အတူမနေနဲ့လို့ ဆုံးမတာက သူတို့စိတ်ကို မပြောင်းစေပါဘူး။ ကလေးတွေ အထူးသဖြင့် မြီးကောင်ပေါက် အရွယ်တွေကို အတူမနေနဲ့ (လိင်မဆက်ဆံနဲ့)လို့ ပြောတာက တကယ်ပဲ ထိရောက်ပါ့မလား။ တွေးစရာရှိပါတယ်။ မနေနဲ့လို့ ပြောလို့ မနေတဲ့သူ ရှိသလို မလစ်သေးလို့ ငြိမ်နေတဲ့သူလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရွယ်က စူးစမ်းတတ်တဲ့ အရွယ်ကိုး။ တားလေ ပိုလုပ်လေပါပဲ။ ခုလို လွတ်လပ်တဲ့၊ ဆက်သွယ်ရ လွယ်တဲ့ ခေတ်ဆို ပိုပြီး ဆိုးပါတယ်။
လေ့လာချက်တွေအရလည်း လူငယ်တွေကို မလုပ်နဲ့လို့ တားတာက လက်တွေ့မှာ အရွယ်မတိုင်ခင် လိင်ဆက်ဆံတဲ့ ပြဿနာကို မကျစေပါဘူးတဲ့။ နောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် comprehensive sex educationဟာ လိင်ကိစ္စကို လုံးဝရှောင်ကြဉ်ဖို့ ဆိုတာထက် ဘယ်လိုကိစ္စတွေက အန္တရာယ်ရှိတယ်ဆိုတာကို အသိပေးထားတာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်က မလုပ်ရဘူးလို့ ပြောတာနဲ့ ကလေးတွေက နားထောင်မှာမှ မဟုတ်တာ။ ဒီလိုဆို ကလေးအချင်းချင်း ဖြစ်တဲ့ မုဒိန်းမှုဆိုတာ ဘယ်ရှိပါ့မလဲ။
- လုပ်မယ့်သူတွေကို မလုပ်ပါနဲ့လို့ တားတာက အလုပ်မဖြစ်ပါဘူး။
မလုပ်ရဘူး။ လိင်မဆက်ဆံရဘူးလို့ တစ်မျိုးတည်း ပြောတာက တကယ်တန်း အတူနေကို နေမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေအတွက် ဒုက္ခများစေပါတယ်။ ဆိုလိုတာက မလုပ်ရဘူးဆိုတာပဲ သိပြီး လုပ်မယ်ဆို ဘယ်နည်းလမ်းက အန္တရာယ်ကင်းလဲဆိုတာ သူတို့ မသိဘူး။ ရှောင်နိုင်လားဆိုတော့လည်း မရှောင်နိုင်ဘူး။ ဘယ်လို sex educationမျိုးကမှ လူငယ်တွေကို လိင်မဆက်ဆံဖို့ မတားနိုင်ပါဘူး။ တို့တွေ လုပ်နိုင်တာက အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းက ဘယ်ဟာဆိုတာ ပြောပြပေးတာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။