backup og meta

ကိုယ့်ကလေးမှာ ဘာဓာတ်တွေ ချို့တဲ့နေလဲ သိကြရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေးမှာ ဘာဓာတ်တွေ ချို့တဲ့နေလဲ သိကြရဲ့လား

    ကိုယ့်ကလေးမှာ ဘာဓာတ်တွေ ချို့တဲ့နေလဲ သိကြရဲ့လား ….. ကိုယ့်ကလေး က သူများ လောက် ထွားရဲ့လား၊ ဉာဏ်ကောင်းရဲ့လား ဆိုတာတော့ မိဘတွေ အမြဲ ဆန်းစစ် နေလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုထွားဖို့၊ သန်မာဖို့၊ ဉာဏ်ရည် ဖွံ့ဖြိုးဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေ ကိုတော့ ကလေးမှာ ပြည့်ဝ နေရဲ့လား သေချာမသိကြပါဘူး။

    ကိုယ့်ကလေးမှာ ဘာဓာတ်တွေ ချို့တဲ့နေလဲ သိကြရဲ့လား

    ကိုယ့်ကလေးမှာ ဘာဓာတ်တွေ ချို့တဲ့နေလဲ သိကြရဲ့လား မသိသေးဘူးဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကလေးမှာ လိုအပ်တဲ့ အာဟာရဓာတ် တွေ ချို့တဲ့နေ၊ လိုအပ်နေ၊ မလုံလောက်နေဘူး ဆိုရင် ဒီလက္ခဏာတွေ တွေ့ရတတ် ပါတယ်နော်။

    (၁) အငြိမ်မနေတာ လွန်ကဲခြင်း

    ကလေး က အနားမနေဘဲ ဆော့နေရင် ကျန်းမာရေး ကောင်းတဲ့ လက္ခဏာ လို့ အများစုက မှတ်ယူထားကြ ပါတယ်။ ဒါပေမယ့် ကလေးတွေ မှာ အတက်ကြွလွန်နေတဲ့ အခါ အစာခြေစနစ် က အားနည်းသွားပြီး ဒီအနေအထား က ခန္ဓာကိုယ် ကို အာဟာရဓာတ် တွေ စုပ်ယူရာမှာ အခက်တွေ့စေ ပါတယ်။

    (၂) စိတ်ပိုင်း ဆိုင်ရာ အားနည်းခြင်း

     ဦးနှောက် တွင်းမှာ စိတ်ဖိစီးတာ နဲ့ စိတ်ဓာတ်ကျတာ တွေ လိုမျိုး စိတ်ပိုင်းဆိုင်ရာ အားနည်းတာတွေက အာဟာရ ချို့တဲ့မှု ရဲ့ လက္ခဏာရပ် တွေ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် ထဲမှာ ဦးနှောက် ရဲ့ လုပ်ဆောင်ချက် ကို မှန်ကန်စေဖို့ အတွက် အရေးပါတဲ့ အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။

    (၃) ဆံပင်နဲ့ အသားအရေ ခြောက်သွေ့ခြင်း

    ကလေးရဲ့ ဆံပင် နဲ့ အသားအရေ ခြောက်သွေ့တာ က သူ့မှာ ဗီတာမင် အေ၊ ဒီ၊ အီး နဲ့ ကေတူး တို့ ချို့တဲ့နေတာ ကြောင့်ဖြစ်ပါတယ်။ ကိုယ့်ကလေး ရဲ့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေ မှာ အဆီကို ပျော်ဝင် စေနိုင်တဲ့ အရည်အသွေးမြင့် ဗီတာမင် တွေကို ထည့်သွင်း ကျွေးမွေးပေးသင့် ပါတယ်။

    (၄) စကားပြော အခက်အခဲ ရှိခြင်း

    စကားပြော နောက်ကျတာ လိုမျိုး စကားပြောရာမှာ အခက်အခဲရှိတာ က ပုံမှန်အားဖြင့်တော့ မျိုးရိုးလိုက်တာကြောင့် ဖြစ်တယ် ဆိုပေမယ့် ဒါဟာ ကလေး မှာ ဗီတာမင် ဘီတွဲ ချို့တဲ့နေတယ် ဆိုတာ ကို ဖော်ပြနေတာဖြစ်ပါတယ်။

    ဒီ အနေအထားကို ကာကွယ်ဖို့ ကိုယ့်ကလေး ရဲ့ အစားအသောက် တွေ ထဲမှာ ဗီတာမင် ဘီတွဲ ကြွယ်ဝတဲ့ အစားအသောက် တွေ ထည့်သွင်း ကျွေးမွေးပေးရပါမယ်။

    (၅) သွား မညီခြင်း

    သွားတွေ မညီမညာထွက်တာ က မျိုးရိုးလိုက်တတ်လေ့ ရှိတယ် ဆိုပေမယ့် သိပ္ပံနည်းကျ သုတေသန ပြုလုပ်ထားတဲ့ ပညာရှင်တွေ ကတော့ သွားတွေ ထပ်တာက အာဟာရ ချို့တဲ့မှု ကြောင့် အဖြစ်များတယ် ဆိုပါတယ်။

    ကိုယ်ဝန်ဆောင် ကာလ ကတည်းက မိခင်က အာဟာရ မျှတအောင် မစားသုံးရင် မွေးဖွားလာတဲ့ ကလေးတွေမှာ သွားတွေ မညီမညာထွက်လေ့ ရှိပါတယ်။

    (၆) သွားပိုးပေါက် ဖြစ်ခြင်း

    မိဘ တော်တော်များများ က ကလေးတွေ ရဲ့ သွားတွေမှာ သွား ပိုးပေါက် တွေ ဖြစ်တာကို အချိုပါတဲ့ အစားအစာတွေ နဲ့ သကြားလုံးတွေ စားတာကြောင့် လို့ ယူဆနေကြပါတယ်။

    ဆရာဝန်တွေ ကတော့ ကလေးတွေ ရဲ့ ခန္ဓာကိုယ်ထဲမှာ သွားတွေ အခေါင်းပေါက် ဖြစ်ပေါ်မှုကို ပြန်လည် ဖာထေးပေးနိုင်မယ့် သတ္တုဓာတ်တွေ နဲ့ အဆီ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေ မရှိတာ ကြောင့် ဖြစ်တယ်၊ လို့ ယူဆထားကြ ပါတယ်။

    (၇) မကြာခဏ ဖျားနာခြင်း

    အချို့ ကလေးလေး တွေဟာ မကြာခဏ ဖျားနာလေ့ ရှိပြီး သူတို့ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေ ကို ပြောင်းလဲ စားသုံးပေးတာက သိသိသာသာ ပြောင်းလဲမှုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

    ကလေးကို အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးပေးခြင်းဖြင့် ကိုယ်ခံအားစနစ် ကို ပိုမို ကောင်းမွန်စေပြီး အလွယ်တကူ ဖျားနာတာ မျိုး ကင်းဝေးသွားပါ လိမ့်မယ်။

    ပြီးပြည့်စုံတဲ့ ကျန်းမာရေး ကို ရရှိဖို့ ဆိုတာ က ကလေးကို အာဟာရ ပြည့်ဝပြီး အရသာရှိလှတဲ့ အစားအသောက်တွေ ကို ကျွေးမွေး ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ကလေး ကို အာဟာရချို့တဲ့မှု အန္တရာယ် ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement