backup og meta

ကလေးတွေရဲ့ ကြီးထွားမှုအတွက် ဗီတာမင်တွေရဲ့ အရေးပါမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေရဲ့ ကြီးထွားမှုအတွက် ဗီတာမင်တွေရဲ့ အရေးပါမှုများ

    ဗီတာမင်ဆိုတာကတော့ အခြေခံအားဖြင့် ရှင်သန်ခြင်းရဲ့ အဓိက ရင်းမြစ်လို့ အဓိပ္ပါယ်ရပါတယ်။ ဗီတာမင်တွေနဲ့သတ္တုဓါတ်တွေဟာ ကျွန်တော်တို့ခန္ဓါကိုယ်တွေ အထူးသဖြင့် ကလေးတွေအတွက် အရေးပါတဲ့ ကွန်ပေါင်းတွေပါပဲ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကျွန်တော်တို့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးပါတယ်။

    မြင်သာအောင်ပြောရမယ်ဆိုရင် အရိုးတွေ၊ ကြွက်သားတွေ၊ အရည်ပြားတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ တည်ဆောက်နိုင်ဖို့အတွက်နဲ့ ကူးစက်ရောဂါတွေကိုလည်း ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တစ်ခုခု ချို့တဲ့ခြင်းဟာ ပြင်းထန်တဲ့ ပြဿနာတွေအများစုကို ဦးတည်စေတတ်ပါတယ်။

    ဗီတာမင်နဲ့ သတ္တုဓါတ်များ ၊ အခြေခံများ

    သင့်ကလေးဟာ သူ့ရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ (essential vitamins and minerals)ကို လိုအပ်ပါတယ်။ ဒီထဲမှာတော့ ဗီတာမင် A, B, C, D, E စသဖြင့်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ အိုင်အိုဒင်း၊ ဇင့် စသဖြင့်သော သတ္တုဓါတ်တွေပါဝင်နေပါတယ်။ သင့်ကလေးကို ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလုံလောက်လောက်ရရှိစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ စားစရာအမျိုးပေါင်းစုံကို စားသုံးတာပါပဲ။

    ဆိုလိုတာက ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ အဆီလျှော့ထားတဲ့ ဒါမှမဟုတ် အဆီလုံးဝမပါတဲ့ နို့ထွက်ပစ္စည်းတွေ (နို့၊ ချိစ် စသဖြင့်)၊ အသား၊ ငါး၊ ကြက်သား၊ ကြက်ဥ စတာတွေကိုစားသုံးဖို့ပါ။ ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ဟာ ဗီတာမင်၊ သတ္တုဓါတ်တွေနဲ့ အခြားသော အာဟာရတွေက စားစရာကနေရတဲ့အခါ ပိုပြီး စုပ်ယူနိုင်စွမ်းအားကောင်းပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ် ဖြည့်စွက်ပေးနိုင်တဲ့ အားဆေးတွေနဲ့ယှဉ်ရင်တောင်မှပေါ့။

    ဗီတာမင် အေ

    ဗီတာမင်အေဟာ ကလေးမှန်ကန်စွာကြီးထွားဖွံ့ဖြိုးစေဖိုပအတွက် အရေးအကြီးဆုံး ဗီတာမင်တွေထဲက တစ်ခုပါပဲ။ ဒီဗီတာမင်ဟာ အရိုးတွေကြီးထွားစေဖို့၊ အမြင်အာရုံကောင်းစေဖို့နဲ့ ရောဂါနဲ့ပိုးတွေကို တိုက်ဖျက်ရာမှာကူညီပေးနိုင်တဲ့ ခုခံအားစနစ်ဖွဲ့စည်းတဲ့နေရာတွေကို အလွန်ကို အရေးကြီးပါတယ်။ ဗီတာမင် အေက ကလေးငယ်ရဲ့ ခန္ဓါကိုယ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တွေကို ထုတ်လုပ်ပေးနိုင်စွမ်း တိုးတက်စေပါတယ်။

    ဒါ့အပြင် ဒီဗီတာမင်ဟာ ဆီးလမ်းကြောင်း၊အူလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းတွေ ဖွဲ့စည်းရာမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ကူညီပေးနိုင်ပါတယ်။ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်တဲ့ အစာတွေကတော့ နို့၊ အသည်းနဲ့ အမဲသား၊ ချိစ်၊ ဥနီဖျော်ရည်နဲ့ ဟင်းနုနွယ်တို့ပါပဲ။

    ဗီတာမင် ဘီ

    ဗီတာမင် B-2, B-3, B-5, နဲ့ B-12 တို့မှာ ကလေးတွေကြီးထွားစေဖို့ လိုအပ်တာတွေ အားလုံးပြည့်စုံပါတယ်။ ဗီတာမင် B-2ကိုတော့ riboflavin လို့သိကြပြီး ခန္ဓါကိုယ်က စားသုံးလိုက်တဲ့အစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့နေရာမှာ ကူညီပြီး ကြွက်သားတွေ၊ အာရုံကြောတွေနဲ့ နှလုံးဖွံ့ဖြိုးမှုတွေကို အားပေးပါတယ်။ ဗီတာမင် B-3ခေါ် Niacin ကတော့ စွမ်းအင်ထုတ်လုပ်မှုမှာ အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်ပါတယ်။

    ဒါ့အပြင် သူက အရေပြား၊ အာရုံကြောစနစ်နဲ့ အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်ကန်အောင် ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် B-5 သို့မဟုတ် pantothenic acid ကတော့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပါတယ်။ ဗီတာမင် B-12 သို့မဟုတ် cobalamin ကတော့ ကြီးထွားမှုပေါ် လွှမ်းမိုးနိုင်တဲ့ ဖောလစ်အက်စစ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ခန္ဓါကိုယ်က အသုံးပြုတဲ့နေရာမှာ ကူညီပေးပါတယ်။

    ဗီတာမင် C

    ဗီတာမင် C ကတော့ ရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဖြစ်ပြီး အချို့သောအစားစာတွေမှာပါဝင်ကာ ခန္ဓါကိုယ်တွင်းက ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေအဖြစ် လုပ်ဆောင်ပေးပါတယ်။ ဗီတာမင်စီဟာ အဓိကအားဖြင့် ပိုးဝင်တာတွေ၊ ရောဂါတွေနဲပ Fee radicals တွေကိုတိုက်ထုတ်တဲ့နေရာမှာ ကူညီပေးနေတဲ့အချိန်မှာ antioxidantတွေကတော့ ကော်လာဂျင်တွေထုတ်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။

    ဒီပရိုတိန်းဟာ ဒဏ်ရာတွေ ပျောက်ကင်းစေတဲ့နေရာမှာ အရေးကြီးပါတယ်။ သံဓါတ်ဟာလည်း ကြီးထွားစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်ဖြစ်ပြီး ဗီတာမင်စီက အစာခြေစနစ်ထဲရှိနေချိန်မှာ သံဓါတ်ကို ပိုပြီး ထိထိရောက်ရောက် စုပ်ယူနိုင်ပါတယ်။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကနေ ဗီတာမင်စီ ပမာဏအများကြီးထုတ်ပေးနိုင်ကြပါတယ်။ အထူးသဖြင့် ချဉ်တဲ့ (အက်စစ်ဓါတ်ပါတဲ့)အသီးတွေပေါ့။ ဥပမာ – လိမ္မော်သီး၊ သံပရာ၊ ဂရိတ်ဖု၊ pomelo နဲ့ သံပုရိုသီးတွေပါ။

    ဗီတာမင် ဒီ

    ဗီတာမင် Dကတော့ ကလေးတွေအတွက် အရိုးတွေကို ပိုပြီးသန်မာစေပါတယ်။ သူတစ်မျိုးတည်းနဲ့တော့ သန်မာတဲ့အရိုးတွေကို မဖန်တီးပေးနိုင်ပေမယ့် ခန္ဓါကိုယ်ကို ကယ်လ်စီယမ်တွေပိုပြီးစုပ်ယူစေနိုင်ဖို့ ကူညီပေးပါတယ်။ ကယ်လ်စီယမ်ကတော့ အရိုးဖွံ့ဖြိုးမှုနဲ့ သန်မာစေမှုအတွက် အရေးကြီးတဲ့ သတ္တုဓါတ်ပါ။ ဗီတာမင် D လုံလောက်အောင်မရရှိတဲ့ကလေးတွေဟာ ricketsဖြစ်နိုင်ချေများပြီး ဒီရောဂါက ကလေးရဲ့ အရိုးတွေကို ပျော့ပျောင်းကြွပ်ဆတ်စေပါတယ်။

    ဗီတာမင် D ရဲ့ အခြားသော ကောင်းကျိုးတွေကတော့ ခုခံအားစနစ်ကို အားပေးခြင်းနဲ့ အာရုံကြောနစ်တွေ မှန်ကန်စွာအလုပ်လုပ်စေခြင်းပါပဲ။ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့၊ အဆီများတဲ့ငါးတွေ (ဥပမာ- တူနာ Mackerel နဲ့ ဆယ်လ်မွန် စသဖြင့်) နဲ့ မှိုတွေဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement