ကလေးတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးမှာ သိချင်၊ တတ်ချင်လာကြတာ များပါတယ်။ မိမိတို့သိချင်တဲ့ ဗဟုသုတတစ်ခုကို လူကြီးတွေဆီမှာ တကူးတကမေးမြန်းစရာ မလိုတော့ဘဲ Google ခေါက်လိုက်ရုံနဲ့ ချက်ချင်းသိရှိနိုင်မှာပါ။
ဘာသာစကားတစ်ခုကို လေ့လာချင်တဲ့ ကလေးတွေအတွက်လည်း အတော်လေးအသုံးဝင်ပါတယ်။ ဖုန်းထဲက အဘိဓာန်(Dictionary)ကိုသုံးပြီး ရှာဖွေလိုက်ရုံပါပဲ။
(၂၀၁၅) ခုနှစ်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ (၈၈)ရာခိုင်နှုန်းသော ကလေးတွေမှာ စမတ်ဖုန်းတစ်လုံးစီရှိနေကြပါပြီ။ ကောင်းတဲ့အချက်တွေရဲ့ အနောက်မှာ ဆိုးကျိုးတွေဟာလည်း ဒွန်တွဲလျက် ရှိနေပါတယ်။
ကလေးတစ်ယောက်အတွက် စမတ်ဖုန်းတစ်လုံး၏ ဆိုးကျိုးများ
(၁) ကျန်းမာရေးရှုထောင့်
အရင်ကတော့ ကလေးတစ်ယောက်ကို အိပ်ပျော်အောင်သိပ်ဖို့ (သို့မဟုတ်) စောစောအိပ်ခိုင်းဖို့ဆိုတာ မိဘတွေအတွက် လွယ်ကူတဲ့ကိစ္စပါ။ ဒါပေမယ့် ခုခေတ်မှာတော့ ခက်ခဲသွားပါပြီ။ လေ့လာချက်တွေဟာ ဖုန်းအသုံးပြုတဲ့ ဆယ်ကျော်သက်ကလေးတွေမှာ အိပ်ရေးမဝခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။ အိပ်ရေးမဝတဲ့ နောက်ဆက်တွဲကတော့ ကျောင်းမှာလည်း စာကိုသေချာ မလေ့လာနိုင်တော့ပါဘူး။ အဝလွန်ရောဂါလည်း ဖြစ်ဖို့ရာခိုင်နှုန်းများလာပါတယ်။
(၂၀၁၄)ခုနှစ်မှာ လေ့လာချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်မှာ ဖော်ပြထားတာကတော့ (၈၀) ရာခိုင်နှုန်းသော ဆယ်ကျော်သက်တွေဟာ ၎င်းတို့အိပ်ပျော်ဖို့အတွက် မအိပ်ခင်မှာ ဖုန်းကြည့်ကြတယ်လို့ ဆိုထားပါတယ်။
ဓာတ်ရောင်ခြည် အန္တရာယ်ကတော့ နောက်ထပ်ကျန်းမာရေးဆိုးကျိုးပါပဲ။ စမတ်ဖုန်းတွေကနေ ဓာတ်ရောင်ခြည်လှိုင်းတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် လက်ကနေ ဖုန်းကိုင်ထားသည်ဖြစ်စေ၊ ဖုန်းပြောသည် ဖြစ်စေ၊ အိပ်တဲ့အချိန်မှာ ခေါင်းအနား၊ ခေါင်းအုံးအောက်မှာ ထားသည်ဖြစ်စေ ဓာတ်ရောင်ခြည်တွေကို ခန္ဓာကိုယ်က စုပ်ယူလိုက်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုတော့ သုတေသနလေ့လာချက် တွေက တိတိကျကျမဖော်ပြနိုင်ကြသေးပါဘူး။ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့တော့ ဖုန်းပြောတဲ့အခါ Speaker ဖွင့်ပြောတာမျိုး၊ ဖုန်းသုံးချိန်လျှော့ခိုင်းတာမျိုးတွေတော့ ပြုလုပ်ထား လို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။