backup og meta

လက်ရေးလက်သားသည် ကလေးများအတွက် ဘာကြောင့် အရေးပါသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ရေးလက်သားသည် ကလေးများအတွက် ဘာကြောင့် အရေးပါသလဲ

    စက်မှုနည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများ လျှင်မြန်နေသော ယနေ့ခေတ်ကြီးထဲတွင် ပုံမှန်အတိုင်းလက်ဖြင့် ရေးသားမည့်အစား ကွန်ပျူတာဖြင့် လက်ရေးလက်သားများအတိုင်း ပုံနှိပ်ခြင်းများကို ပြုလုပ်နိုင်လာကြပါသည်။ သို့သေည် ထိုသို့သော တိုးတက်ပြောင်းလဲမှုသည် ကောင်းသောပြောင်းလဲခြင်းဖြစ်မဖြစ် လူထုကြားတွင် စဉ်းစားစရာတစ်ခုဖြစ်နေပါသည်။

    ထိုသို့သမာရိုးကျဖြစ်သော လက်ဖြင့်စာရေးခြင်းစနစ် အားနည်းလာခြင်းချိန်တွင် ကလေးများအတွက်မူ ထိုစနစ်ရှိနေခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်း အောက်ဖော်ပြပါများအရ သိရှိနိုင်ပါသည်။

    သင့်ကလေးကို ကွန်ပျူတာစာရိုက်ခြင်းမသင်ပေးမီ ဘာကြောင့် လက်ဖြင့်ရေးခြင်းကို အရင်သင်ပေးသင့်သလဲ။

    ကွန်ပျူတာ ကီးဘုတ် တွင် စာရိုက်ခြင်းနှင့် နှိုင်းစာသော် လက်ဖြင့်စားရေးခြင်းသည် သင့်ကလေး၏ အသိအမြင်စွမ်းရည်ကို ပိုတိုးတက်စေပါသည်။

    · လက်ချောင်းလေးများကို အစီအစဉ်အတိုင်း လှုပ်ရှားခြင်းဖြင့် သင့်ကလေး၏ ဦးနှောက်ထဲရှိ အမြင်နှင့် လှုပ်ရှားမှုကို ဆက်စပ်ထားသော စွမ်းရည်များတိုးတက်လာခြင်း၊ ဘာသာစကားများကို မှတ်သားတတ်လာခြင်း၊ မှတ်ဉာဏ်ကို တိုးတက်စေခြင်း၊ စာလုံးလေးများ ရေးသားပုံကို မှတ်သားခြင်းဖြင့် အာရုံစူးစိုက်မှုတိုးလာခြင်း စသည့် အကျိုးများရရှိစေနိုင်ပါသည်။ ထို့ကြောင့် လက်ဖြင့် စာမရေးသော ကလေးသည် စာဖတ်ခြင်း၊ လေ့လာသင်ယူမှု ပေါင်းသင်းဆက်ဆံမှုစွမ်းရည်များ နှောင့် နှေးခြင်းတို့ဖြစ်လာမည်ဖြစ်ပါသည်။

    · ၂၀၁၄ တွင် သုတေသီများက ကလေးများကို အုပ်စု ၂စုခွဲပြီး သုတေသနပြုစုခဲ့ပါသည်။ ပတမအုပ်စုသည် ၃ နှစ်အရွယ်ကလေးများဖြစ်ပြီး ဒုတိယအုပ်စုသည် ထိုကလေးများကိုပင် ၄ နှစ်ကြာမြင့်သော် လေ့လာဆန်းစစ်ခြင်းဖြစ်ပါသည်။

    ပျမ်းမျှ အယောက် ၁၀၀၀ သောကလေးများတွင် တွေ့ရှိချက်အရ ကလေးများသည် အသက်ငယ်စဉ်ကတည်းက စာရေးနည်းများကို သင်ထားခြင်းဖြင့် ကျောင်းနေရွယ် ရောက်ချိန်တွင် လုပ်ဆောင်မှုများသည် အခြားကလေးများထက် သာနေကြောင်း တေါ့ရပါသည်။ ထို့ကြောင့် ကလေးများကို တတ်နိုင်သမျှ စောစောအရွယ်တွင် စာရေးခြင်းကို သင်ပေးလေလေ သူတို့သည် ဗူးများကို ဖွင့်ခြင်း၊ ရှုးဖိနပ်ကြိုးများကို ချည်ခြင်း စသည့် အလုပ်များကို ပိုပြီးသင်ယူနိုင်စွမ်းမြန်လေလေဖြစ်ပါသည်။

    သင့်ကလေးကို စာ စရေးရန် ဘယ်လို ကူညီမလဲ။

    • ကလေးကို ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်းများ ပြုလုပ်စေပါ။

    ထိုသို့ပြုလုပ်ပေးခြင်းသည် စာရေးမသင်မီ အစမ်းလေ့ကျင့်ပေးသည့် သဘောဖြစ်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်များသည် သူတို့အကြောင်းသူတို့ ရင်းနှီးလာခြင်း၊ အလုပ်များကို ကြိုးစားလုပ်ဆောင်လိုစိတ်များဖြစ်လာခြင်း၊ လက်တွင်ရှိသောကြွက်သားများကို အားကောင်းစေလာခြင်းတို့ဖြစ်ကာ စာရေးသင်ချိန်တွင်လည်း စာလုံးများကို လေ့လာနိုင်စွမ်းများမြင့်တတ်လာစေပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေး၏ ဖန်တီးနိုင်မှုစွမ်းအားနှင့် စိတ်ပျော်ရွှင်မှုကို ရရှိစေရန် ခဲတံများ၊ဖယောင်းခဲများ ဝယ်ပေးခြင်း၊ ရောင်ခြယ်ရန် ရောင်စုံခဲတံများ၊ မာကာပင်များ၊ မြေဖြူခဲများဝယ်ပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။

    • ကလေးများကို လက်အနေအထားမှန်စေရန် သင်ပေးပါ။

    ထိုအချက်ကို မိဘအများစုက မေ့လျော့နေတတ်ကြပါသည်။ ထို့ကြောင့် စာလုံးလေးများကို ရေးနည်းကို သင်ပေးနေချိန်တွင် ခဲတံကို ကိုင်နည်းကို ပြသပေးခြင်း၊ အနေအထားမှန်မှန်ထိုင်းရန် သင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

    • ကလေးအများစု စာရေးသင်ချိန်တွင် ဖြစ်ပေါ်လေ့ရှိသော ကိစ္စများကို သိထားပါ။

    ကလေးများသည် စပြီး စာရေးသင်ချိန်တွင် အောက်ပါအချက်များ အဖြစ်များတတ်ပါသည်။

    o စာရေးရမည့်အစား ပုံများဆွဲနေခြင်း

    o စာလုံးများကို ပြောင်းပြန်ရေးခြင်း

    o စာလုံးအရွယ်အစား ကြီးကြီးရေးခြင်း

    o စာလုံးအကြီးများသာရေးခြင်း

    o ခဲတံကို မြဲအောင် မကိုင်နိုင်ခြင်း တို့ဖြစ်တတ်ပါသည်။

    ထို့ကြောင့် မိဘများအနေဖြင့်ကလေးများကို စာရေးသင်ရာတွင် ထိရောက်စေမည့် နည်းများအသုံးပြုကာသင်ကြားခြင်းဖြင့် ထိုစဉ်တွင် ဖြစ်လာမည့် အခက်အခဲအချို့ကို အချိန်မကုန်ဘဲ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement