backup og meta

သင့်ကလေး မူလတန်းကျောင်းမှာ အောင်မြင်စေဖို့ နည်းလမ်း ၁၀ချက် (အပိုင်း ၁)


Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး မူလတန်းကျောင်းမှာ အောင်မြင်စေဖို့ နည်းလမ်း ၁၀ချက် (အပိုင်း ၁)

    မိမိကလေး ကျောင်းတက်စ နှစ်တွေဟာ မိဘတွေ အနေနဲ့ သားသမီးရဲ့ ပညာရေးအခြေအနေကို သိမြင်နိုင်ပြီး အထောက်အပံ့ပေးဖို့ အရေးကြီးတဲ့အချိန်ပဲ ဖြစ်ပါတယ်။

    ၁။ သင့်ကလေးရဲ့ကျောင်းကိစ္စတွေမှာ ပါဝင်ပါ

    ကျောင်းဖွင့်စရက်တွေမှာမှာ သင့်ကလေးနဲ့ အတူရှိနေတာ ကောင်းပါတယ်။ ကလေးရဲ့ ဆရာ/ဆရာမတွေအကြောင်းနဲ့ သူတို့ရဲ့ မျှော်မှန်းချက်တွေကို သိရှိဖို့ ဖြစ်ပါတယ်။ ကျောင်းတာဝန်ခံတွေနဲ့လည်း တွေ့ဆုံပြီး ကျောင်းရဲ့ အစီအစဉ်တွေ၊ မူဝါဒတွေ ဆွေးနွေးနိုင်ပါတယ်။ စာသင်နှစ်တလျှောက်မှာ သင့်ကလေးရဲ့ ပညာရေး အခြေအနေကို သိရအောင် မိဘ-ဆရာ စည်းဝေးပွဲတွေ တက်သင့်ပါတယ်။ ဒါဟာ ဆရာများနဲ့ တွေ့ဆုံဆွေးနွေးပြီး သင့်ကလေးမှာ အထူး ဂရုစိုက်သင့်တဲ့ အခြေအနေရှိလား မရှိလား သိနိုင်ဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။

    ၂။ သင့်ကလေးရဲ့ ကျေင်းအကြောင်းသိအောင် လုပ်ပါ

    သင့်ကလေးကျောင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကအစ သိထားခြင်းဟာ ကျောင်းဖွင့်ရက်တွေအကြောင်း ပြောဆိုကြရာမှာ သင့်ကလေးနဲ့ ပိုပြီး နီးစပ်နိုင်စေမှာ ဖြစ်ပါတယ်။ ကျောင်းရဲ့ ဝဘ်ဆိုက်မှာ ကျောင်းရဲ့ အချိန်ဇယားတွေ၊ ဝန်ထမ်းတွေရဲ့ အချက်အလက်နဲ့ လှုပ်ရှားမှုတွေကို ရှာဖွေဖတ်ရှုနိုင်ပြီး သင့်ကလေးနဲ့ ဆွေးနွေးနိုင်ပါတယ်။

    ၃။ အိမ်စာများတွင် ကူညီခြင်း

    အိမ်စာများဟာ စာသင်ခန်းရဲ့ သင်ခန်းစာများကို ထပ်မံအားဖြည့်ပေးတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေကို ပိုပြီး အရေးကြီးတဲ့ သင်ယူမှု စွမ်းရည်တွေကို ရရှိစေပါတယ်။ မိမိကိုယ်ကို တာဝန်ယူမှုနဲ့ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေကို နားလည်လာစေပြီး စာသင်ခန်းပြင်ပကိစ္စတွေမှာ အကျိုးရှိစေမှာပဲ ဖြစ်ပါတယ်။ သင်ဟာ သူတို့အိမ်စာအပေါ် ဦးစားပေးအရာလို့ ရှုမြင်ကြောင်း သင့်ကလေးတွေ သိပါစေ။ ထိရောက်တဲ့ သင်ယူမှုဖြစ်စေဖို့ အာရုံလွင့်ပါးမှုတွေကို ရှောင်စေပြီး စချိန်ဆုံးချိန် သတ်မှတ်ထားပါ။ သင့်ကလေး အိမ်စာလုပ်ချိန်မှာ မေးခွန်းနားမလည်ရင် ရှင်းပြပါ။ လမ်းညွှန်မှုပေးပါ။ သူ့အတွေးကို သုံးသပ်ပေးပါ။ ဒါပေမယ့် သင့်ကလေးဖြေရမယ့်အဖြေတွေကို သင်က ဝင်ဖြေပေးတာမျိုး မလုပ်ပါနဲ့။

    ၄။ သင့်ကလေးကို အသင့်ဖြစ်နေပါစေ

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာဟာ သင့်ကလေးရဲ့ တနေ့တာကို စတင်ဖို့ အားအင်အပြည့် ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် မနက်စာ ကောင်းကောင်းစားခဲ့ရတဲ့ ကလေးတွေဟာ ပိုပြီးတက်ကြွလန်းဆန်းပြီး ကျောင်းစာကို ကောင်းကောင်းလိုက်လုပ်နိုင်ပါတယ်။ ကလေးရဲ့ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ် ပိုပြီး ကောင်းမွန်အောင် ဆန်လုံးညို၊ အမျှင်ဓါတ်၊ ပရိုတိန်းဓါတ်များများနဲ့ သကြားနည်းနည်းကျွေးပါ။

    သင့်ကလေးနောက်ကျမယ်ဆိုရင် လတ်ဆတ်တဲ့ အသီးတွေ၊ အခွံမာသီး၊ ဒိန်ချဉ်၊ ပဲစေ့ထောပတ်၊ ငှက်ပျောသီး အသားညှပ်မုန့် စတာတွေ ပြင်ပေးပါ။ ကလေးများဟာ အိပ်ချိန်လည်း ပုံမှန်ရှိဖို့ အရေးကြီးပါတယ်။ ကျောင်းနေအရွယ်ကလေးတွေဟာ တနေ့မှာ အိပ်ချိန် ၁၀နာရီခန့် လိုအပ်ပါတယ်။ အိပ်စက်မှု နည်းပါးခြင်းဟာ ကလေးတွေကို သည်းမခံတတ်တဲ့ အမူအကျင့်တွေ ဖြစ်လာစေပြီး ကျောင်းမှာလည်း အာရုံစူးစိုက်မှုကို လျော့နည်း စေပါတယ်။ ကလေးတွေဟာ အချိန်မှန် အိပ်ရာဝင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကျောင်းဖွင်ပရက်တွေမှာ ဖြစ်ပါတယ်။

    ၅။ စုစည်းကျစ်လျစ်အောင် လေ့ကျင့်ပေးပါ

    စနစ်တကျ ကျစ်လျစ်စွာ လုပ်ကိုင်တတ်ခြင်းဟာ သင့်ကလေးကို ဘယ်အရာတွေက အရေးကြီးသလဲ၊ ဘယ်အရာတွေက အချိန်ဖြုန်းတာလဲဆိုတာ ခွဲခြား လာနိုင်စေပါတယ်။ ကျောင်းနေအရွယ်ကလေးတွေမှာ လုပ်ဆောင်ရမယ့် အချိန်ဇယားနဲ့ အိမ်စာလုပ်ဖို့ ဖိုင်တွဲ စသဖြင့် ပြင်ဆင်ထားသင်ပပါတယ်။ သင့်ကလေးကို ပြက္ခဒိန်နဲ့ ကိုယ်ပိုင်အချိန်ဇယား သုံးတတ်အောင် လေ့ကျင့်ပေးပါ။ ဦးစားပေး အစီအစဉ်အလိုက် ဘာတွေ လုပ်ရမလဲ၊ ဘာတွေ လုပ်ပြီးပြီလဲ မှတ်သားတတ်အောင် သင်ပေးပါ။ ကျောင်းစာနဲ့ အိမ်တွင်း လုပ်ဆောင်ဖွယ်ရာ များကနေ စသင်ပါ။ လူတချို့ဟာ စနစ်တကျ ကျစ်ကျစ်လစ်လစ် နေတတ်ဖို့ မွေးရာပါဗီဇ ပါလာပါတယ်။ ဒီအမူအကျင့်ကို သင်ယူလေ့ကျင့်ဖို့ဟာ မြန်မြန်စနိုင်လေ ကောင်းလေပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement