backup og meta

ကလေးများအတွက် အကောင်းဆုံး အစားအစာ(၈)မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက် အကောင်းဆုံး အစားအစာ(၈)မျိုး

    ကလေးများသည် အထူးသဖြင့် ပထမအသက်သုံးနှစ်အရွယ်တွင် လုံလောက်သော အာဟာရရရှိဖို့ လိုအပ်သည်။ သို့မှသာ ကောင်းမွန်စွာဖွံ့ဖြိုးကြီးထွားနိုင်မည်ဖြစ်သည်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ ထိုသုံးနပ်အပြင် သတ္တုဓာတ်၊ ဗီတာမင်၊ အမျှင်ဓာတ်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆီများရဖို့အတွက် အောက်ဖော်ပြပါ အစားအစာများကို ထပ်မံကျွေးမွေးသင့်ပါသည်။

    ၁။ ဘယ်ရီ

    စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီနှင့် အခြားသော ဘယ်ရီသီး အမျိုးအစားများသည် အရသာရှိရုံသာမက အာဟာရများနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝကြသည်။ ဘယ်ရီသီးများ စားသုံးခြင်းသည် ကလေး၏ အမျှင်စုပ်ယူနိုင်စွမ်းကို တိုးတက်စေသည်။ ဘယ်ရီသီးများကို အလုံးလိုက်စားနိုင်သကဲ့သို့ ဘယ်ရီသီးမှ ပြုလုပ်ထားသော အချိုရည်များနှင့် ပို၍စေးပျစ်သော အချိုရည်များကိုလည်းကလေး၏ သရေစာအဖြစ် ကျွေးနိုင်ပါသည်။

    ၂။ ထောပတ်သီးများ

    စွမ်းအင်ပေးစွမ်းသော အစားအစာတွင် ပါဝင်သော နောက်ထပ်အသီးအနှံတစ်ခုမှာ ထောပတ်သီး ဖြစ်ပါသည်။ ထောပတ်သီးများသည် သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါသည်။ ထောပတ်သီးများသည် နှလုံးရောဂါဖြစ်ပွားစေသည့် ကိုလက်စထရော၊ မကောင်းသော အဆီများကို လျှော့ချပေးပြီး ကောင်းသောအဆီများ ကျန်းမာရေးနှင့် ညီညွတ်သော အဆီများကို ပေးစွမ်းပါသည်။ ကလေးများသည် အမျှင်မစားသောအခါတွင် ဝမ်းချုပ်တတ်ပါသည်။ ကလေးများစွာသည် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသုံးလေ့မရှိပါ။ ထို့ကြောင့် မိဘများအနေဖြင့် မိမိကလေးများကို အမျှင်ဓာတ်နှင့် ဗီတာမင်များ ပိုမိုကြွယ်ဝစွာ ရရှိစေရန်အတွက် ထောပတ်သီးများ စားခိုင်းသင့်ပါသည်။

    ၃။ ငါး

    ကျွန်ုပ်တို့အားလုံး သိရှိပြီးသည့်အတိုင်းပင် ငါးတွင် အိုမီဂါသရီး (omega 3)၊ ဖက်တီးအက်ဆစ် (fatty acid) များစွာ ပါဝင်ပါသည်။ ၎င်းတို့သည် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဖြည့်ဆည်းပေးပါသည်။ ဆော်လမွန်ငါးကဲ့သို့သော ငါးများစားခြင်းက ကလေး၏ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး မှတ်ဉာဏ်ကိုလည်း ပိုမိုတိုးတက်စေပါသည်။ သို့သော်လည်း ကလေးများသည် ငါးများကို ကြိုက်လေ့မရှိပါ။ အကယ်၍ သင်၏ ကလေးသည် လတ်ဆတ်သော ငါးကို မကြိုက်ပါက သင်သည် ကလေးကို ငါးဟင်း သို့မဟုတ် ငါးကင်စသည်ဖြင့် အရသာပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသည့် ငါးအမျိုးအစားများကို ကျွေးနိုင်ပါသည်။ ငါးကင်များ သို့မဟုတ် ငါးပါဝင်သော အသုပ်များသည် ကလေးအား စားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါသည်။

    ၄။ အစေ့များ

    အသက်သုံးနှစ်ကျော်သော ကလေးများကို နေကြာစေ့ကဲ့သို့သော အစေ့များ စတင်ကျွေးမွေးနိုင်ပြီ ဖြစ်ပါသည်။ ထိုအစေ့အဆံများသည်သတ္တုဓာတ်များ၊ ခန္ဓာကိုယ်အတွက် ကောင်းမွန်သော အဆီများ၊ အသားဓာတ်များ၊ အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ အစေ့များသည် အလွန်အရသာရှိပြီး သယ်ယူထုတ်ပိုးရလွယ်ကူသော အချိုပွဲပင် ဖြစ်ပါသည်။ အစေ့များကို သင်၏ မိသားစုအတွက် ကိတ်မုန့်များ ပြုလုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ အစေ့များကို အာဟာရဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရေခဲသေတ္တာထဲတွင်သိုလှောင်ဖို့ အကြံပြုထားပါသည်။

    ၅။ အစိမ်းရင့်ရောင် အရွက်များ

    ဂေါ်ဖီထုပ်၊ ကိုက်လန် အစရှိသော အစိမ်းရင့်ရောင်အရွက်များကို ကလေးများအား ကျွေးသင့်ပါသည်။ ၎င်းတို့တွင် သံဓာတ်၊ ကယ်လ်စီယမ်၊ ဖောလိတ်၊ ဗီတာမင်စီ၊ အိုမီဂါသရီးဖက်တီးအက်ဆစ်နှင့် အမျှင်ဓာတ်များ ပါဝင်ပါသည်။ ထိုအရွက်များကို ကလေး၏  အစားအစာများတွင် ထည့်သွင်းကျွေးမွေးသင့်ပါသည်။ ဤသို့ အလေ့အကျင့်လုပ်ပေးခြင်းအားဖြင့် ကလေးများ အသက်ကြီးလာသောအခါတွင်လည်းအရွက်များ စားလေ့စားထ ရသွားမည်ဖြစ်ပါသည်။ ထိုအရွက်များဖြင့် ဟင်းချိုများ၊ စွပ်ပြုတ်များပြုလုပ်၍ ကလေးအား ကျွေးနိုင်ပါသည်။

    ၆။ ဂျုံဖြင့် ပြုလုပ်ထားသော အုတ်မီးလ်(oat meal)

    အကယ်၍ သင့်ကလေးသည် ဥများ၊ အသားညှပ်ပေါင်မုန့်များကို မစားချင်ဘူးဆိုပါက သင်သည် (oat meal) ဂျုံမှုန့်မှ ရရှိသောအာဟာရ (oat meal)ကို ကျွေးနိုင်ပါသည်။ ၎င်းသည် အရသာရှိသော မနက်စာတစ်ခု ဖြစ်ပါသည်။ အမျှင်ဓာတ်လည်း ပေးစွမ်းနိုင်ပါသည်။ ဤဂျုံမှရရှိသောအာဟာရ (oat meal) တွင် သကြားနှင့် အခြားပါဝင်ပစ္စည်းများ နည်းပါးစွာ ပါဝင်ပါသည်။ ဤ (oat meal) ဂျုံဖြင့် ပြုလုပ်သော အာဟာရကို စားခြင်းဖြင့် သင်၏ကလေးသည် တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေနိုင်ပြီး သွေးတွင်းသကြားဓာတ် ပမာဏမျှတစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

    ၇။ ကန်စွန်းဥများ

    ကန်စွန်းဥများသည် အမျှင်ဓာတ်ကြွယ်ဝပြီး သင်၏ ကလေးအတွက် စွမ်းအင်ရရှိနိုင်သော အစားအစာဖြစ်ပါသည်။ ကန်စွန်းဥများတွင် ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အပါအဝင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် သံဓာတ်ကဲ့သို့သော သတ္တုဓာတ်များပါရှိသောကြောင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement