backup og meta

ကလေးတွေအတွက် ကျန်းမာတဲ့သရေစာ


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သရေစာမုန့်တွေ၊ အစားအသောက်တွေဟာ ကလေးတွေနဲ့မကင်းနိုင်တဲ့အရာဆိုတာမေမေတို့ငြင်းလို့မရပါဘူး။ အပြင်ကဝယ်ကျွေးတာနဲ့ ကိုယ်တိုင်လုပ်ကျွေးတဲ့ သရေစာပဲ မတူတာရှိမယ်။ ထမင်းကျွေးချိန်မှာ ရှိနေတဲ့ သူတို့လေးတွေရဲ့မျက်နှာအမူအရာတွေက သရေစာမုန့်တွေစားခါနီးသောက်ခါနီးပျော်နေပုံနဲ့ သိပ်ကိုကွာခြားနေတယ်မဟုတ်လား။

    ကလေးဆိုတာ ငိုနေရင်၊ စိတ်ကောက်နေရင်တောင် သူကြိုက်တဲ့သရေစာမုန့်လေးကျွေးလိုက်ရင်ပြုံးသွားတာမျိုး။ အဲဒီမှာပြဿနာရှိလာတော့တာပါပဲ။ ကလေးကြိုက်တဲ့အစားအသောက်တွေဆိုတာ အားလုံးကဘေးမကင်းနိုင်လို့ပါပဲ။ ဈေးကွက်က သရေစာအစားအသောက်တွေဆိုတာလည်း ကလေးတွေကြိုက်လောက်မယ့် အရောင်၊ အနံ့၊ ဒီဇိုင်း၊ ထုပ်ပိုးမှုပုံစံ၊ အရသာဖြစ်အောင် ဖန်တီးကြတာမို့ ကျန်းမာရေးအတွက် စိတ်ချရဖို့မသေချာသလို အာဟာရလည်း မပြည့်ဝပါဘူး။ နောက်ဆက်တွဲအနေနဲ့ အဝလွန်တာလို သရေစာစွဲနေတာလိုမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ မိဘတွေကကျတော့ သရေစာကျွေးတဲ့အခါမှာ ကလေးတွေစိတ်ကျေနပ်အောင်ကျွေးလိုက်တာတွေရှိသလို အဆာပြေဖို့၊ အာဟာရပိုပြည့်စေဖို့ ရည်ရွယ်တာလည်းပါပါတယ်။ ဒီတော့ ကလေးကြိုက်တာတွေချည်း အလိုလိုက်တာမဟုတ်ဘဲ စားသင့်တဲ့ အာဟာရပြည့်သရေစာတွေကို ရွေးချယ်ပြီး ကလေးကြိုက်အောင်လုပ်ပေးဖို့ကမေမေတို့တာဝန်ဖြစ်ပါတယ်။

    ကလေးတွေအများဆုံး စားသုံးလေ့ရှိတဲ့ သရေစာတွေထဲမှာ အကျိုးပြုတာရော၊ မပြုတာရော ဒွန်တွဲနေတာတွေပါဝင်ပါတယ်။ တစ်ခါတလေ ကလေးတွေအာဟာရပြည့်ဝမှု၊ ဖွံ့ဖြိုးကြီးထွားမှုတွေအတွက် အကျိုးကျေးဇူးရှိတယ်လို့ယူဆပြီး မိဘတွေအမြဲကျွေးမွေးလေ့ရှိတာတွေက ကလေးအတွက် ဆိုးကျိုးတွေရှိနေနိုင်တာလည်း သတိပြုစရာပါ။

    ကလေးအတွက် ကျန်းမာတဲ့သရေစာများ

    ဒိန်ချဉ်

    ကလေးရဲ့အစာခြေစနစ်နဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက်ကောင်းတဲ့ ဒိန်ချဉ်ဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တချို့ဖြည့်စွက်ထားတယ်ဆိုတဲ့ Fortified Yoghurtတွေကိုနေ့စဉ်တိုက်တဲ့အခါ Malted drink တွေလိုပဲ အချိုများနေနိုင်ပါတယ်။ ဒါ့ကြောင့် ဒိန်ချဉ်သီးသန့်ကိုဝယ်ပြီး သစ်သီးလေးတွေထည့်၊ အချိုကို ကိုယ်လိုသလိုချင့်ချိန်ကျွေးတာကောင်းပါတယ်။

    ပဲနို့

    ပဲနို့မှာ ပရိုတင်းဓါတ်ကြွယ်ဝပြီး ဗီတာမင်ဓါတ်တွေပါဝင်လို့ကောင်းတဲ့အာဟာရအရင်းအမြစ်တစ်ခုဖြစ်ပေမယ့်ရေရှည်တိုက်ကျွေးမယ်ဆို အချိုဓါတ်ပမာဏကို သတိပြုသင့်ပါတယ်။ လတ်ဆတ်မှုရယ်၊ တာရှည်ခံပစ္စည်းရယ်၊ အရည်အသွေးရယ်ကိုလည်း ဂရုစိုက်ရွေးချယ်သင့်ပါတယ်။

    ဂျုံနဲ့လုပ်တဲ့မုန့်တွေ

    ပေါင်မုန့်၊ကိတ်မုန့်၊ ဘီစကစ်၊ကွတ်ကီးစတဲ့ ဂျုံနဲ့လုပ်တဲ့စားစရာတွေက အရသာရှိပြီး ဗိုက်ပြည့်စေတဲ့သရေစာမုန့်တွေပါ။ ဒါကတော့ ထုတ်လုပ်မှုပါဝင်ပစ္စည်းတွေကို သတိပြုစရာရှိပါတယ်။ အချိုများတာ၊ အဆီများတာ(ပြည့်ဝဆီတွေပါနေတာ)၊ တာရှည်ခံပစ္စည်းတွေ စတာတွေမပါတဲ့အမျိုးအစားကိုဆိုမှ သင့်တော်မှာဖြစ်ပါတယ်။

    ကွေကာအုပ်

    အုတ်ဂျုံကိုအခြေခံတဲ့ကွေကာအုပ်တွေဟာ လူကြီးကလေးတွေအတွက် အားပြည့်စေတဲ့အာဟာရသရေစာတစ်ခုအဖြစ် အရင်တည်းက သိထားကြပါတယ်။ကွေကာအုပ်လေးထဲ နွားနို့လေးထည့်၊ မုန့်လေးထည့်ပြီးလည်းကျွေးတတ်ကြပါတယ်။ ဒါပေမယ့် အသင့်သောက်ကွေကာတချို့မှာ အချိုများနေမှာကို သတိပြုပါ။

    အဆင့်မြင့်ပရိုတင်း

    ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့အသားဓါတ်ပြည့်ဝမှုအတွက်ဖြည့်တင်းပေးနိုင်မယ့် ပရိုတင်းမှုန့်တွေရှိပါတယ်။ အစားအသောက်ကနေ ပရိုတင်းဓါတ် အလုံအလောက်မရတဲ့အခါ အာဟာရချို့တဲ့မှုနောက်ဆက်တွဲတွေဖြစ်လာမှာကို သူကကာကွယ်ပေးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ BRAND’S က ထုတ်လုပ်တဲ့ NutriChamp အဆင့်မြင့် ပရိုတင်းမှုန့်က အချိုများတာကိုစိတ်ပူစရာမလိုတဲ့ အကောင်းဆုံး ပရိုတင်းအရင်းအမြစ်ဖြစ်တဲ့အပြင် ဗီတာမင်နဲ့သတ္တုဓါတ် (၁၈) မျိုးပါဝင်လို့ အာဟာရအတွက် ကွက်တိပါပဲ။ အနံ့အရသာအတုတွေသုံးမထားဘဲ ကြက်သားကိုအခြေခံထုတ်လုပ်တဲ့အဆင့်မြင့်ပရိုတင်းဖြစ်တဲ့အတွက်ဖျော်တိုက်တဲ့အခါ ကလေးတွေနှစ်သက်အောင် နွားနို့နဲ့ရောဖျော်တာဖြစ်ဖြစ်၊ တခြားစားစရာတွေမှာထည့်ကျွေးတာဖြစ်ဖြစ် စီမံပေးလို့ရပါတယ်။ သူ့ရဲ့အားသာချက်က အစာကြေလွယ်ပြီး ခန္ဓါကိုယ်မှာ စုပ်ယူနိုင်စွမ်းမြန်ဆန်စေတာဆိုတော့ ကြက်သားဟင်းကျွေးတာထက် ထိရောက်မှုပိုမြန်ပါတယ်။ ဒီအဆင့်မြင့်ပရိုတင်းပါတဲ့ကြက်သားမှုန့်ကိုလည်း ကလေးကို သရေစာတစ်ခုအနေနဲ့ အလွယ်တကူဖျော်တိုက်လို့ရပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement