backup og meta

သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ

    ကလေးကို အိုင်းစတိုင်းလောက် ဉာဏ်ရည် မြင့်အောင် မမွေးမြူနိုင်တာ သင့်အပြစ် မဟုတ်ဘူး၊ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ အရာတွေ ကျွေးမိနေတာ မသိရင်တော့ သင့်အပြစ်ပဲ။ ဘာလို့ဆို ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု အပေါ် သက်ရောက်နိုင်တဲ့ အချက်တွေထဲမှာ အစာအာဟာရက ထိပ်ဆုံးက ပါဝင်လို့ပါပဲ။ ဒါကြောင့် ဘယ်အစားအစာတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

    သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ

    ဘာတွေကများ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

    • အချိုများတဲ့ သောက်စရာတွေ

    အချိုများတဲ့ သောက်စရာတွေက အဝလွန်ခြင်းကို ဖြစ်စေတဲ့အပြင် အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဦးနှောက်ကိုလည်း ဆိုးကျိုးသက်ရောက်နိုင်တယ်တဲ့။

    တိရိစ္ဆာန်လေးတွေမှာ လေ့လာချက်အရ အချို များများစားရင် မှတ်ဉာဏ် ချို့ယွင်းခြင်းနဲ့ သင်ယူလေ့လာနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်စေနိုင်တယ်လို့ သုတေသန လေ့လာမှုတွေက တွေ့ရှိထား ပါတယ်။

    ကလေးတွေအတွက် အကြိုက်ဆုံး စားစရာထဲမှာ ရေခဲမုန့်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်က ဝိတ်တက်တာနဲ့ ချောင်းဆိုးတာလောက်ပဲ ဖြစ်စေမယ်လို့ မထင်လိုက်ပါနဲ့။ တစ်ခါတလေက ဘာမှ မဖြစ်ပေမယ့် အမြဲ စားနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ရေခဲမုန့် တစ်ခွက်မှာ ပါဝင်တဲ့ ပြည့်ဝဆီ ၁၀ ဂရမ်က သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပြီး သကြား ၂၈ ဂရမ်က ဦးနှောက်လုပ်ဆောင်ချက်တွေကို ဟန်ချက် မညီ ဖြစ်စေနိုင်ပါတယ်။

    • ကြက်အူချောင်း၊ ဟော့ဒေါ့

    ပြုပြင်စီမံထားတဲ့ အစားအစာတွေမှာ အငန်ဓာတ်၊ အဆီတွေနဲ့ သကြား ပါဝင်မှုများပါတယ်။ အသင့်စားလို့ ရအောင်၊ တာရှည်ခံအောင်၊ အရသာ ပိုကောင်းအောင် စီမံ ထုတ်လုပ်ထားတာတွေ မှန်သမျှ ဆိုးကျိုး သက်ရောက်မှု အတူတူပါပဲ။ သူတို့မှာ ကယ်လိုရီ မြင့်ပေမယ့် အာဟာရဓာတ် ကျတော့ နည်းလွန်းပါတယ်။ ကိုယ်အလေးချိန်ကို တက်စေပြီး ဦးနှောက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

  • ပီဇာ
  • ပီဇာ၊ ဟမ်ဘာဂါ တို့လို အမြန်စား အစားအစာတွေက ဦးနှောက် အတွက် ဆိုးကျိုးပေးတဲ့ အဆီ အမျိုးအစား ပေါင်းစုံ စုပြီး ပါဝင်နေတဲ့ အရာတွေပါ။ အသင့် အမြန်စား စားစရာတွေ စားတာများရင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်လာနိုင်ပြီး အာရုံစူးစိုက်ရ ခက်ခဲစေနိုင်ပါတယ်လို့ လေ့လာတွေ့ရှိချက် တွေက ဆိုပါတယ်။

    အသွင်ပြောင်း ဆီတွေဟာ ဦးနှောက် ကျန်းမာရေးအတွက် ဘေးအန္တရာယ် များစေနိုင်တဲ့ မပြည့်ဝဆီ အမျိုးအစားထဲ ပါဝင်ပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ တွေ့ရတတ်တဲ့ အသွင်ပြောင်း ဆီ အတုတွေက ပိုဆိုးပါတယ်။ ဒါတင် မကသေးဘဲ ဆားပါဝင်မှု များတာကြောင့် နှလုံး ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်လို့ တတ်နိုင်သလောက် မကျွေးတာ ကောင်းပါတယ်။

    ဆီကြော် အစားအစာတွေက အဝလွန်ခြင်း၊ နှလုံးရောဂါတို့ အတွက် အန္တရာယ် ဖြစ်စေရုံမက အယ်ဇိုင်းမား ရောဂါ ဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်တဲ့။ ပြည့်ဝဆီတွေ၊ ကိုလက်စထရောတွေ ပါတဲ့ ဆီကြော် အစားအစာတွေက ဦးနှောက် သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

    ဒီအစားအစာတွေက ကလေးတွေ အကြိုက်ဆုံး အစားအစာတွေပါ။ ဒါပေမဲ့ ကျန်းမာရေး မထိခိုက်အောင်  တတ်နိုင်သမျှ လျှော့ကျွေးဖို့၊ ဒီအစားအစာတွေကို ဆုပေးဒဏ်ပေးတဲ့အနေနဲ့ မသုံးဖို့လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement