backup og meta

လမ်းလျှောက်တတ်ခါစ သင့်ကလေး၏ ကိုယ်ရည်ကိုယ်သွေး အမျိုးအစား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းလျှောက်တတ်ခါစ သင့်ကလေး၏ ကိုယ်ရည်ကိုယ်သွေး အမျိုးအစား

    ကလေးမွေးဖွားချိန်မှစ၍ သူတို့လေးတွေကို ပြုစုပျိုးထောင်စဉ်တစ်လျှောက် သင်သည် မိဘတစ်ယောက်အနေဖြင့် ကလေး၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်ပြီး အတော်အသင့် သတိပြုမိနိုင်ပါသည်။ လေ့လာသူများက ကလေးတစ်ယောက်၏ သိသာထင်ရှားသော ကိုယ်ရည်ကိုယ်သွေးကို ဖော်ထုတ်ဖို့ နည်းလမ်းမျိုးစုံ စမ်းသပ်ကြိုးစားခဲ့ကြသည်။ လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်တွင် အတွေ့ရအများဆုံး ကိုယ်ရည်ကိုယ်သွေး သုံးမျိုးအကြောင်းကို ဤဆောင်းပါးတွင် ဆက်လက်ဖတ်ရှုလေ့လာကြည့်ပါ။

    ထိုအကြောင်းများကို သိရှိခြင်းအားဖြင့် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းကောင်းများကို လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။

    ကျွမ်းကျင်ပညာရှင်များ၏အဆိုအရ လမ်းလျှောက်တတ်ခါစ ကလေးများတွင် အခြေခံအားဖြင့် ကိုယ်ရည်ကိုယ်သွေး သုံးမျိုးရှိပါသည်။

    ၁။ ထိန်းရ လွယ်ကူသော ကလေး

    ထိန်းရလွယ်သော ကလေးငယ်ကို ပိုင်ဆိုင်ရခြင်းသည် အတွေ့ရနည်းသည်တော့ မဟုတ်ပါ။ ကလေးအားလုံး၏ တစ်ဝက်နီးပါးသည် ပြောရဆိုရလွယ်ကူသော ကလေးများအဖြစ် ယူဆ၍ ရပါသည်။ သင်သည် သူတို့လေးတွေ၏ အပြုအမူကို လေ့လာခြင်းအားဖြင့် သတိထားမိနိုင်ပါသည်။ သူတို့သည် တက်ကြွပုံပေါ်ပြီး အလွယ်တကူ ဒေါသထွက်ခြင်း မရှိ ၊ ကျွေးတာစားပြီး နေရာသစ်၊လူသစ်များနှင့် ရင်းနှီးလွယ်ကြသည်။ ထိုသို့သော ကလေးမျိုးကို ပြုစုပျိုးထောင်ရခြင်းသည် မိဘတွေအတွက် အတော်လေး သက်သာစေပါသည်။

    သို့သော် မကောင်းသော အချက်အချို့လည်း ကျန်ပါသေးသည်။ ထိုသို့သော ကလေးများသည်သူတို့ဖာသာ သူတို့ နေတတ်ပြီး လူအုပ်ထဲတွင်ပျောက်သွားခြင်း၊ တစ်ယောက်တည်း တီဗွီကြည့်နေခြင်း (သို့) သင်နှင့် အချိန်အကြာကြီး အတူမနေခြင်း တို့ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြေခံအားဖြင့် အခြားသော ကလေးများလောက် အာရုံစိုက်မှုကို မလိုအပ်သောကြောင့် ဖြစ်သည်။ သင်လုပ်ရမည်မှာ သင့်ကလေး အခြားသူများကို ဂရုမစိုက်တတ်သောသူ ၊ လျစ်လျူရှုတတ်သောသူ မဖြစ်သွားအောင် သတိထားဖို့ပဲဖြစ်သည်။

    ၂။ ရှက်တတ်သော ကလေး

    ကလေးထက်ဝက်လောက်က ပြောရဆိုရ၊ ထိန်းသိမ်းရလွယ်ကူသော ကလေးများဖြစ်ပြီး ၁၅ ရာခိုင်နှုန်းလောက်ကတော့ အလွယ်တကူ ရှက်တတ်သော ကလေးများ ဖြစ်သည်။ သူတို့လေးတွေ အသက် ၉ လလောက် ရောက်သောအခါတွင် သူတို့၏ ကိုယ်ရည်ကိုယ်သွေး လက္ခဏာများကို ကြည့်ရှုခြင်းအားဖြင့် သတိထားမိနိုင်သည်။ ရင်းနှီးလွယ်သော ကလေးများသည် လူစိမ်းများနှင့်တွေ့လျှင် အလွယ်တကူ ပြုံးပြတတ်ပြီး ရှက်တတ်သော ကလေးများကမှု သူတို့ မျက်နှာကို ဖွက်ခြင်း (သို့) မျက်မှောင်ကြုတ်ခြင်းများကို ပြုလုပ်ကြသည်။

    သင်၏ရှက်တတ်သောကလေးငယ်သည် မရင်းနှီးသော နယ်မြေစိမ်းကို အလွန်ကြောက်လန့်တတ်သည်။ သူတို့သည် ကိုယ်တိုင်ပါဝင်သူများထက် ဘေးကနေ စောင့်ကြည့်လေ့လာတတ်သော ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အတွက် တစ်စုံတစ်ခုတွင် ပါဝင်ဆောင်ရွက်ရန် တစ်ဆင့်မှ တစ်ဆင့်သို့ ပြောင်းလဲဖို့ အချိန်အများကြီး ယူရသောကြောင့်ဖြစ်သည်။ ရှက်တတ်သော လမ်းလျှောက်တတ်ခါစ ကလေးများအတွက် မိသားစုနှင့် ပတ်ဝန်းကျင်၏ ဖယ်ကြဉ်မှုကို ခံရခြင်းသည် ကြောက်မက်ဖွယ် အတွေ့အကြုံဖြစ်ပြီး ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သော ကလေး မိဘများသည် သူတို့ကလေးများအား တည်ငြိမ်ပြီး အပြောင်းအလဲများ ကို ကျင့်သားရလာဖို့ ဂရုစိုက် လေ့ကျင့်ပေးရမည်။

    ၃။ တက်ကြွသောကလေး

    ရှက်တတ်သော ကလေးများနှင့် ဆန့်ကျင်ဖက် တက်ကြွသော ကလေးများသည် အလွန်ပျော်တတ်ရွှင်တတ်ပြီး၊ ခွန်အားပြည့်ဝ၊ တက်ကြွဖျတ်လတ်ကာ၊ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး အာခံတတ်သည်။ သူတို့သည် ခေါင်းမာပြီး သူတို့ မပျော်ရွှင်သော အချိန်မျိုးတွင် အော်ဟစ်တတ်ကြသည်။ ထိုသို့သော ကလေးမျိုး၏ မိဘသည် သူတို့၏ကောင်းသော အချက်များကို နှစ်သက်ပေးရမည်။ သူတို့သည် ချစ်စရာကောင်းပြီး တီထွင်ဖန်တီးတတ်သော ဉာဏ်လည်းရှိသည်။

    သူတို့၏ ခံစားချက်များကို ကောင်းမွန်သော နည်းလမ်းနှင့် ထုတ်ဖော်တတ်ဖို့ လမ်းညွှန်ပေးရန် လိုအပ်သည်။ သင်သည် သူတို့ကို အပြင်ပေးထွက်ဆော့ခြင်းဖြင့် သူတို့၏ စွမ်းအားများကို အသုံးချဖို့ အခွင့်အရေးပေးနိုင်သည်။ သူတို့သည် တစ်ခါတစ်ရံ အလွန်ခေါင်းမာသောကြောင့် သူတို့ လေးတွေ စိတ်ချလုံခြုံပြီး တည်ငြိမ်လာအောင် ထိန်းသိမ်းဖို့ သင်သည် အလွန်တရာ စိတ်ရှည်ဖို့ လည်း လိုအပ်သည်။

    အတိုချုပ်ဆိုရလျှင် လမ်းလျှောက်တတ်ခါစ သင့်ကလေးသည် ရှက်တတ်သူပဲဖြစ်ဖြစ်၊ ခေါင်းမာသူပဲဆိုဆို၊ ဘယ်လိုကိုယ်ရည်ကိုယ်သွေး အမျိုးအစားပိုင်ရှင်ဖြစ်ပါစေ သင်သည် ကြမ်းတမ်းသော နည်းလမ်းများအသုံးပြုပြီး သူတို့၏ ကိုယ်ရည်ကိုယ်သွေးကို မငြင်းဆန်သင့်ပါဘူး။ သင့်ကလေး၏ နေ့စဉ်အပြုအမူများကို သတိပြုခြင်းအားဖြင့် သူတို့ကိုယ်ရည်ကိုယ်သွေး၏ ကောင်းသောအချက်များကို ပျိုးထောင်ပေးပြီး မကောင်းသောအချက်များကို ထိန်းချုပ်နိုင်အောင် သင်ကြားနိုင်ပါသည်။ သူတို့နှင့် အတူတကွလုပ်ဆောင်ခြင်းအားဖြင့် သင့်ကလေးငယ်အား သူ့ကိုယ်သူယုံကြည်စေပြီး သူတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုများကို ရှာဖွေတတ်စေပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement