backup og meta

ကလေးကို ဉာဏ်ကောင်းအောင်ပျိုးထောင်လို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဉာဏ်ကောင်းအောင်ပျိုးထောင်လို့ရလား

    ကိုယ့်ကလေးကို ဉာဏ်ရည်ထက်မြက်တဲ့ ကလေးအဖြစ် ကြီးပြင်းစေချင်တဲ့ ဆန္ဒမိဘတိုင်းမှာရှိပါတယ်။ ကလေးကို မှန်းသလောက်ဖြစ်မလာမှာကို အရမ်းစိုးရိမ်ကြတယ်ဟုတ်။နောက်တစ်ခုက ကလေးကမျိုးရိုးလိုက်ပြီး ဉာဏ်မကောင်းမှာကို စိုးရိမ်ကြတာပါ။ ဒီတစ်ခေါက်တော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးက အရင်ကသိထားသလိုမျိုး မျိုးရိုးအပေါ်မှာမူတည်တာမဟုတ်ဘဲ ပျိုးထောင်ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်တာပါ။

    တောက်လျှောက်သိလာခဲ့တာက ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မိဘမျိုးရိုးနဲ့ ဆိုင်တယ်ဆိုတာပါ။ တကယ်တော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေရှိပါသေးတယ်။ ဒါတွေကတော့ ကလေးကို

    ကလေးရဲ့ ဦးနှောက်က ဘယ်လိုဖွံ့ဖြိုးတာလဲ

    ကလေးက အသက် ၄ နှစ်မတိုင်ခင်မှာ အလျင်အမြန်ဖွံ့ဖြိုးနေတာပါ။မွေးစကနေ ၄ လအတွင်းက ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံးအချိန်ပေါ့။ အဆိအကျပြောပြရမယ်ဆိုရင် ကလေးက အသက် ၄ နှစ်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၉၀ ရာခိုင်နှုန်းအထိပြီးစီးပါပြီ။ ဒီကာလမှာ ကလေးကို သင်ကြားပေးဖို့အကောင်းဆုံးပါ။မွေးစကနေ အသက် ၄ နှစ်မတိုင်ခင်မှာကလေးကို အာဟာရပြည့်ဝအောင်ကျွေးမွေးမယ်။ အဆိပ်အတောက်တွေနဲ့ ထိတွေ့မိတာမျိုးမဖြစ်အောင်ဂရုစိုက်မယ်၊ လွတ်လပ်စွာဆော့ကစားခွင့်ပေးမယ်ဆိုရင် ကလေးက ဉာဏ်ရည်ကောင်းမွန်စွာနဲ့ကြီးပြင်းလာမှာပါ။

    ကလေးကိုဉာဏ်ကောင်းအောင် ဒီလိုပျိုးထောင်ပါ

    အပေါ်မှာပြောခဲ့တဲ့ အချက်တွေအပြင် ကလေးဉာဏ်ကောင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ပေးတာ အကောင်းဆုံးဖြစ်မှာပါ။

    တီဗွီပေးမကြည့်ပါနဲ့

    ကလေးကိုငြိမ်ရင်ပြီးရောဆိုပြီး တီဗွီပေးကြည့်ထားတာမျိုးမလုပ်ပါနဲ့။ တီဗွီကြည့်တာက ကလေးရဲ့ ဦးနှောက်နဲ့ မှတ်ဉာဏ်အတွက် လုံးဝကိုအထောက်အကူမပြုတာပါ။ ကလေးဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အဖိုးတန်တဲ့အချိန်တွေကို တီဗွီပေးကြည့်ပြီး မဖြုန်းတီးမိပါစေနဲ့။

    ကလေးနဲ့ များများထိတွေ့ပေးပါ

    ကလေးလေးတစ်ယောက်ကို ဉာဏ်ကောင်းတဲ့ကလေးအဖြစ်ကြီးပြင်းလာစေဖို့ဆိုရင်မေမေဖေဖေတို့က အချိန်ပေးပြီး အတူဆော့ပေးတာ၊ချော့မြူထွေးပွေ့တာမျိုးလုပ်ပေးပါ။ အချစ်ခံရပြီး ကြီးပြင်းလာတဲ့ ကလေးတွေက အခြားကလေးငယ်တွေထက် ဉာဏ်ပိုကောင်းတတ်ပါတယ်။ မိဘတွေနဲ့ ထိတွေ့ခွင့်ပိုရတဲ့ ကလေးက စဉ်းစားတွေးခေါ်နိုင်စွမ်းပိုကောင်းကြပါတယ်။ ယုံကြည်မှုလည်းပိုကောင်းကြပါတယ်။

    အသက် ၂ နှစ်အထိ နို့ချိုတိုက်ကျွေးပေးပါ
    မိခင်နို့များများသောက်ရတဲ့ ကလေးတွေဟာ အခြားကလေးတွေထက် IQ level ၅ ရာခိုင်နှုန်းလောက်ပိုများကြပါတယ်။ ဒါကြောင့် ကလေးကိုမွေးစနေ ၆ လအထိမိခင်နို့တစ်မျိုးတည်းတိုက်ပေးပါ။ ၆ လကနေ ၂ နှစ်အထိမှာတော့ မိခင်နို့ရောဖြည့်စွက်စာပါတွဲဖက်ကျွေးသွားပေးပါ။

    ကလေးကို သီချင်းပေးနားထောင်ပါ

    သီချင်းနားထောင်တဲ့ ကလေးတွေက အာရုံစူးစိုက်မှုကောင်းသလို မှတ်ဉာဏ်လည်းကောင်းကြပါတယ်။ ကလေးကို ငယ်စဉ်ကတည်းက သီချင်းအေးအေးလေးတွေ နားထောင်ခိုင်းတာဖြစ်ဖြစ်တေးဂီတတူရိယာသံတစ်ခုခုကို နားထောင်ခိုင်းတာဖြစ်ဖြစ်လုပ်ပေးပါ။

    ကလေးကိုစာအုပ်ဖတ်ပြပေးပါ

    ကလေးကို စာဖတ်ပျော်ပြီး စာတော်စေဖို့ ငယ်စဥ်ကတည်းက စာဖတ်ပြပေးပါ။ အသံကျယ်ကျယ် အသံနေအသံထားမှန်မှန်လေးနဲ့ စာဖတ်ပြပေးတာကလည်း ကလေးဉာဏ်ရည်ကိုကောင်းမွန်စေနိုင်ပါတယ်။

    ကလေးကို စိတ်ကြိုက်ကစားခွင့်ပေးပါ

    ကလေးကို သူ့စိတ်ကြိုက်ပျော်သလို လွတ်လွတ်လပ်လပ်ကစားခွင့်ပေးပါ။ ဒီလိုမျိုး ကစားခွင့်ပေးတာက ကလေးကို ဉာဏ်ရည်ကောင်းစေဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့် ကလေးကို စည်းကမ်းတင်းကျပ်တာမျိုးမလုပ်ဘဲ လွတ်လပ်စွာကစားခွင့်ပေးလိုက်ပါ။
    အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို ထိထိမိမိအသုံးပြုပြီး ကလေးကိုဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်တဲ့ သားသားမီးမီးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement