backup og meta

ပူးတွဲ အုပ်ထိန်းခြင်းကို အဆင်ပြေချောမွေ့အောင် ဘယ်လိုလုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပူးတွဲ အုပ်ထိန်းခြင်းကို အဆင်ပြေချောမွေ့အောင် ဘယ်လိုလုပ်မလဲ

    တကယ်လို့သင်ဟာကလေးကိုသင့်အိမ်ထောင်ဖက်ဟောင်းနဲ့ပူးတွဲအုပ်ထိန်းနေရတယ်ဆိုရင်ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပါ။ ပူးတွဲအုပ်ထိန်းခြင်းကိုအဆင်ပြေချောမွေ့ဖို့နဲ့သင့်ကလေးအတွက်အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ဖို့ဒီဆောင်းပါးကအကူအညီပေးနိုင်မှာပါ။

    မကောင်းတဲ့စကားတွေမပြောပါနဲ့။

    သင့်အိမ်ထောင်ဖက်ဟောင်းအကြောင်းမကောင်းမပြောပါနဲ့။ သင့်ရဲ့လက်တွဲဖော်ဟောင်းအကြောင်းပြောလိုက်သမျှကိုကလေးကလိုက်မှတ်ထားပြီးဒီအတိုင်းပဲတွေးမှာပါ။ သင်အနေနဲ့သင့်ဇနီး/ခင်ပွန်းဟောင်းကိုမုန်းနေမှာ ဖြစ်ပေမယ့်သင့်ကလေးအတွက်တော့သူ/သူမကိုမိဘတယောက်အဖြစ်ချစ်နေဆဲပါပဲ။ ဒါ့ကြောင့်သူနဲ့ပတ်သက်ပြီးသင်ဘယ်လိုပဲခံစားရ၊ခံစားရစိတ်ထဲမှာပဲ မြိုသိပ်ထားပါ။

    ကလေးကိုဦးစားပေးရှေ့တန်းတင်ပါ။

    ကွာရှင်းတာကသင့်ကိစ္စဖြစ်ပေမယ့်ပူးတွဲအုပ်ထိန်းတာကတော့ကလေးကိစ္စပါ။ ကွာရှင်းခြင်းဟာသင့်ကိုတရားသေအမြင်တခုစိတ်ထဲစွဲနေစေပြီးလူ့သဘာဝအတိုင်းပဲသင်ဟာသင့်ရဲ့နာကျင်မှုတွေနဲ့လိုအပ်မှုတွေဆီကိုပဲအာရုံရောက်နေတဲ့အတွက်ကလေးကိုလှပကောင်းမွန်တဲ့ဘဝလေးတခုဖန်တီးပေးဖို့ဆိုတဲ့အဓိကရည်ရွယ်ချက်ကိုမေ့လျော့နေတတ်ပါတယ်။ ပူးတွဲအုပ်ထိန်းခွင့်ဆိုတာသင်လိုချင်တဲ့အတိုင်းကွက်တိ ဖြစ်လာတာဒါမှမဟုတ်တန်းတူညီမျှမှုကိုတောင်းဆိုရတာမဟုတ်ပါဖူး။ ပူးတွဲအုပ်ထိန်းနေရတဲ့မိဘတွေအတွက်အခက်ခဲဆုံးကိစ္စက “ကလေးဟာသင်နိုင်တဲ့အတွက်ရလိုက်တဲ့ဆုလာဘ်မဟုတ်ဘဲသင်ချစ်မြတ်နိုးဖို့အတွက်ဘုရားပေးလိုက်တဲ့လက်ဆောင်လေးဖြစ်တယ်” ဆိုတာကိုစိတ်ထဲအမြဲမှတ်ထားဖို့ပါပဲ။ ကွာရှင်းပြီးသားမိဘနှစ်ဦးလုံးအနေနဲ့အရင်ကကိစ္စတွေ၊အာဃာတတွေကိုဘေးချိတ်ထားပြီးကလေးအတွက်ဘယ်ဟာကအကောင်းဆုံးဖြစ်မလဲဆိုတာကိုစဉ်းစားပြီးလုပ်ကြမယ်ဆိုရင်ပူးတွဲအုပ်ထိန်းခြင်းကအကောင်းဆုံးအကျိုးသက်ရောက်မှုရရှိမှာပါ။ ဒီနေရာမှာတခုမှတ်ထားရမှာကကလေးအတွက်အကောင်းဆုံးဖြစ်စေမယ့်အရာတချို့ဟာသင့်အတွက်ကောင်းချင်မှကောင်းမယ်ဆိုတာပါပဲ။

    သင့်အခြေအနေကိုအမှန်အတိုင်း မြင်တတ်ပါစေ။

    ကွာရှင်းပြတ်စဲကြတဲ့စုံတွဲတွေဟာကြောက်စိတ်ဒါမှမဟုတ်မလုံမလဲခံစားရမှုတွေကြောင့်မကြာခဏဆိုသလိုလက်တွေ့နဲ့ကင်းကွာတဲ့အုပ်ထိန်းခွင့်တောင်းဆိုမှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်မယ့်အစားကလေးအုပ်ထိန်းခွင့်ကိုစီးပွားရေးသဘောတူညီချက်တခုလို့သဘောထားပြီးသင့်စိတ်ခံစားချက်တွေကိုဘေးချိတ်ထားကာအခြေအနေကိုအမှန်အတိုင်းမြင်တတ်ပါစေ။

    အိမ်ထောင်ရှင်ကောင်းတယောက်မဟုတ်ဖူးဆိုတာဟာမိဘကောင်းတယောက်လည်းမဖြစ်နိုင်ဖူးဆိုတဲ့အဓိပ္ပါယ်မဟုတ်ပါဖူး။

    သူ/သူမဟာလက်တွဲဖော်ကောင်းတယောက်မဟုတ်ခဲ့ပေမယ့်မိဘကောင်းတယောက်တော့ ဖြစ်နိုင်ပါသေးတယ်။ အကြမ်းဖျဉ်းအားဖြင့်ကလေးကိုမိဘနှစ်ယောက်လုံးနဲ့ပုံမှန်ဆက်သွယ်ခွင့်ပေးထားတာဟာသူလေးအတွက်အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေသင့်ကလေးဟာမိဘနှစ်ပါးလုံးဆီကချစ်ခြင်းမေတ္တာကိုလိုအပ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဒါဖြင့်? အဖြေကရှင်းပါတယ်။ သင့်ကလေးကိုပထမဦးစားပေးနေရာမှာအမြဲစဉ်းစားပေးပါ။ သင့်ကလေးအနေနဲ့သင့်အိမ်ထောင်ဖက်ဟောင်းနဲ့ရှိနေတဲ့အချိန်မှာသင့်စိတ်ထဲမြဲမြဲမှတ်ထားရမှာကသင့်ကလေးဟာသူ့ကိုသင်ချစ်သလို၊ဂရုစိုက်သလိုချစ်မယ့်ဂရုစိုက်မယ့်လူတယောက်နဲ့ရှိနေတယ်ဆိုတာပါပဲ။

    သင့်တော်တဲ့ဆက်သွယ်ရေးနည်းလမ်းကိုရှာဖွေပါ။

    ပူးတွဲအုပ်ထိန်းတာအဆင်ပြေပြေဖြစ်ဖို့ဆိုရင်သင့်အိမ်ထောင်ဖက်ဟောင်းနဲ့အဆက်အသွယ်ရှိရေးဟာအဓိကသော့ချက်ဖြစ်လာပါတယ်။ သင့်ကလေးအတွက်ပဲဖြစ်ဖြစ်သင့်အနေနဲ့သူနဲ့ဆက်သွယ်ဖို့သင့်တော်တဲ့၊ထိရောက်တဲ့ဆက်သွယ်ရေးနည်းလမ်းကိုရှာဖွေရပါလိမ့်မယ်။

    ရန်ဖြစ်ဖို့ကိုချင့်ချိန်ပါ။

    ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်ကလေးတယောက်ကိုအုပ်ထိန်းပြုစုရတာဟာသူ့ချည်းပဲကိုမလွယ်တဲ့ကိစ္စပါ။ ဒါကိုပူးတွဲအုပ်ထိန်းရတဲ့ကိစ္စပါထပ်ပေါင်းထည့်လိုက်တဲ့အခါသပွတ်အူဖြစ်လာမှာကတော့အမှန်ပါပဲ။ ဒါပေမယ့်သင့်အနေနဲ့သင့်အိမ်ထောင်ဖက်ဟောင်းနဲ့အချေအတင်ကတောက်ကဆဖြစ်မယ့်ကိစ္စမျိုးကိုတတ်နိုင်သမျှရှောင်ပါ။ သဘောထားကွဲလွဲတဲ့ကိစ္စတခုကြုံလာရပြီဆိုရင်ခေါင်းထဲမှာဦးဆုံးစဉ်းစားရမှာကဒါဟာရန်ဖြစ်ဖို့တန်ရဲ့လားဆိုတာပါပဲ။ သင်ရင်ဆိုင်နေရတဲ့အခြေအနေကိုအရှိအတိုင်း မြင်ပါ။ ပြီးတော့တရားသူကြီးဆုံးဖြတ်ချက်ချရမယ့်အခြေအနေမျိုးထိရောက်လာရင်အဲ့ဒီဆုံးဖြတ်ချက်ကိုဘယ်သူမှမကြိုက်မှာသေချာသလောက်ပါပဲ။ တကယ်အရေးကြီးပြီးထိုက်တန်တဲ့အကြောင်းအရာမျိုးအတွက်ပဲအချေအတင်ရန်ဖြစ်ပါ။ ကျောင်းထားဖို့ရွေးတာ၊အပန်းဖြေခရီးထွက်ဖို့ဒါမှမဟုတ်ကလေးနဲ့တွေ့ဖို့အချိန်ကိုညှိနှိုင်းတာစတဲ့ကိစ္စတွေဟာသင်တိုက်ပွဲဝင်ဖို့ထိုက်တန်ပါတယ်။။ ဒါပေမယ့်အစားအသောက်ရွေးချယ်တာလိုကိစ္စမျိုးအတွက်ကတော့(ကလေးမှာဆီးချိုတို့၊ဓါတ်မတည့်တာတို့ရှိရင်တော့တမျိုးပေါ့) ရန်ဖြစ်ဖို့မထိုက်တန်ပါဖူး။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement