backup og meta

ကလေးကို ကျောင်းမှာ ဘေးကင်းစိတ်ချရအောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ကျောင်းမှာ ဘေးကင်းစိတ်ချရအောင် ဘယ်လိုလုပ်မလဲ

    ကျောင်းသည် ကလေးငယ်များအတွက် အလုံခြုံဆုံးနေရာဖြစ်သော်လည်း မိဘအများစုအတွက်တော့ မိမိရင်သွေး ဘေးကင်းစိတ်ချရေးသည် စိုးရိမ်ပူပန်မှုကြီးတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ထိုစိုးရိမ်ပူပန်မှုများ လျော့နည်းစေရန် အောက်ပါနည်းများကို ကျင့်သုံးကြည့်ပါ။

    ၁။ ကလေးက သူ့နာမည်အပြည့်အစုံ၊ လိပ်စာ နှင့် မိဘ တယ်လီဖုန်းနံပါတ်များကို သိတာသေချာပါစေ။ ကလေးသိတတ်နားလည်သောအရွယ် ရောက်တာနဲ့ အရေးပေါ်အခြေအနေမျိုးမှာ မဖြစ်မနေလိုအပ်သော အရေးကြီးသည့် သတင်းအချက်အလက်အားလုံး (ဥပမာ- ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ရဲစခန်းဖုန်းနံပါတ်)ကို သတိရစေဖို့ လေ့ကျင့်ပေးပါ။

    ၂။ အကယ်၍ ကလေးသည် ဆေးဝါးလိုအပ်သော နာတာရှည်ရောဂါ (ဥပမာ-ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချိုရောဂါ) သို့မဟုတ် ပြင်းထန်ဓါတ်မတည့်မှုပြဿနာရှိလျှင် တာဝန်ရှိသူများကို အသိပေးဖို့လိုအပ်သည်။ မိဘတို့သည် ကလေးကျန်းမာရေးအတွက် တာဝန်ရှိသော ကျောင်းသူနာပြု၊ ကျောင်းအတွင်းရေးမှူးနဲ့ တွေ့ဖို့လိုအပ်သည်။ မိဘသည် ကလေး ဆရာ/ဆရာမ ၊ ကျောင်းအုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကလေးရောဂါ အကြောင်းကိုပြောပြကာ အရေးပေါ်အခြေအနေမှာ ဆေးဝါးဘယ်လိုပေးဖို့ လိုအပ်တယ်ဆိုတာကို ရှင်းပြပေးဖို့ အရေးကြီးသည်။ ကလေးသည် သူ၏ဆေးများကို အမြဲဆောင်ထားသင့်သည်။ ပန်းနာရင်ကျပ် ရောဂါသည် ကလေးကြီးများအတွက်မူ သူတို့ကိုယ်တိုင်

    ရှူဆေးဘယ်လိုရှူရမယ် ဆိုတာကို သင်ကြားပေးရမည်။

    ၃။ ကလေးကို တစ်ကိုယ်ရည် ကျန်းမာရေး အလေ့အထများကို သင်ကြားပေးပါ။ ပုံမှန်လက်ဆေးခြင်းသည် ရောဂါပိုးမကူးစက်စေရန် ကာကွယ်ပေးသော အရေးကြီးဆုံး တစ်ကိုယ်ရည် ကျန်းမာရေးအလေ့အထ တစ်ခုဖြစ်သည်။ ထို့ပြင် မိဘများသည် ကလေးများအား တစ်ကိုယ်ရည်အသုံးအဆောင်များဖြစ်သည့် သွားတိုက်တံ၊ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါ၊ လက်သည်းညှပ်အစရှိသည်တို့ိကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုဖို့ သင်ပေးရမည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ မျှဝေသုံးစွဲခြင်းက ရောဂါပိုး ကူးစက်နိုင်သောကြောင့်ဖြစ်သည်။

    ၄။ ကလေးများကို သူ့အချိန်နှင့်သူ ကာကွယ်ဆေးထိုးပေးပါ။ ကာကွယ်ဆေးကို သတ်မှတ်ချိန်အတိုင်း ထိုးပေးခြင်းသည် ကျောင်းမှ ရောဂါပိုးများ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သော အရေးကြီးဆုံးအချက်တွေထဲက တစ်ချက်ဖြစ်သည်။ ကာကွယ်ဆေးထိုးသောအကြိမ်တိုင်းသည် အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယနေ့ခေတ် လူသားတို့ကို ခြိမ်းခြောက်နေသော ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်လို့ပဲဖြစ်သည်။

    ၅။ အကယ်၍ ကလေးသည် ကျောင်းအားကစား တွင် ပါဝင်ကစားလျှင် သူ/သူမအား ကစားစဉ် အကာအကွယ်များ (ဥပမာ-ဒူးစွပ်) ဝတ်ဆင်ဖို့ သတိပေးပါ။ မိဘများသည် ဦးနှောက်ထိခိုက်မှု လက္ခဏာများကို သိရှိထားသင့်ပြီး ကလေး ကျောင်းအားကစားအပြီး အိမ်ပြန်ရောက်လျှင် မူမမှန် လက္ခဏာများ ရှိမရှိ စောင့်ကြည့်ပေးပါ။

    ၆။ သင့်ကလေးကို လမ်းစည်းကမ်း သင်ကြားပေးပါ။ အကယ်၍ မိဘက ကလေးကို ကျောင်းသို့ လမ်းလျှောက်ခွင့် (သို့) စက်ဘီးစီးခွင့်ပြုထားလျှင် လူကူးမျဉ်းကြားမှကူးရန်၊ မီးစိမ်းမှဖြတ်ရန် သင်ကြားပေးပါ။ အကယ်၍သူတို့သည် ဘတ်စ်ကားဖြင့်သွားလျှင် ဘတ်စ်ကားရှေ့မှ မဖြတ်ခင် ဘတ်စ်ကားမောင်းသူ နှင့် မျက်လုံးချင်းဆုံစေဖို့ ဘတ်စ်ကားနောက်မှ ဘယ်တော့မှ ဖြတ်မလျှောက်ဖို့ သင်ကြားပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement