backup og meta

စူပါဟီးရိုးတွေဆိုတာ ကောင်လေးတွေအတွက် ဆိုးဝါးတဲ့စံပြတွေများဖြစ်နေမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စူပါဟီးရိုးတွေဆိုတာ ကောင်လေးတွေအတွက် ဆိုးဝါးတဲ့စံပြတွေများဖြစ်နေမလား

    စူပါဟီးရိုးများသည် ကျွန်တော်တို့၏ ယနေ့ခေတ်ယဉ်ကျေးမှုတွင် အထင်ကရဖြစ်လာပြီး ကလေးများ အထူးသဖြင့် ယောက်ျားလေးများအပေါ် လွှမ်းမိုးလျက်ရှိသည်။ စူပါဟီးရိုးများသည် ကလေးများ၏ ဖန်တီးနိုင်စွမ်းကို လှုံစော်ရာတွင် အကူအညီရနိုင်သလို အရေးကြီးသည့် စံပြပုဂ္ဂိုလ်များနေရာမှလည်း ပါဝင်နေပါသည်။

    သို့သော် စူပါဟီးရိုးဇာတ်လမ်းများကို အလွန်အကျွံနှစ်သက်သည့် ကလေးများတွင်တော့ အန္တရာယ်ရှိလာနိုင်ပါသည်။ လက်တွေ့မကျသော သို့မဟုတ် အန္တရာယ်ရှိသော အပြုအမူများ လုပ်မလာပဲ ရိုးရိုးကြိုက်နှစ်သက်ရုံလောက်သာဆိုလျှင် ကိစ္စမရှိပါ။

    စူပါဟီးရိုးတွေက ကလေးများအတွက် မကောင်းတဲ့စံပြပုဂ္ဂိုလ်တွေ ဖြစ်သွားနိုင်မလား။

    တီဗီအစီအစဉ်များ ဇာတ်ကားများတွင် ခဏခဏပါတတ်သော Batman တို့ Hulk တို့လို စူပါဟီးရိုး ဇာတ်ကောင်များရော၊ လူပျင်းဇာတ်ကောင်များပါ ကလေးများအတွက် မကောင်းသည့်စံပြပုဂ္ဂိုလ်များ ဖြစ်လာနိုင်၏။

    စူပါဟီးရိုးအဖြစ်သရုပ်ဆောင်သူသည် လူအများအပေါ် လွမ်းမိုးနိုင်သည့် အစွမ်း၊ အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ်တာမျိုး၊ သူတို့၏ ချမ်းသာမှုကို ကြွားဝါတတ်တာမျိုး၊ အရွဲ့တိုက် အထက်စီးပုံစံတွေကနေတစ်ဆင့် သူတို့၏ကျားဆန်မှုကို ဖော်ပြတတ်သည်။ တစ်ခြားတစ်ဖက်တွင် အကြမ်းဖက်မှုကို လူမှုရေးရာတရားမျှတမှုဆိုပြီး အကြောင်းပြကာ အပျင်းထူသည့်ဇာတ်ကောင်ပုံစံမျိုးပါဝင်တတ်သည်။

    စူပါဟီးရိုးများသည် ကလေးများအတွက် လူမှုရေးရာအပြုအမူတွေ ကောင်းမွန်လာစေရန်အတွက် အထောက်အကူပြုနိုင်မည့်သူများ ဖြစ်နိုင်ပါသည်။ သို့သော် ကလေးများ၌ စူပါဟီးရိုးများ၏ နောက်ခံဇာတ်ကြောင်းနှင့် ကာရိုက်တာများကို နာလည်းနိုင်စွမ်း မရှိပါ။ ထိုကဲ့သို့ ရှုပ်ထွေးလွန်းသည်များကြောင့်လည်း ကောင်လေးများသည် ဟီးရိုးများ၏ ကောင်းမွန်သည့်အပြုအမူများကို အတုခိုးမိချင်မှ ခိုးပါလိမ့်မည်။

    အစွမ်းတွေကိုတကယ်ထင်ခြင်း

    ကလေးများအတွက် စူပါးဟီးရိုးများကို စံပြထားခြင်းက ပြဿနာဖြစ်လာနိုင်ပါသည်။ ဖြစ်ရပ်အတော်များများတွင် စူပါဟီးရိုးဝတ်စုံဝတ်ထားသော ကလေးများသည် မဖြစ်နိုင်သည့်စွမ်းအားများကို ရနိုင်မည်ဟု မျှော်လင့်သောကြောင့် ပြင်းထန်သည်ဒဏ်ရာများ ရရှိတတ်ကြောင်း တွေ့ရပါသည်။ ကလေးများ ထိခိုက်မိမှာကြောက်၍ စူပါဟီးရိုးလုပ်တိုင်း ကစားခြင်းကို တားမြစ်မည့်အစား အန္တရာယ်မဖြစ်အောင် ဘယ်လိုကစားသင့်ကြောင်း ပြသပေးပြီး စောင့်ကြည့်ပေးတာ ပိုကောင်းပါသည်။

    မတူညီမှုကို ကိုယ်တိုင်ခံစားပါစေ

    မိဘများက သူတို့သားငယ်တွေ အစွန်းနှစ်ဖက်အပြင် တခြားအရာများကိုပါ မြင်တတ်စေရန် ဘာတွေလုပ်ပေးသင့်သလဲ။

    ပုံစံခွက်ထဲရိုက်သွင်းတာမျိုးတွေကို ထောက်ပြခြင်းဖြင့် အကူအညီရနိုင်ပါသည်။ သင်က ကလေးများကို ဘယ်ဟာတွေက ပုံစံခွက်ထဲရိုက်သွင်းနေကြောင်း၊ ထိုအကြောင်းတွေကို ဘယ်လိုရိုက်သွင်းမခံရအောင် နေရမည့်အကြောင်း ပြောပြရမည်။ ကောင်လေးများကို လက်တွေ့လောကကလူတွေ ကလေးတွေ လုပ်သင့်သည်များကို သတိပေးရမည်။

    မိသားစုတွင်းနှင့် လူထုအတွင်းရှိ ကောင်းမွန်စွာ စံနမူနာထားထိုက်သူကို ပြညွှန်ရမည်။ ထိုမှသာ ကလေးများက ဇာတ်ကာထဲမှသရုပ်နှင့် လက်တွေသရုပ်ကို ကွဲခြားနိုင်မည်ဖြစ်သည်။

    စူပါဟီးရိုးများသည် ကလေးများအတွက် စိတ်ကူးယဉ်လို့ကောင်းသလို အကောင်းအဆိုးခွဲခြားရန် သင်ယူနိုင်မည့်နည်းလမ်းကောင်းများလည်း ဖြစ်နိုင်ပါသည်။ သင်ကလည်း လက်တွေ့လောကက အတုယူထိုက်သည့် ဟီးရိုးများအကြောင်းကို ပြောပြသင့်သည်။

    ဥပမာ ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်များအကြောင်း ကလေးများနှင့် ဆွေးနွေးနိုင်ပါသည်။ ဒီစံနမူပုဂ္ဂိုလ်များမှ လက်တွေ့လောက၌ သတ္တိရှိရှိလုပ်ကိုင်ကြပုံအကြောင်းကို ကလေးနားလည်အောင် သင်လုပ်ပေးနိုင်ပါလိမ့်မည်။

    ဇာတ်လမ်းထဲမှ စူပါဟီးရိုးများကို ပညာရေးဆိုင်ရာနယ်ပယ်တွင်လည်း အကျိုးရှိရှိ အသုံးချနိုင်သည့် ဇာတ်ကောင်များ ဖြစ်နိုင်ပါသည်။ ဥပမာ ပင့်ကူလူသားဇာတ်ကောင်သည် ကလေးများ အင်းဆက်လောကကို ပိုစိတ်ဝင်စားလာစေနိုင်ပါသည်။

    သင့်ကလေးက စူပါလူသားစွမ်းရည်များနှင့် လက်တွေ့လူသားစွမ်းရည်များကို ခွဲခြားသိပါစေ။ စူပါဟီးရိုးဝတ်စုံများဝတ်လိုက်ရုံနှင့် စွမ်းရည်များ ရမလာသည်ကို သေချာသိပါစေ။ ထို့အပြင် တစ်ချို့ဝတ်စုံများ၌ ဖော့များ အခုအခံများပါတတ်သောကြောင့် ဝတ်လိုက်လျှင် တစ်မူထူးခြားနိုင်သည်။

    ကလေးကလည်း စူပါဟီးရိုးဝတ်စုံကြောင့် စိတ်ကြွလာပြီး ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါသည်။ စူပါဟီးရိုးဝတ်စုံများကို ဝယ်ပေးဖို့စဉ်းစားပါက အသက်အရွယ်နှင့်လိုက်မည့်ဝတ်စုံကိုသာ ရွေးပြီးဝယ်ယူပေးရပါမည်။

    Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement