backup og meta

သင့်ကလေးက သူ့ရဲ့ လိင်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေရင် ဘယ်လိုကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးက သူ့ရဲ့ လိင်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေရင် ဘယ်လိုကူညီမလဲ

    သင့်ကလေးကို မွေးဖွားလိုက်တာနဲ့ တစ်ပြိုင်နက် သင်ဟာ ယောကျာ်းလေးမှန်းသိပြီး သူ့ကို ဒီပုံစံအတိုင်း ကြီးပြင်းအောင် ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ကလေးဟာ သူ့ရဲ့ လိင်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လာပါတော့တယ်။

    ဒါဟာ သူ့အတွက်ရော သင့်အတွက်ပါ လန့်စရာ စိတ်ရှုပ်စရာ ကောင်းပါတယ်။ သင်ဘယ်လိုပဲ ခံစားရသည်ဖြစ်ပါစေ သင့်ကလေးဟာ သင်သူ့အတွက် အမြဲအဆင်သင့်ရှိနေခြင်းကို အရာအားလုံးထက်ပိုပြီး လိုအပ်တယ်ဆိုတာ မမေ့သင့်ပါတယ်။

    သင့်ကလေးကို ဘယ်လို ထောက်ပံ့ပေးသင့်တယ်ဆိုတာ မသိဘူးဆိုရင် အောက်ပါအချက်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

    ၁။ တရားသေ မယူဆပါနဲ့။

    သူ့ဘဝရဲ့ အစပထမနှစ်တွေမှာ သင့်ကလေးဟာ လိင်ပုံစံမျိုးစုံကို စမ်းကြည့်နိုင်ပါတယ်။ ဒါဟာ ကြီးပြင်းလာခြင်းရဲ့ သဘာဝကျတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

    သူဟာ ပန်းရောင်ကို ဝတ်ဆင်ချင်တာမျိုး၊ သူငယ်ချင်းတွေနဲ့ ကစားချိန်မှာ အမေနေရာက သရုပ်ဆောင်ချင်တာမျိုး ရှိနိုင်ပါတယ်။ ဒါဟာ သူအသက်ကြီးလာတဲ့အခါ မိန်းမစိတ်ပေါက်တော့မယ်လို့ မဆိုလိုပါဘူး။ သူဟာ သူ့အမေလိုမျိုး ဂရုစိုက်တတ်ပြီး ချစ်ခင်တတ်တဲ့သူတစ်ယောက် ဖြစ်ချင်ရုံသာ ဖြစ်ပါတယ်။

    ၂။ သင်က အရာရာကို သိရှိပါစေ။

    သူ့ရဲ့ လိင်နဲ့ပတ်သက်ပြီး ယူဆပုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အတတ်နိုင်ဆုံး သင်သိနိုင်အောင် ကြိုးစားပါ။ ကလေးရဲ့ ဆရာမကို စကားပြောကြည့်ပြီး ဘာကြောင့် ဒီပုံစံ ပြုမူနေရလဲဆိုတာ သင်ယူပါ။ သင်ပိုသိလေလေ ကလေးကို ပိုကူညီပေးနိုင်လေလေပဲ ဖြစ်ပါတယ်။

    ၃။ ကလေးကို အနိုင်ကျင့်ခြင်းတွေ၊ အဆိုးမြင်စိတ်တွေကနေ ကာကွယ်ပေးပါ။

    ကလေးဟာ တမူထူးခြားစွာ ပြုမူနေတယ်ဆိုရင် သူဟာ အခြားသူတွေရဲ့ အနိုင်ကျင့်စရာသားကောင် ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့စိတ်ဓါတ်နဲ့ ကိုယ်ခန္ဓါကို ဂရုစိုက်သင့်ပါတယ်။ ကျောင်းက ပြန်လာရင် စိတ်ဆိုးလာတာမျိုး ရှိပါသလား။ သူရှင်းမပြနိုင်တဲ့ ကိုယ်ခန္ဓါပေါ်က အညိုအမဲစွဲခြင်းတွေ ရှိပါသလား။

    ကလေးတွေဟာလည်း ရက်စက်နိုင်ပါတယ်။ သင့်ကလေး ခံစားနေရတာကို အထင်မသေးသင့်ပါဘူး။ ကလေးရဲ့ ဆရာမကို အကူအညီတောင်းပြီး ပိုမဆိုးသွားခင် ကလေးကို ဂရုစိုက်သင့်ပါတယ်။

    ၄။ ကလေးကို သူ့ရဲ့ အပြုအမူတွေက သူ့အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ရှင်းပြပါ။

    ဥပမာ သင့်ကလေးဟာ ကျောင်းကို ဂါဝန်ဝတ်သွားချင်တယ်ဆိုရင် သူ့ကို ဒီလိုပုံစံတွေ့ရလို့ သူ့သူငယ်ချင်းတွေ ဘယ်လိုတုန့်ပြန်နိုင်တယ်ဆိုတာကို ရှင်းပြပါ။ သင့်ကလေးငယ်သေချာနားလည်နိုင်ဖို့ စကားကို ရိုးရှင်းပြတ်သားစွာ ပြောပါ။

    သူဒီဂါဝန်ကို ဘယ်လောက်ကြိုက်ပါစေ၊ ဒါကို ဝတ်ခြင်းကို မကြိုက်တဲ့ အခြားကလေးငယ်တွေ ရှိကြောင်းကို သိဖို့ လိုအပ်ပါတယ်။ ဒီကလေးတွေကို သူ့အပေါ် ကြောက်စရာကောင်းတဲ့ အပြုအမူတွေ လုပ်နိုင်ပါတယ်။

    ဒါတောင်မှ သူက ဝတ်ချင်နေဆဲ ဆိုရင်တော့ သူ့ကို မတားသင့်တော့ပါဘူး။ အနည်းဆုံးတော့ သူဘာကိုမျှော်လင့်ရမယ်ဆိုတာကို သိထားသင့်ပါတယ်။

    ခြုံပြောရရင်တော့ အရေးအကြီးဆုံးအချက်က သင်ကသူ့ကို အမြဲချစ်နေမှာပဲဆိုတာကို သိစေဖို့ပဲဖြစ်ပါတယ်။ သင်က သူ့ကို လက်ခံပြီး သင်တတ်နိုင်တဲ့ နည်းနဲ့ ကူညီမယ်ဆိုတာကို သူသိပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement