင့်ပြုလိုက်ပါ။

    ကလေးကို အသီးအရွက်တွေစားဖြစ်အောင် ကိုယ်တိုင်အသေးစားပီဇာလေးကို လုပ်ဆောင်ခွင့်ပြုလိုက်ပါ။ ပီဇာလုပ်ရာမှာ ထည့်မယ့်ဟင်းသီးဟင်းရွက်တွေကို သူတို့စိတ်ကြိုက်ပုံစံလှီးဖြတ်ပေးလိုက်ပါ။ ကလေးတွေအတွက် လွယ်ကူရိုးရှင်းတဲ့ အဆာပလာလေးတွေကို ရှာဖွေပေးပါ။

    ဥယျာဉ်ခြံလေးတစ်ခုစိုက်ပျိုးပေးပါ။

    ကလေးတွေကို အသီးအရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးပြီး ရိတ်သိမ်းစားသောက်နိုင်စေဖို့အတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းလေးတွေ စိုက်ပျိုးထားပေးတာမျိုးလုပ်ဆောင်ပေးပါ။

    ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားမလဲဆိုတဲ့အကြောင်း ကလေးငယ်နဲ့ပြောဆိုဆွေးနွေးပါ။

    ဒီအချက်ကရိုးရှင်းတယ်လို့ထင်ရပေမယ့် ကလေးတွေကို မှန်မှန်ကန်ကန် စားသောက်နေထိုင်တတ်အောင် သင်ကြားပေးဖို့လိုအပ်ပါတယ်။ ကလေးကို ပန်းသီးက သကြားလုံးတွေထက် ပိုကောင်းတယ်ဆိုတာကို သိအောင်ပြောပြပေးပါ။ ဒါ့အပြင် ကလေးကို အာဟာရတန်ဖိုးတွေကို သိအောင်သင်ကြားပေးပါ။ ဘယ်အစားအစာတွေက နေ့စဉ်စားသုံးသင့်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေလဲဆိုတာနဲ့ ဘယ်အစားအစာတွေကတော့ မဖြစ်မနေပါသင့်တာမျိုးမဟုတ်ဘဲ တစ်ခါတလေမှာ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝအောင်စားသုံးသင့်တဲ့အရာတွေလဲဆိုတာကိုပြောပြပေးရမှာဖြစ်ပါတယ်။

    ကလေးတွေကို စူပါမားကတ်တွေကိုခေါ်သွားပြီး စားသောက်ကုန်တွေမှာပါတဲ့ အညွှန်းတွေကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်တတ်အောင်သင်ပေးပါ။ ဘယ်လိုဈေးဝယ်ရလဲဆိုတာကိုလည် သင်ပေးရမှာဖြစ်ပါတယ်။

    ဟင်းလျာတွေကိုမြည်းခိုင်းပါ။

    ဟင်းချက်တာရဲ့ပျော်စရာအကောင်းဆုံးအချိန်ကို လက်မလွှတ်မိပါစေနဲ့။ ဟင်းတွေချက်ပြီးတဲ့အခါ ကလေးနဲ့အတူတူမြည်းကြည့်ပါ။ စွပ်ပြုတ်ကို နည်းနည်းလောက်ဖြစ်ဖြစ်မြည်းကြည့်တာမျိုး၊ ခရမ်းချဉ်သီးသေးသေးလေးတွေကို တစ်ကိုက်စာလောက်မြည်းကြည့်တာမျိုး လုပ်ပေးလို့လည်းရပါတယ်။ ကလေးကို ဘယ်လိုအရသာရှိလဲဆိုတာမြည်းစမ်းကြည့်ခိုင်းပါ။

    မီးဖိုခန်းကို သန့်ရှင်းတာမျိုးလုပ်ဆောင်ပါ။

    ကလေးတွေနဲ့အတူ ချက်ပြုတ်ရတာက ရှုပ်ပွတာကိုပိုဖြစ်စေတယ်ဆိုပေမယ့်ကောင်းတဲ့အချက်တစ်ချက်ကတော့ ကလေးတွေကို သန့်ရှင်းရေးလုပ်ရတာကို နှစ်သက်သွားစေတာပဲဖြစ်ပါတယ်။ မီးဖိုခန်းကိုသန့်ရှင်းရေးလုပ်တာက ချက်ပြုတ်ခြင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဆိုတာကို ကလေးကိုသင်ပေးပါ။ ထမင်းစားစားပွဲကို သန့်ရှင်းဖို့လည်း ကလေးကို သင်ပေးပါ။

    အထက်ပါနည်းလမ်းလေးတွေကို အကျိုးရှိရှိအသုံးချပြီး ကလေးတွေကို အစားစားချိန်တိုင်းကပျော်စရာအချိန်တွေဖြစ်အောင်ပြင်ဆင်ပေးနိုင်ကြပါစေကြောင်း။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement