backup og meta

ကျောင်းတက်ရန် ငြင်းဆိုခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းတက်ရန် ငြင်းဆိုခြင်း

    စာသင်နှစ်များသည် လူတိုင်း၏ ဘဝတွင် အရေးပါသော အကူးအပြောင်းအချိန်များ ဖြစ်သည်။ အိမ်နှင့် ခွဲခွာပြီး လူသစ်များနှင့် တွေ့ရသောအချိန်များ ဖြစ်ပြီး ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း၊ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း တို့ ဖွံ့ဖြိုးလာချိန် ဖြစ်သည်။ စာသင်နှစ်များတွင် ကျောင်းသား တစ်ယောက် ရင်ဆိုင်ရသော စိန်ခေါ်မှုများ အများအပြား ရှိသည်မှာ ပြောစရာမလိုအောင်ပင် ဖြစ်သည်။

    အချို့ကို လွယ်ကူစွာ ဖြေရှင်းနိုင်သော်လည်း အချို့မှာ ရှုပ်ထွေးသည်။ ထိုကဲ့သို့ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ ဖြေရှင်းခြင်း မရှိပါက အချိန်ကြာလာသောအခါ ကြောက်ရွံ့ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးမှုဖြစ်ခြင်းစသော အပျက်သဘော ဆောင်သော ခံစားမှုများ ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ကျောင်းတက်ရန် ငြင်းဆိုခြင်းဟုခေါ်သော စိတ်ရောဂါတစ်ခု ကို ဖြစ်စေပါသည်။

    စတင်ဖြစ်ပွားသော အသက်အရွယ်သည် ၁၀ မှ ၁၃ နှစ်တွင် အများဆုံးဖြစ်သော်လည်း ကျောင်းတက်ရန် ငြင်းဆိုခြင်း ဖြစ်နိုင်ချေသည် လိင်၊ လူမျိုး၊ အသက်အရွယ် အုပ်စု ကန့်သတ်ထားခြင်း မရှိပါ။

    ကျောင်းတက်ရန် ငြင်းဆိုခြင်း၏ လက္ခဏာများ

    သင့်ကလေးသည် ကျောင်းစတင်တက်ပြီး အောက် ဖော်ပြပါ လက္ခဏာများ ထပ်ခါထပ်ခါ ဖြစ်ပေါ်လာပါက ကလေးတွင် ကျောင်းတက်ရန် ငြင်းဆိုခြင်း အပြုအမှုများ ပြသခြင်း ဖြစ်နိုင်သည်။

    • ပုံမှန်မဟုတ်သော အပြုအမူများ ဥပမာ- ရန်လိုခြင်း၊ ပမာမခန့် ပြုခြင်း၊ မောပန်းခြင်း၊ စိတ်ဓါတ်ကျခြင်း၊ လူမှုဆက်ဆံရေး စိတ်ဖိစီးမှုများ၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း
    • အလွန်အမင်း အားပေးမှုကို လိုလားသော အပြုအမူ
    • အရွယ်ရောက်ပြီးသူများကို အလွန်အမင်း တွယ်ကပ် ခြင်း
    • ကျောင်းသွားရမည် ဟူသောအခါ ငိုယိုခြင်း၊ ဒေါသပုန်ထခြင်း
    • ကျောင်း သို့မဟုတ် အိမ်မှ ထွက်ပြေးခြင်း
    • တတ်နိုင်သလောက် နောက်ကျမှ ကျောင်းသွားခြင်း
    • ကျောင်းပြေးရန် ခွင့်တောင်းခြင်း သို့မဟုတ် ဗိုက်အောင့်သည်၊ ခေါင်းကိုက်သည်၊ မအီမသာဖြစ် သည် စသည်ဖြင့် အကြောင်းပြပြီး သူနာပြုဆေးခန်း သို့သွားရန် ခွင့်တောင်းခြင်း။ သို့သော်လည်း သူတို့ကို အိမ်တွင်နေရန် ခွင့်ပြုလိုက်သောအခါ ထိုလက္ခဏာ များသည် လျင်မြန်စွာ ပျောက်သွားသည်။

    ကျောင်းတက်ရန် ငြင်းဆိုခြင်းကို ဘာတွေက ဖြစ်စေသလဲ။

    ငယ်ရွယ်သူများသည် အဓိက အကြောင်းရင်း ၆ချက် ကြောင့် ကျောင်းတက်ရန် ငြင်းဆိုကြသည်။

    • လူမှုဆက်ဆံရေး အခက်အခဲများ၊ ဥပမာ- လူကြား ထဲတွင် စကားပြောခြင်း၊ အထီးကျန်ခြင်း၊ သူငယ် ချင်းများဖြင့် အဆင်မပြေခြင်း၊ အနိုင်ကျင့်ခံရခြင်း
    • စာသင်ကြားရာတွင် ခက်ခဲခြင်း။ ဥပမာ- အတန်း ပညာ အဆင့်များတွင် ရုန်းကန်ရခြင်း၊ စာမေးပွဲ ကြောင့် စိတ်ဖိစီးခြင်း
    • ဆရာများဖြင့် အဆင်မပြေခြင်း
    • ခွဲခွာရခြင်းကြောင့် စိတ်ဖိစီးခြင်း ( ခွဲခွာရပါက သူတို့ သို့မဟုတ် သူတို့မိဘများတွင် တစ်စုံတစ်ခု ဖြစ်ပွား နိုင်သည်ဟု စိုးရိမ်ခြင်း)
    • ဒုက္ခဖြစ်စေသည့် အတွေ့အကြုံ။ ဥပမာ- မိသားစုဝင် များ ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်း။ မိဘများ အတူမရှိခြင်း၊ ကွာရှင်းထားခြင်း
    • အိမ်တွင် နေခြင်းမှရရှိသောအကျိုးကျေးဇူးများ။ ဥပမာ- တီဗွီ ကြည့်နိုင်ခြင်း၊ ဗီဒီယိုဂိမ်းများ ကစားခြင်း၊ ချစ်ခင်သော သူများနှင့် အတူနေနိုင်ခြင်း

    မိဘများနှင့် ကလေးများအတွက် ဖြေရှင်းချက်များ

    • ကျောင်းနှင့် အတန်းများကို တဖြည်းဖြည်းချင်း ပြန် လည် မိတ်ဆက်ပေးခြင်း၊ ပေါင်းစည်းပေးခြင်း။ ကျောင်းသားများသည် အစပိုင်းတွင် ထမင်းစား ဆင်းချိန်ကိုသာ တက်လိုပြီး ရက်အနည်းငယ်ကြာ သောအခါ သူတို့ အနှစ်သက်ဆုံး အတန်းအချို့ကို စတင်တက်နိုင်သည်။ ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ဖြင့် ဆက်တိုက်ထိတွေ့ပါက ကျောင်းသားများသည် အတန်းတက်ရန် ကြောက်ရွံ့စရာမရှိသည်ကို နား လည်လာလိမ့်မည်။
    • ကျောင်းသား၏ ဆရာများနှင့် တွေ့ဆုံခြင်း။ ၎င်းသည် ဆရာများအပေါ် ကလေးများ အထင်လွဲ ခြင်းကို ကူညီဖြေရှင်းပေးနိုင်သည်။ ရင်းနှီးချစ်ခင်မှု ကိုလည်း ဖြစ်စေသည်။
    • အတွင်းကျကျ စကားစမြည် ပြောဆိုခြင်း။ ၎င်းသည် သင့်ကလေး၏ စိတ်ဖိစီးမှုနှင့် ကြောက်ရွံ့မှု ဖြစ်စေ သော ရင်းမြစ်များကို သင် နားလည်ရန် ကူညီ ပေးသည်။ သူတို့၏ ပြဿနာများကို ကူညီရန် အသင့်တော်ဆုံး ချဉ်းကပ်ခြင်းလည်း ဖြစ်သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement