backup og meta

ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားရမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားရမလဲ။

    ကလေးတိုင်းရဲ့ ခန္ဓါကိုယ်ပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဓိကကျတဲ့ အချက်ကတော့ အာဟာရပြည့်ဝစွာရရှိမှုပါ။ အာဟာရပြည့်ဝနေတဲ့ကလေးတစ်ယောက်ရဲ့ စားသောက်မှုပုံစံမှာ စွမ်းအင်ဖြည့်တင်းပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ၊ အသားဓါတ်တွေ၊ သင့်တော်တဲ့ အဆီနဲ့ ဗီတာမင်တွေ၊ သတ္တုဓါတ်တွေနဲ့ အခြား အစားအစာအုပ်စုတွေ ပါဝင်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ နို့နဲ့နို့ထွက်ပစ္စည်းအုပ်စုဖြစ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေက ကလေးငယ်တွေအတွက် ကြီးထွားဖွံ့ဖြိုးမှုကိုကောင်းကောင်းကြီးအထောက်အပံ့ပေးနိုင်တဲ့ အရင်းအမြစ်ကောင်းတစ်ခုပါ။

    သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့အစားအသောက်တွေက ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ မကြာသေးခင်က ပြုလုပ်ထားတဲ့ စစ်တမ်းကောက်ယူမှုတွေမှာ မြန်မာနိုင်ငံက ကလေးတွေရဲ့သုံးပုံတစ်ပုံကျော်က အသက်အရွယ်အလိုက်ရှိသင့်တဲ့အရပ်အတိုင်းအတာအတိုင်း မဖွံ့ဖြိုးတဲ့အတွက် မြန်မာနိုင်ငံက အာဟာရချို့တဲ့မှုအမြင့်ဆုံးနိုင်ငံတွေထဲမှာပါဝင်နေတယ်လို့ ဆိုထားပါတယ်။

    အာဟာရချို့တဲ့မှုဟာ မိဘတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေပါတယ်။ အာဟာရ ချို့တဲ့ရင် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ ချက်ချင်းသိသာတဲ့ချို့ယွင်းမှုတွေရှိသလို နောင်အနာဂတ်မှာပါ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးမှု ဖြစ်ပေါ်နေတဲ့အရွယ်မှာ ကလေးငယ်တွေအတွက် အကောင်းဆုံးသော အာဟာရကို ရရှိဖို့က မိဘတွေရဲ့ တာဝန်ပါပဲ။ ဒါမှသာလည်း အပြည့်အဝ ကြီးထွားဖွံ့ဖြိုးလို့ ကျန်းမာပျော်ရွှင်ပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာပါ။

    ကလေးတွေ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးလာစေဖို့ ဘယ်အာဟာရဓါတ်တွေလိုအပ်လဲဆိုတာနဲ့ မှန်ကန်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရွေးချယ်ခြင်းက ဘယ်လို ကူညီပေးနိုင်မလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။

    အာဟာရချို့တဲ့မှုဆိုတာဘာလဲ။ သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုနှောင့်နှေးစေလဲ။

    သင့်ကလေးရဲ့ခန္ဓါကိုယ်ဟာ ဇီဝဖြစ်စဉ်တွေမှန်ကန်ဖို့နဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် အာဟာရဓါတ်မျိုးစုံကို လိုအပ်ပါတယ်။ ခန္ဓါကိုယ်က လိုအပ်သလောက်ကို ပြည့်ပြည့်ဝဝ မစားသုံးနိုင်တဲ့အခါမှာ အာဟာရချို့တဲ့မှု စတင်ဖြစ်ပွားပြီး ကလေးရဲ့ ကြီးထွားမှုနှုန်းကို ထိခိုက်လာတယ်။ ရေရှည်မှာ အာဟာရပြည့်ဝအောင် မစားသုံးနိုင်တဲ့ ကလေးတွေမှာတော့ ခန္ဓါကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေမှာပါ နှောင့်နှေးသွားပါတော့တယ်။ ဒါ့အပြင် အာဟာရမပြည့်ဝတဲ့ ကလေးငယ်တွေက ကြီးပြင်းလာတဲ့အခါမှာ အာဟာရချို့တဲ့မှုနဲ့ ပတ်သက်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေပိုများပြီး ခန္ဓါကိုယ်အရွယ်အစားလည်း ပိုသေးတဲ့အပြင် ပညာရေးမှာလည်း အားနည်းကြပါတယ်။ အရမ်းကြီးမစိုးရိမ်သွားပါနဲ့။ အခုကစပြီး ပြည့်ဝအောင်ဖြည့်တင်းနိုင်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။

    ကယ်လ်ဆီယမ်ချို့တဲ့မှုနဲ့ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှု

    ကမ္ဘာတစ်ဝန်းက နိုင်ငံအတော်များများမှာ ကလေးတစ်ယောက်ဟာ လုံလောက်တဲ့ ကယ်လ်ဆီယမ်ရရှိဖို့ တစ်နေ့ကို နို့နဲ့ နို့ထွက်ပစ္စည်းများကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိ စားသုံးပေးသင့်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။ တစ်နေ့ တာစားသုံးသင့်သည့် နို့နဲ့ နို့ထွက်ပစ္စည်းများမှာတော့ နို့၊ ဒိန်ချဉ်၊ ပဲနို့ မတ်ခွက်တစ်ခွက်ပါဝင်သင့်ပါတယ်။ သို့သော် မြန်မာနိုင်ငံမှာတော့ ကလေးတွေက အဲဒီပမာဏပြည့်အောင် စားသုံးတာမျိုး သိပ်မရှိပါဘူး။ အာဟာရသုတေသနဌာနရဲ့ စစ်တမ်းကောက်ယူမှုမှာ မြန်မာကလေးငယ်တွေရဲ့ ၃၆ ရာခိုင်နှုန်းက တစ်ပတ်ကို နို့တစ်ကြိမ်အောက်ပဲ သောက်သုံးနိုင်တယ်လို့ သိရပါတယ်။ အစားအသောက် အလေ့အကျင့်တွေကြောင့် အာဟာရချို့တဲ့မှု နောက်ဆက်တွဲပြဿနာတွေ ဖြစ်ရတယ်လို့လည်း အဲဒီသုတေသနက ကောက်ချက်ချထားတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ်ဟာ အရိုးအဆစ်တွေ ကြီးထွားသန်မာဖို့၊ အာရုံကြောတွေနဲ့ ကြွက်သားတွေ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပြီး နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါသေးတယ်။ ဒါက မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေကို အခုပမာဏထက်ပိုပြီးစားသုံးဖို့ လိုအပ်နေတယ်ဆိုတာကို ပြသပါတယ်။ ကိုယ့်ကလေးရဲ့ စိတ်ရောကိုယ်ပါ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးဖို့ဆိုရင် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဒီထက်ပိုတိုက်ကျွေးဖို့လိုအပ်ပါလိမ့်မယ်။

    နို့နဲ့နို့ထွက်ပစ္စည်းတွေကို ဘယ်လိုရွေးချယ်တိုက်ကျွေးကြမလဲ။

    မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးတွေအတွက်ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ နို့ပါဝင်တဲ့သောက်စရာတွေကို နေ့စဉ်မပါမဖြစ် ထည့်သွင်းတိုက်ကျွေးသင့်ပါတယ်။ ဒီလိုတိုက်ကျွေးတဲ့အခါ သင့်တော်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ရွေးချယ်ဖို့ကလည်း သင့်ကလေးတွေ အာဟာရဓါတ်တွေအားလုံးကို အန္တရာယ်ကင်းကင်း၊ သန့်သန့်ရှင်းရှင်းနဲ့ ရရှိနိုင်ဖို့ ထပ်တူအရေးကြီးပါတယ်။ ဒါကိုအထူးပြုပြောကြားရတာက နို့နဲ့နို့ထွက်ပစ္စည်းတွေက အာဟာရဓါတ်ပြည့်ဝပြီး ကြီးထွားမှုအတွက်အရေးပါတာမှန်ပေမယ့် မသန့်ရှင်းဘူးဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောတာနဲ့ ရောဂါပိုးကူးစက်ခံရတာလိုမျိုး နောက်ဆက်တွဲတွေဖြစ်ပေါ်နိုင်လို့ပါ။

    • တရားဝင်အသိအမှတ်ပြုထားသလား
    • ထုပ်ပိုးမှုက သပ်ရပ်သန့်ရှင်းရဲ့လား
    • ပါဝင်ပစ္စည်းတွေက ဓါတုပစ္စည်းကင်းရဲ့လား
    • ထုတ်လုပ်တဲ့နေ့ရက် နဲ့ ကုန်ဆုံးရက်
    • လိုအပ်တဲ့ အာဟာရတွေပြည့်ဝရဲ့လားဆိုတာကို သေချာလေးစစ်ဆေးဖို့လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement