backup og meta

ဆယ်ကျော်သက်အရွယ်သမီးကို အင်အားပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်အရွယ်သမီးကို အင်အားပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ

    သားသမီးတွေကို မျက်ခြည်ပြတ်မခံ အမြဲတစေစောင့်ကြည့်နေတတ်တာက မေမေတွေပါ။ အမူအရာလေးတစ်ခုခုပြောင်းလဲနေရင်တောင် စက္ကန့်ပိုင်းနဲ့ သိကြတဲ့သူတွေပေါ့။ ကမ္ဘာပေါ်မှာ နားလည်မှုအပေးနိုင်ဆုံးကလည်း မေမေတွေပါပဲ။ မေမေတစ်ယောက်ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးတွေကို အချိန်ပြည့်စောင့်ကြည့်တာက မသိလိုက်ဘဲနဲ့တောင်လုပ်နေမိတတ်ပါတယ်။ ဒီလိုစောင့်ကြည့်နေတဲ့အခါ ဆယ်ကျော်သက်သမီးက ကျန်းမာပျော်ရွှင်နေရင် ကိစ္စမရှိပေမယ့် ကြည့်ရတာ ပင်ပန်းနေပုံပေါက်နေရင် အနည်းနဲ့အများတော့ စိတ်ညစ်မိမှာပါ။

    ကလေးက အရွယ်ရောက်တဲ့အခါ ပိုပင်ပန်းလာရတာဘာကြောင့်လဲ

    ကလေးဘဝက အရာရာက ဘာမှ အပူအပင်သိပ်မရှိတော့ ပူပင်စရာမရှိဘူးပေါ့။ အရွယ်ရောက်လာတဲ့အခါ ကျက်ရတဲ့စာတွေကများလာတယ်။ တာဝန်တွေက ကြီးလေးလာတယ်။ ဒီကြားထဲမှာ သမီးမိန်းကလေးတွေရင်ဆိုင်ရတဲ့ အပြောင်းအလဲက သားယောက်ျားလေးတွေရင်ဆိုင်ရတဲ့ အပြောင်းအလဲထက်ပိုများပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုကြောင့် စိတ်ပင်ပန်းရသလို အပျိုဖော်ဝင်စမှာကြုံတွေ့ရတဲ့ ရာသီသွေးစပေါ်တဲ့ပြဿနာကလည်း သမီးတွေကို ပိုပင်ပန်းစေတာပါနော်။ ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ ဖွံဖြိုးပြောင်းလဲမှုကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေကလည်း ပိုများလာမှာပါ။ ဒီအနေအထားကိုမေမေတို့ကကောင်းကောင်းနားလည်ဖို့လိုပါမယ်။

    အရွယ်ရောက်လာတဲ့ သမီးတစ်ယောက် ကျန်းမာပျော်ရွှင်ကြီးပြင်းလာစေဖို့

    ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်အဖို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက များပါတယ်။ မူလတန်းကနေ အလယ်တန်းကိုပြောင်းတဲ့ ပညာရေး၊ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် အချိုးအဆစ်၊ သွေးသားပြောင်းလဲမှုနဲ့ စိတ်အခြေအနေပြောင်းလဲမှု၊ လူဝင်ဆံ့ချင်လာတဲ့ စိတ်အခြေအနေ စတာတွေက ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေပါ။ ဒီစိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်စေဖို့ဆိုရင်မေမေတို့ဘက်က အခုလိုလေးဂရုစိုက်ပေးဖို့လိုပါမယ်။

    ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေပြည့်စေဖို့က မနက်စာကို မဖြစ်မနေစားဖို့လိုမှာပါ။ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝဖို့လိုနေတဲ့ သမီးတွေအတွက်ဆိုရင်တော့ ပိုလို့တောင်လိုအပ်ပါဦးမယ်။ ဒါကြောင့် မနက်စာကို ပေါင်မုန့်၊ ထမင်းကြော်၊ ကြက်ဥကြော်၊ ကွေကာအုပ်စတဲ့ အစားအသောက်တွေကိုအာဟာရပြည့်အောင်ပြင်ပြီး ကျွေးမွေးပေးပါ။

    • နည်းလည်းမနည်းစေနဲ့ များလည်းမများစေနဲ့

    ဒီအရွယ်က လှချင်ပချင်နေတဲ့အရွယ်ဖြစ်တာကြောင့် အများကြီးကျွေးရင် ကလေး ဝလာတာမျိုးဖြစ်နိုင်သလို နည်းနည်းပဲကျွေးမိပြန်ရင်လည်း ကလေးက ကြီးထွားသင့်သလောက် မကြီးထွားတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အာဟာရပြည့်မီအောင်ဂရုစိုက်ရင်း အများကြီးမကျွေးမိစေဖို့လည်း သတိပြုပါ။

    ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေစေဖို့ ကလေးကို တစ်နေ့ရေ ၇ ခွက်ကနေ ၈ ခွက်လောက်အထိတိုက်ပေးပါ။ ရေဓာတ်ပြည့်အောင်ဆိုပြီး အားဖြည့်အချိုရည်တွေ၊ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေတိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ရေကအကောင်းဆုံးပါ။ ဒါကြောင့် ကလေးကို သွားလေရာ ရေဗူးလေးထည့်ပေးပြီး ရေသောက်ဖြစ်အောင် ဂရုစိုက်ပါ။

    အရိုးတွေ ဖွံ့ဖြိုးကြီးထွားတဲ့ အရွယ်မို့ ကယ်လ်ဆီယမ်လိုအပ်ချက်ကလည်း မြင့်မှာပါ။ မိန်းကလေးတွေက အသက် ၂၀ ကျော်လောက်အထိ အရိုးတွေ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် အရိုးတွေ သိပ်သည်းဆကောင်းကောင်းနဲ့ အကောင်းဆုံး ဖွံ့ဖြိုးနိုင်စေဖို့ ကယ်လ်ဆီယမ်ကို အကောင်းဆုံးဖြည့်ဆည်းပေးရပါမယ်။ ကယ်လ်ဆီယမ်ဖြည့်ထားတဲ့ နို့၊ သစ်သီးဖျော်ရည်။ ကွေကာအုပ်စတာတွေ တိုက်ပေးလို့ရပါတယ်။ အဆီထုတ်ထားတဲ့ သောက်စရာတွေဖြစ်ဖို့တော့ ဂရုစိုက်ရပါမယ်။

    • သံဓာတ်လိုအပ်ချက်ပြည့်မီအောင်ဂရုစိုက်ပါ

    ရာသီသွေးဆင်းနေပြီဖြစ်တဲ့ ကလေးတစ်ယောက်အတွက် သံဓာတ်လိုအပ်ချက်က ပုံမှန်ထက်ပိုလိုအပ်လာမှာပါ။ ဒီအချိန်မှာ ပြည့်မီအောင် ဖြည့်ပေးနိုင်မှလည်း ကလေးက သံဓာတ်အားနည်းတာကြောင့်ဖြစ်တဲ့ မောပန်းလွယ်တာ၊ နုံးချိတာနဲ့ သွေးအားနည်းရောဂါတွေမဝင်လာမှာပါ။ ဒါကြောင့် ကလေးကို သံဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကျွေးပေးဖို့ လိုပါမယ်။ ၉ နှစ် ကေနေ ၁၃ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဟာ တစ်နေ့ကို သံဓာတ်ပမာဏ ၈ mg အထိလိုအပ်ပြီး ၁၄ နှစ် ကနေ ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်အတွက်ကတော့ တစ်နေ့တာမှာ သံဓာတ် ၁၅ mg အထိလိုအပ်ပါမယ်။ သံဓာတ်ရစေဖို့ အသည်း၊ အနီရောင်အသား၊ ဥအမျိုးမျိုး၊ ဟင်းနုနွယ်စတာတွေကို ကျွေးမွေးပေးဖို့လိုမှာပါ။

    ကြီးထွားဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်အတွက် ဒီအချက်ကလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အပြင်က သရေစာတွေစားမိရင် မလိုအပ်ဘဲ ကလေးက အဝလွန်တာမျိုးဖြစ်နိုင်တာကြောင့် မေမေတို့က ကယ်လ်လိုရီပါဝင်မှုကို သေချာစစ်ပြီး သရေစာလေးတွေဝယ်ပေးတာမျိုး၊ သစ်သီးလေးတွေပြင်ဆင်ပေးတာမျိုး၊ ကြက်ဥပြုတ်ပေးတာမျိုးနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ မြန်မာမုန့်လေးတွေကို သရေစာအဖြစ် ပြင်ဆင်ပေးလိုက်ပါ။

    နေ့တိုင်း ကလေးနဲ့အတူ လမ်းလျှောက်ပေးတာမျိုး၊ ခပ်ရွရွလေးပြေးတာမျိုး၊ ရေကူးတာ၊ Zumba ကတာ၊ Gym ဆော့တာမျိုး လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်ရော ကိုယ်ခံအားအတွက်ပါ ကောင်းစေနိုင်ပါတယ်။ မေမေနဲ့သမီးအတူတူယောဂဆော့တာကလည်း ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။

    • ကိုယ်ပိုင်အချိန်လေးပေးပါ

    ကလေးကို တစ်ချိန်လုံးဖြစ်စေချင်ဇောနဲ့ စာကျက်ဖို့ကျောင်းတက်ဖို့၊ကျောင်းပြင်ပ သင်တန်းတွေတက်ဖို့ အတင်းကြီးဖိအားမပေးပါနဲ့။ ကလေးကိုယ်တိုင်က လိုလိုလားလားတက်ချင်တာမျိုးကိုပဲပေးတက်ပါ။ ကလေးအတွက် တိတ်ဆိတ်စွာနဲ့ပြည့်ပြည့်ဝဝအနားယူနိုင်မယ့် ကိုယ်ပိုင်ချိန်လေးပေးဖို့မမေ့ပါနဲ့။ ခန္ဓာကိုယ်မှာရင်ဆိုင်ရတဲ့ ပြောင်းလဲမှုတွေကို လက်ခံနိုင်ဖို့ ကြိုးစားနေတဲ့ ကလေးတစ်ယောက်အဖို့ သူစိတ်ဝင်စားတာကို လုပ်ဖို့နဲ့ ပြည့်ဝစွာ အနားယူနိုင်ဖို့ တစ်နေ့တာမှာ အနည်းဆုံး ကိုယ်ပိုင်အချိန် နာရီဝက်ကနေ ၄၅ မိနစ်အထိလိုနိုင်ပါတယ်။

  • အိပ်ချိန်ပြည့်ဝဖို့ ဂရုစိုက်ပါ
  • သမီးမိန်းကလေးတစ်ယောက်ကို တစ်နေ့မှာအနည်းဆုံး အိပ်ချိန် ၇နာရီပြည့်အောင်ဂရုစိုက်ပါ။ ညစဉ် အိပ်ရာစောစောဝင်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးပါ။ အိပ်ရာဝင်ခါနီးကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာ၊ လက်ဖက်သုပ်စားတာမျိုး မလုပ်စေပါနဲ့။ အိပ်ခါနီးတိုင်း အဝတ်အစားသန့်သန့်လေးဝတ်ပေးပြီး အိပ်စေတာမျိုးလုပ်ပါ။

    ကလေးကိုရေပုံမှန်ချိုးတာ၊ခေါင်းလျှော်တာနဲ့ အရွယ်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်အတွက် လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကိုမေမေက ဂရုစိုက်ပေးပါ။ အရွယ်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်အဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့က အခြားသူတွေထက်ပိုလိုအပ်လာပြီဖြစ်တာကြောင့် စမတ်ကျကျ လေဒီလေးဖြစ်စေဖို့မေမေတို့ကသေချာလေးဂရုစိုက်ပေးရမယ့်အရွယ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက စိတ်ကြည်လင်လန်းဆန်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့အရာတစ်ခုဆိုတာ မမေ့ပါနဲ့။

    အခုပြောခဲ့တဲ့ အချက်လေးတွေကိုသေချာလေးဂရုစိုက်ပေးလို့ ကိုယ့်ရဲ့ သမီးကိုနေ့ရက်တိုင်းမှာ အားအင်ပြည့်နေစေဖို့ ဂရုစိုက်လိုက်ပါမေမေတို့ရေ………….

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement