backup og meta

ယောကျာ်းလေးများနှင့် မိန်းကလေးများသည် လေ့လာမှုစွမ်းရည်များ ဘယ်လိုကွာခြားသလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောကျာ်းလေးများနှင့် မိန်းကလေးများသည် လေ့လာမှုစွမ်းရည်များ ဘယ်လိုကွာခြားသလဲ

    ယောက်ျားလေးများနှင့် မိန်းကလေးများ၏ ကွာခြားချက်ကို နားလည်ခြင်းဖြင့် မိဘများသည် ကလေးများကို ဘယ်အချိန်တွင် သက်တောင့်သက်သာနေခြင်းကို လျော့နည်းအောင် လုပ်သင့်သလဲ၊ ဘယ်အချိန်မှာသူတို့ မကျွမ်းကျင်သော စွမ်းရည်များ တိုးတက်လာအောင်ပြုလုပ်ပေးသင့်သလဲ စသဖြင့် လေ့လာနိုင်ပါသည်။

    ယင်းသည် မိဘများအနေဖြင့် ကလေးများ၏ ပင်ကိုယ်အပြုအမူများကို နားလည်စေလာခြင်း၊ ကလေးများ လေ့လာနေသည့် ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းဖြင့် ပြသနာများကို ဖြေရှင်းနိုင်လာခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

    ယောက်ျားလေးများ၏ ဦးနှောက်နှင့် မိန်းကလေးများ၏ ဦးနှောက်

    ယောက်ျာလေးများသည် မိန်းကလေးများနှင့် လေ့လာသင်ယူပုံချင်း မတူဟု လေ့လာမှုများက ဆိုပါသည်။ ဦးနှောက်သည် အဖြစ်အပျက်များကို ပြန်ပြောပြနိုင်စွမ်းရှိပါသည်။ ယေဘူယျအားဖြင့် မိန်းကလေးဦးနှောက်သည် မှတ်ဉာဏ်များကို စုစည်းခြင်း၊ အာရုံစူးစိုက်ခြင်း၊ တွေးခေါ်ခြင်း၊ ဘာသာစကားများကို လေ့လာခြင်း နည်းများဖြင့် စကားပြောခြင်းကို အဆင့်ဆင့်လုပ်ဆောင်ပေးသော ဦးနှောက်အပြင်လွှာ (Cerebral cortex ) ဖြင့် အများဆုံးဖွဲ့စည်းထားကြောင်း တွေ့ရပါသည်။

    ထို့ပြင် စကားပြောသော မှတ်ဉာဏ်များကို စုစည်းပေထားသည် Hippocampus ဟုခေါ်သည့် အစိတ်အပိုင်းသည် မိန်ကလေးများတွင် ပိုစောပြီး ဖွံ့ဖြိုးပြီး အမျိုးသမီးများတွင် အရွယ်အစားပိုကြီးနေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် မိန်းကလေးများသည် ယောကျာ်းလေးများထက် စကားပိုကြွယ်ခြင်း၊ စာအရေးအသားပိုမြန်ခြင်း စသည်တို့ဖြစ်ရခြင်းဖြစ်ပါသည်။

    ယောက်ျားလေးများ၏ ဦးနှောက်တွင် ဦးနှောက်အပြင်လွှာ (Cerebral cortex )သည် အကွာအဝေးများကို ခန့်မှန်းနိုင်ခြင်း၊ စက်မှုပိုင်းဆိုင်ရာများကျွမ်းကျင်ခြင်း ဘက်ကိုအားသာပါသည်။ ထိုကြောင့် ယောက်ျားလေးများသည် စကားလုံးများထက်စာလျှင် လှုပ်ရှားမှုများ၊ ပုံရိပ်များနှင့် ဆိုင်သောအရာများကို ပိုပြီး လေ့လာအားကောင်းကြပါသည်။

    ဓါတုဇီဝနည်းအားဖြင့် ပြောရလျှင် ယောကျာ်းလေးများသည် မိန်းကလေးများထက် Serotonin နှင့် Oxytocin ဟော်မုန် ပိုနည်းသောကြောင့်စိတ်ထိန်းချုပ်မှုအားနည်းပါသည်။ ထို့ကြောင့် ထစ်ခနဲဖြစ်လျှင် ရန်ဖြစ်ခြင်း၊ တုန့်ပြန်မှုမြန်ခြင်းတို့ ဖြစ်တတ်ပါသည်။

    အောက်ပါတို့သည် သင့်ကလေးကို လေ့လာသင်ယူမည့် ပတ်ဝန်းကျင်တစ်ခုကို တတ်နိုင်သမျှ အကောင်းဆုံး ဖန်တီးပေးနိုင်မည့် နည်းလမ်းကောင်းများ ဖြစ်ပါသည်။

    ယောက်ျားလေးများကို ကူညီခြင်း

    အိမ်တွင် ကူညီခြင်း

    သင့်ကလေးကို ကျောင်းအိမ်စာများလုပ်ခြင်းကို ခဏနားပြီး ဘေးပတ်ဝန်းကျင်တွင် ဟိုဟိုဒီဒီများလုပ်ပေးရန် အားပေးပါ။

    · စာကျက်နေစဉ်လည်း လှုပ်လှုပ်ရှားရှားနေရန် ပြောပါ။ စာလုံးပေါင်းများပေါင်းနေချိန်တွင် ဘောလုံးကို ခြေဖြင့် ဆော့စေခြင်း၊ လှုပ်ရှားမှုကောင်းစေသော အားကစားများကို ဖန်တီးပေးခြင်းများ ပြုလုပ်ပေးပါ။

    · ကလေးကို အာရုံစူးစိုက်မှုအားကောင်းစေရန် တီထွင်မှုနည်းလမ်းများကို ရှာပေးပါ။

    · ကလေးအား အစုအဖွဲ့နှင့် နေတတ်အောင် အားပေးပါ။

    ကျောင်းတွင် ကူညီခြင်း

    · ကျောင်းနှစ်စတွင် သင့်ကလေး၏ လေ့လာမှုပုံစံကို အတန်းပိုင်ဆရာမအားမေးပါ။ ယောကျာ်းလေးများသည် စာသင်ချိန်တွင် ဆူဆူညံညံများကို လုပ်လေ့ရှိကြောင်းဆရာမများက ဆိုတတ်ကြပါသည်။

    · အပြောင်းအလဲများ လိုအပ်ပါသည်။ ယောကျာ်းလေးများသည် ပုံပြင်စာအုပ်ပါအကြောင်းအရာများကို အစီအရင်ခံရာတွင် အခက်အခဲဖြစ်တတ်ကြပါသည်။ ထို့ကြောင့် သူတို့သည် မိန်းကလေးများနှင့် မတူဘဲ သူတို့၏ နားလည်မှုစွမ်းရည်ကို ကွန်ပျူတာရှိုးဖြင့် ပြခြင်း၊ ပို့စကတ်များဖြင့် ပြခြင်းတို့ကို ပြုလုပ်တတ်ကြပါသည်။

    မိန်းကလေးများကို ကူညီခြင်း

    အိမ်တွင် ကူညီခြင်း

    · သူတို့ကို အရာဝတ္ထုများကို ကျွှမ်းကျင်စွာ ကိုင်တွယ်တတ်စေရန် အရုပ်များပေးခြင်း၊ လှုပ်ရှားမှုများလုပ်စေခြင်း(ဥပမာ- ပဟေဋိကစားနည်းများ၊ တိုက်အိမ်များဆောက်ခြင်း)တို့ ပြုလုပ်ပေးနိုင်ပါသည်။

    · စကားပြောပေးပါ။ မိန်းကလေးများသည် အိမ်စာများနှင့် နပန်းလုံးနေချိန်တွင် ကူညီပေးခြင်း၊ ပြသနာများကို ဆွေးနွေးခြင်းတို့မှ အကျိုးများစွာ ရရှိစေနိုင်ပါသည်။

    · နေ့စဉ်နှင့်အမျှကြုံတွေ့နေရသော အရာများထဲမှ သချာၤနှင့် သိပ္ပံ သဘောတရားများကို အသုံးချပေးပါ။ ဥပမာ- ပီဇာကို အစိတ်များပိုင်းရာတွင် မိဘများက တွက်ချက်ပြနိုင်ပါသည်။

    · လေ့ကျင့်ခန်းများပြုလုပ်ရန်အားပေးပါ။ သူတို့၏ လှုပ်ရှားမှုစွမ်းရည်များတိုးလာစေရန် ဘောလုံးကန်ခြင်းနှင့် အခြားသော အားကစားများကို ပြုလုပ်ရန် အားပေးပါ။

    ကျောင်းတွင် ကူညီခြင်း

    · ကျောင်းနှစ်စတွင် သင့်ကလေး၏ လေ့လာမှုပုံစံကို အတန်းပိုင်ဆရာမအားမေးပါ။ မိန်းကလေးများသည် အမူအကျင့်များကောင်းကြသော်လည်း မိမိကိုယ်ကို ယုံကြည်မှုလျော့နည်း တတ်ကြပါသည်။ ထိုကိစ္စများရှိလျှင် နှစ်စကတည်းက ဆရာမကသိရှိပြီး မိဘများကို ပြောပြသင့်ပါသည်။

    · အပြောင်းအလဲများ ပြုလုပ်ပေးပါ။ သင့်ကလေးသည် လက်ရှိလုပ်နေသော အစီအစဉ်တွင် စိတ်ပါဝင်စားမှုမရှိလျှင် အခြားသော အနုပညာ၊ နည်းပညာ၊ တီထွင်မှုများပြုလုပ်ခြင်း၊ စာရေးခြင်း၊ အုပ်စုလိုက် အလုပ်လုပ်ခြင်း စသော အခြားရွေးချယ်စရာများကို ကလေးအား ပြောပြပေးပါ။

    · မိန်းကလေးများသည် သူတို့၏စွမ်းဆောင်ရည်မြင့်မားမှုကို ဆရာများက မသိသေးလျှင် မိဘများက ပြောပြပေးပါ။ မိန်းကလေးများသည်လည်း သိပ္ပံဆိုင်ရာ လှုပ်ရှားမှုများတွင် ဦးဆောင်နိုင်စွမ်းရှိပါသည်။ သို့သော် သူတို့ကို စိတ်ဓါတ်ခွန်အားပေးရန်လိုအပ်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement