backup og meta

အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

    သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့ မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတာက ပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်လေ။ ဒါပေမယ့် ကလေးတွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက် ပိုဆိုးပါတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်း ပိုနိုင်တယ်လေ။ ကလေး အဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတာကို သိထားသင့်ပါတယ်။

    ကလေး ဖျားနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

    ကလေးတွေက လူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။

    ကလေးတွေက လူကြီးတွေထက်စာရင် အလွယ်တကူ အအေးမိဖျားနာနိုင်ပါတယ်။ အိမ်မှာ သာမိုမီတာလေးတစ်ခုဝယ်ထားပြီး ကလေးဖျားနေတယ်လို့ သံသယရှိတဲ့အခါ တိုင်းကြည့်တာကလည်း အဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။

    အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

    အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတော့ –

    • အဝတ်အစားတွေကို သက်သောင့်သက်သာဖြစ်အောင် ဝတ်ဆင်ပေးပါ။ အနွေးထည်အထူကြီး ဝတ်ပေးတာ၊ စောင်အထူကြီးခြုံပေးတာမျိုး မလုပ်ပါနဲ့။
    • ကလေးကို ရေဓာတ် ပြည့်ဝနေအောင် မိခင်နို့ရေ၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည် အစရှိတာတွေ တိုက်ကျွေးပေးပါ။ ကဖင်းပါတဲ့ သောက်စရာတွေနဲ့ အချိုရည်တွေကိုတော့ရှောင်ပါ။
    • အာဟာရဖြစ်စေပြီး ကြေလွယ်မယ့် အစားအစာတွေ ကျွေးမွေးပါ။
    • အရမ်းအပူကြီးလာတယ်ဆိုရင် ရေအေးဝတ် ကပ်ပေးပါ။ ရေပတ်တိုက်ပေးပါ။
    • အဖျားပျောက်ဆေးတိုက်ပါ။ ပါရာစီတမောကို ကလေးကိုယ်အလေးချိန်အလိုက် တိုက်ပေးလို့ ရပါတယ်။
    • ကလေးကို ပြည့်ပြည့်ဝဝ အနားယူနိုင်အောင် လုပ်ဆောင်ပေးပါ။
    • ရေချိုးမယ်ဆိုရင် ရေခပ်နွေးနွေးလေးနဲ့ မြန်မြန်လေး ချိုးပေးနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသမလဲ

    ကလေးမှာ အခုပြောပြမယ့် အခြေအနေတွေ ဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    • ကလေးက အော့အန်နေမယ် ဆက်တိုက် ဖြစ်နေပြီး နုံးချိလာမယ်။
    • ဝမ်းသွားနေမယ်။
    • အစာနဲ့ ရေမဝင်တော့ဘူး။
    • ဆီးနည်းသွားမယ်။
    • ခန္ဓာကိုယ်မှာ အနီစက်တွေ ဖြစ်လာမယ်။
    • တက်မယ်
    • အဖျားက ဆက်ပြီး ကြီးနေမယ်။
    • အဖျား ကျသွားပေမယ့်လည်း မှိန်းနေမယ် ဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တာကြောင့် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသတာက အကောင်းဆုံး ဖြစ်မှာပါ။

    ဒီလိုပြောထားတဲ့ လက္ခဏာတွေ မဖြစ်လာသေးပေမယ့်လည်း မိဘတွေရဲ့ အမြင်မှာ စိုးရိမ်စရာ ကောင်းတဲ့ အနေအထား ရှိတယ်လို့ ထင်မြင်မိရင် ဆေးရုံဆေးခန်းကို မြန်မြန်ဆန်ဆန် သွားရောက်ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement