backup og meta

ကလေး လေနာ ထလို့ ညဘက်ဆို မအိပ်ရအောင်ဖြစ်နေပြီဆိုရင်


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး လေနာ ထလို့ ညဘက်ဆို မအိပ်ရအောင်ဖြစ်နေပြီဆိုရင်

    မိဘဖြစ်ရခြင်းရဲ့ ခါးသီးတဲ့အတွေ့အကြုံကတော့ ညဘက်ဆို ကလေးငိုလို့ထထသိပ်ရခြင်းပါ။ ကလေးတွေကပုံမှန်လည်းငိုတတ်ပါတယ်။ ဒါပေမယ့် ကလေးက ဆာလို့လည်းမဟုတ်၊ ရှူးပေလို့လည်းမဟုတ် ခဏခဏကို ငိုနေပြီး ဘာလုပ်ပေးပေးစိတ်မကြည်ဘူး၊ ဂျီကျနေတယ်ဆိုရင် အဖေနဲ့အမေ ဗျာများရတော့တာပါပဲ။ စိတ်ရှုပ်တာ အလုပ်ရှုပ်တာထက် ကူကယ်ရာမဲ့ ငိုကျွေးနေတဲ့ကလေးကိုမြင်ရတာဟာ စိတ်မသက်မသာစရာပါ။ ဒါကတော့ ကလေးက မွေးစကနေ လသားအရွယ်အတွင်း အဖြစ်များလေ့ရှိတဲ့ ကလေး လေနာ ဝေဒနာကို ခံစားနေရတာဖြစ်နိုင်ပါတယ်။

    ကလေးလေနာဝေဒနာ( Colic ) ဆိုတာ ကျန်းမာနေတဲ့ကလေးမှာတောင် အဆက်မပြတ်ငိုနေစေတဲ့ဝေဒနာဖြစ်ပါတယ်။ ကလေးက အကြောင်းရင်းမည်မည်ရရမရှိဘဲချော့မရမြှူမရအောင် ငိုနေတာကြောင့် မိဘတွေ စိတ်ဒုက္ခရောက်ရတဲ့ပြဿနာတစ်ခုပါပဲ။ ညနေပိုင်း၊ ညပိုင်းဆို ပိုဆိုးတာကြောင့် ကလေးရော၊ မိဘတွေပါ အရမ်းပင်ပန်းရပါတယ်။

    လေနာ၊ အစာခြေရည်ဆန်တက်ခြင်း(acid reflux ) ၊နဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေက ကလေးငယ်တွေမှာ အဖြစ်များဆုံးပါပဲ။

    လေနာ လက္ခဏာ

    • အရမ်းငိုနေမယ်။ကလေးက စူးစူးဝါးဝါးငိုနေပြီး မိဘတွေဘယ်လိုမှချော့မရတာမျိုး။ ကလေးရဲ့မျက်နှာနီရဲလာတဲ့အထိ ငိုလေ့ရှိပါတယ်။နေ့တိုင်း ဒီအချိန်ဆို ငိုနေကျ ဆိုသလို အချိန်မှန် ငိုနေလေ့ရှိပါတယ်။ အထူးသဖြင့် ညနေစောင်းနဲ့ ညအိပ်ချိန်တွေမှာပိုဖြစ်လေ့ရှိပါတယ်။
    • နေထိုင်လှုပ်ရှားပုံပြောင်းလဲနေတယ်။ လက်သီးလေးဆုပ်ထားတာ၊ဗိုက်ကြွက်သားတွေတောင့်နေတာ၊ ဒူးမြှောက်ထားတာ၊ ကွေးကွေးလေးနေတာမျိုး အရင်နဲ့မတူပြောင်းလဲနေတာရှိနိုင်ပါတယ်။
    • ကောင်းကောင်းမအိပ်နိုင်ပါ။ အိပ်ချိန်တွေမမှန်ဘဲ၊ အိပ်နေရင်း ရုတ်တရက် ထငိုတာမျိုး။
    • လေလည်မယ်။ အရမ်းငိုနေရင်းနဲ့ ကလေးက လေလည်လိုက်တာမျိုးဆို လေနာကြောင့်ငိုနေတာဖြစ်နိုင်ပါတယ်။
    • လေနာသိပ်မပြင်းထန်ရင် အရမ်းငိုတာမျိုးမဟုတ်လည်း ကလေးက စိတ်မကြည်ဘဲ ဂျီကျနေတာ၊ အငြိမ်မနေနိုင်တာတွေဖြစ်တတ်ပါတယ်။
    • အချိန်မှန် ငိုတတ်တယ်။ ဒီနေ့ ဒီအချိန်ငိုရင် နောက်နေ့လည်း ဒီအချိန်ပဲ တဂျီဂျီငိုနေတာမျိုး။ ညတိုင်းထငိုတာတော့ အဖြစ်များပါတယ်။

    ကလေးလေနာ သက်သာစေဖို့

    စကားမပြောတတ်သေးတဲ့ ကလေးလေးတွေ ငိုတယ်ဆိုတာ လူကြီးတွေကို ဆက်သွယ်တဲ့နည်းလမ်းတစ်မျိုးဖြစ်လို့ ဘာကြောင့်ငိုတာဖြစ်မလဲဆိုတာသေချာဆန်းစစ်ဖို့အရေးကြီးပါတယ်။ လေနာ ဝေဒနာကြောင့် ခံစားနေရတဲ့ကလေးကို ဒီအချက်လေးတွေလုပ်ပေးနိုင်ပါတယ်

    • ကလေးကို နို့ဘူးတိုက်တာဖြစ်ဖြစ်၊ မိခင်နို့တိုက်တာဖြစ်ဖြစ် နည်းနည်းမတ်နေအောင် ဦးခေါင်းဘက်ကမြှင့်ထားတာမျိုးဖြစ်သင့်ပါတယ်။ ဒါမှ နို့စို့တဲ့အခါလေတွေမဝင်စေမှာဖြစ်ပါတယ်။
    • နို့တိုက်ပြီးတိုင်း၊ ကလေးအာဟာရကျွေးပြီးတိုင်း လေထုတ်ပေးပါ။
    • ကလေးကို ချီလိုက်ပြန်ချလိုက် ခဏခဏလုပ်တာကလည်း လက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။ အလင်းရောင်သိပ်မများတဲ့နေရာမှာ ကလေးကို သက်သောင့်သက်သာ ထားပေးတာ ကောင်းပါတယ်။
    • ရေနွေးလေးနဲ့ရေချိုးတာ၊ ခပ်ဖွဖွ ညင်ညင်သာသာနှိပ်နယ်ပေးတာက ဝေဒနာသက်သာဖို့ အထောက်အကူဖြစ်စေပါတယ်။

    ကလေး လေနာ ထလို့ ညဘက်ဆို မအိပ်ရအောင်ဖြစ်နေပြီဆိုရင်

    ကလေး လေနာ က သေချာမကုသနိုင်ရင် ကလေးအတွက်လည်းမကောင်းသလို ကြာလာရင် မိဘတွေလည်းမသက်သာပါဘူး။ ဒါတွေကိုတစ်ချက်တည်း သက်သာစေမယ့်အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ Probioticsတွေပါပဲ။

    Probiotics ဆိုတာ အူတွင်းကအကျိုးပြုဘက်တီးရီးယားတွေဖြစ်ပါတယ်။ ကလေးလေးတွေအတွက်က အဲဒီProbioticsတွေ မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့စနစ်တွေက အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ကလေးတွေမှာ လိုအပ်တဲ့အာဟာရတွေကိုရရှိနိုင်ဖို့ အစာခြေစနစ်က အရေးကြီးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းက စုပ်ယူမှုမကောင်းရင် အာဟာရဓာတ်တွေ အလုံအလောက်မရနိုင်သလို အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေမလုံလောက်ရင်ရောဂါပိုးတွေကို မကာကွယ်၊မတိုက်ဖျက်နိုင်တော့ပါဘူး။

    ပုံမှန်အားဖြင့် အူလမ်းကြောင်းမှာ ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုလျော့ပါးစေဖို့လုပ်ဆောင်ပေးတဲ့ Probiotic တွေ အမျိုးအစား ၄၀၀ ခန့်ရှိနေတာဖြစ်ပါတယ်။Probioticsတွေက အစာခြေစနစ်ကို ကျန်းမာစေဖို့လုပ်ဆောင်ပေးပြီး ကလေးတွေကို ဝမ်းပျက်ဝမ်းလျှောကာကွယ်ဖို့၊ လေနာ ဝေဒနာသက်သာစေဖို့ အကျိုးပြုပါတယ်။

    ကလေး လေနာ ထလို့ ညဘက်ဆို မအိပ်ရအောင်ဖြစ်နေပြီဆိုရင်

    ကလေးရဲ့ ကိုယ်ခံအားစနစ်မှာ ၈၀ ရာခိုင်နှုန်းက အူလမ်းကြောင်းကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ Probiotic က ဓာတ်မတည့်မှုတွေ၊ ကလေးနှင်းခူနဲ့ ရောင်ရမ်းမှုပြဿနာတွေလို ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

    Probiotics အမျိုးအစားတွေထဲမှာမှ Lactobacillus reuteri ပါဝင်တဲ့ ဆေးတွေက ကလေးတွေအတွက် တကယ်ကိုအသုံးဝင်မှာပါ။ ကလေးရဲ့ အစာခြေစနစ်ကျန်းမာစေဖို့ဆိုရင် Lactobacillus reuteri လို့ခေါ်တဲ့အကျိုးပြုဘက်တီးရီးယားလေးတွေ ပါဝင်နေတဲ့ ဆေးရည်လေးရွေးချယ်လို့ သားသားမီးမီးလေးတွေကျန်းမာအောင် လုပ်ဆောင်ပေးလိုက်ပါနော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement