backup og meta

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို

    ဘေဘီလေးကို မွေးဖွားလာချိန်မှာ အပိုတွေ မလိုချင်သလို လိုအပ်ချက်လည်း မရှိစေဘဲ စင်းလုံးချော မွေးလာစေချင်တာက မေမေတိုင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ ဒါပေမယ့် ဆုတောင်းတိုင်း ပြည့်ရမယ်လို့ တထစ်ချ သတ်မှတ်ထားတာမျိုး မရှိဘူးလေ။ တစ်ခါတလေမှာ လိုအပ်ချက် ပါလာတာ ဖြစ်နိုင်သလို တစ်ခါတလေမှာ မလိုချင်ဘဲ အပိုလေးတွေ ပါလာတတ်ပါတယ်နော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတို့မှာ အပို ပါလာတတ်တဲ့ ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို လေးတွေအကြောင်း ပြောရအောင်လား။

    အသားပို ဆိုတာ

    ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို ဆိုတာက ပျော့အိအိ အသားလုံးလေးတွေပါ။ ကင်ဆာကျိတ် မဟုတ်သလို၊ အဖေုအကျိတ်တွေလည်း မဟုတ်ပါဘူး။ အာရုံခံဆဲလ်တွေ၊ အဆီဆဲလ်လေးတွေ၊ အသားမျှင်လေးတွေ ပါဝင်နေတတ်ပါတယ်။ ခပ်ပြားပြား ပုံစံကနေ အလုံးလေးတွေ အထိ ပုံစံ အမျိုးမျိုးနဲ့ ရှိနိုင်ပါတယ်။ အချို့က အရွယ်အစား သေးသေးလေးပဲ ဖြစ်ပေမယ့် အချို့ အသားပိုတွေကတော့ အရွယ်အစား ကြီးလာတတ်ပါတယ်။ အချင်း ၂ မီလီမီတာ ကနေ ၁ စင်တီမီတာလောက် အထိ ကြီးနိုင်ပါတယ်။ များသောအားဖြင့်ကတော့ စိုးရိမ်စရာ မရှိပါဘူး။

    ဘယ်နေရာတွေမှာပေါက်တတ်လဲ

    အသားပိုက အရေပြား မျက်နှာပြင် နေရာမရွေးမှာ ပေါက်နိုင်ပေမယ့် များသောအားဖြင့်ကတော့ အသားချင်း ပွတ်တိုက်မိတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။

    • ရင်ဘတ် အပေါ်ပိုင်း
    • မျက်ခွံ
    • ပေါင်ကြား
    • လည်ပင်း
    • ချိုင်းကြား
    • တင်ပါးတို့မှာ အများဆုံး ဖြစ်နိုင်ပါတယ်။

    ဒီအချက်တွေကြောင့် ဘေဘီလေးမှာ အသားပို ဖြစ်နိုင်ပါတယ်

    ဘေဘီလေးတွေမှာ အသားပို ဖြစ်ရတဲ့ အကြောင်းအရာတွေက တော်တော်လေးတော့ များပါတယ်နော်။

  • ကလေးက အရမ်းဝနေတာ၊ အဝလွန်နေတာ
  • မျိုးရိုးလိုက်တာ
  • ဆီးချိုရှိတဲ့ မိဘက မွေးဖွားလာတာ
  • ကလေးက HPV ဗိုင်းရပ်စ် ကူးစက်ခံထားရတာ
  • မိခင်ဝမ်းထဲမှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်တာ
  • ကလေးက မွေးရာပါ ဆီးချိုရောဂါ ခံစားလာရတာတွေကြောင့် ဘေဘီလေးမှာ အသားပိုတွေ ဖြစ်ရတာပါနော်။
  • မွေးကင်းစကလေးတွေမှာ အသားပို ပါလာတာ အန္တရာယ်ရှိလား

    မွေးဖွားလာတဲ့ ဘေဘီလေးမှာ အသားပို ပါလာရင် စိတ်ပူသွားမှာ သိပေမယ့် အရမ်း မစိုးရိမ်ဖို့တော့ ပြောပါရစေနော်။ အသားပိုတွေက အန္တရာယ် ရှိခဲပါတယ်။ ခန္ဓါကိုယ်မှာ ပါလာတဲ့ အပိုဆုလေးတွေသာ ဖြစ်ပြီး ဘေဘီလေးရဲ့ ခန္ဓါကိုယ် နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် အသားပိုကနေ သွေးထွက်လာမယ်၊ အရောင် ပြောင်းလာမယ်၊ ကြီးလာမယ် ဆိုရင် ကင်ဆာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။ အသားပို ဖြစ်တိုင်း စိတ်မပူပါနဲ့နော်။ ဆရာဝန်နဲ့ ပြသကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပေးလိုက်ပါ။

    နိဂုံးချုပ် အနေနဲ့ ပြောချင်တာကတော့ ကလေးရဲ့ အသားပိုက ကြီးလာတာ၊ သွေးထွက်တာ နဲ့ ပုံမှန် မဟုတ်တာမျိုး တစ်ခုခု မဖြစ်ဘူး ဆိုရင်တော့ စိတ်မပူပါနဲ့လို့ပြောပါရစေနော်။ အခုပြောခဲ့တဲ့ လက္ခဏာတွေ ထဲက  တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ အခြေအနေကို ခံစားရမယ် ဆိုရင် ကလေးကို တတ်သိနားလည်သူတွေနဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူပေးဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement