backup og meta

ကလေးများတွင် အနိုင်ကျင့်ခြင်းသည် ပြဿနာတစ်ခု ဖြစ်လာသည်။ သင့်ကလေးကို ထိုပြဿနာမှ မည်သို့ ကူညီနိုင်ပါမည်လဲ


Dr. Su Sandy မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင် အနိုင်ကျင့်ခြင်းသည် ပြဿနာတစ်ခု ဖြစ်လာသည်။ သင့်ကလေးကို ထိုပြဿနာမှ မည်သို့ ကူညီနိုင်ပါမည်လဲ

    အမည်ဖျက်၍ ခေါ်ခြင်း၊ ရက်စက်စွာ ခြောက်လှန့်ခြင်း၊ နည်းပညာ အသုံးပြုပြီး အနိုင်ကျင့်ခြင်းနှင့် ကိုယ်ကာယဖြင့် အနိုင်ကျင့်ခြင်းသည် နိုင်ငံတကာတွင် ကလေးများ အကြား ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။

    ထိုသို့ အနိုင်ကျင့်ခံရသော ကလေးများသည် ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေ ၂ ဆမှ ၉ ဆအထိ များကြောင်း ယေးလ် တက္ကသိုလ်က ပြုလုပ်ထားသော သုတေသနများက ဖော်ပြထားသည်။ ထိုအချက်သည် မိဘများအတွက် တပ်လှန့်ပေးလိုက်သော အချက်ပေးမှု ဖြစ်သည်။

    အပေါင်းအသင်းမရှိဘဲ တစ်ဦးတည်း သင်းကွဲ ဖြစ်နေခြင်းသည် အများဆုံး ဖြစ်နေသည့်အရာ ဖြစ်သည်ဟု ပြင်သစ်ပညာရှင်တစ်ဦးက ဆိုသည်။ ကလေးများသည် တစ်ဦးနှင့်တစ်ဦး အပြုအမူတူသူများသာ အချင်းချင်း အဆင်ပြေကြသည်။

    အနိုင်ကျင့်တတ်သော ကလေးများသည် တခြားကလေးများနှင့် အတူကစားရန် အဆင်မပြေဘဲ သူတို့က အလွန်ပိုကောင်းနေခြင်းနှင့် တန်းတူ မဟုတ်ခြင်းတို့ကို တွေ့ရသည်။ တခြားတစ်မျိုးသည် အမည်ဖျက် ခေါ်ခြင်းဖြစ်သည်။ အနိုင်ကျင့်ခြင်းတွင် ပုံသေမရှိပေ။ မည်သည့် ကလေးမဆို အနိုင်ကျင့်သူ ဖြစ်နိုင်သကဲ့သို့၊ အနိုင်ကျင့်ခံရသူလည်း ဖြစ်နိုင်သည်။

    ယခုခေတ်တွင် နည်းပညာသုံးပြီး အနိုင်ကျင့်ခြင်းသည် ခေတ်စားလာသည်။ ကျောင်းသားများ၏ ၄၃ ရာခိုင်နှုန်းသည် သူတို့ဘဝတွင် နည်းပညာသုံး၍ အနိုင်ကျင့်ခံခဲ့ရပြီး ၁၅ ရာခိုင်နှုန်းသည် သူတစ်ပါးကို အနိုင်ကျင့်ခဲ့ကြောင်း တွေ့ရှိရသည်။

    သင့်ကလေးကို မည်သို့ကူညီမည်နည်း

    သင့်ကလေးသည် အနိုင်ကျင့်ခံရကြောင်းကို ဖုံးကွယ်ထားနိုင်သည်။ သင့်ကလေးတွင် တစ်စုံတစ်ခုကို စိတ်ဖိစီးမှု ဖြစ်နေကြောင်း သတိပြုမိလျှင် ထုတ်ဖော်ပြောရန် အားပေးပါ။ ထို့နောက် သင့်လျော်သော လုပ်ဆောင်ချက်ကို ပြုလုပ်ပါ။

    အဆင့် ၁ – သင့်ကလေးပြောသည်ကို မနှောင့်ယှက်ဘဲ နားထောင်ပါ

    ပြောသမျှကို စိတ်မဆိုးဘဲ၊ စိတ်မကောင်းမဖြစ်ဘဲ နားထောင်ပါဟု Family Lives မှ Regional Manager ဖြစ်သူ စန္ဒြာဟေလာ (Sandra Hiller) က ပြောသည်။ သင့်ခံစားချက်များကို ဘေးဖယ်ထားပြီး သင့်ကလေးပြောသည်ကို သေချာ ထိုင်နားထောင်ပါ။ သင်ကြားသည်ကို ပြန်ပြောခြင်းဖြင့် သင်နားထောင်နေကြောင်း အတည်ပြုပါ။ ဘာဆက်လုပ်ချင်သည်ကို မေးမြန်းပါ။ သူလုပ်ချင်သည့် အရာကို သူကိုယ်တိုင် ဆုံးဖြတ်ပါစေ။

    အဆင့် ၂ – အနိုင်ကျင့်သူ၏ မိဘများကို ဆက်သွယ်ပါ

    သင့်ကလေးသည် တခြားကလေး တစ်ဦးတည်းမှ ကာလကြာမြင့်စွာ အနိုင်ကျင့်ခံခဲ့ရပါက ထိုကလေး၏ မိဘကို ဆက်သွယ်ရမည် ဖြစ်သည်။ သင်က ရန်စခြင်း မဟုတ်ဘဲ ပြဿနာကို ဖြေရှင်းရန်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောပြရမည်။ သို့မှသာ တခြားမိဘက သင်နှင့် အတူပူးပေါင်းပြီး အဖြေရှာနိုင်မည် ဖြစ်သည်။

    အဆင့် ၃ – သင့်ကလေးကို အကူအညီ တောင်းနိုင်ရန် သင်ပြထားပါ

    အနိုင်ကျင့်ခြင်းသည် ကလေးများ အုပ်စုဖွဲ့ပြီး လုပ်ခြင်းလည်း ဖြစ်နိုင်သောကြောင့် သင့်ကလေးကို ပြန်တိုက်ခိုက်ခြင်းသည် မှန်ကန်သော အဖြေ မဟုတ်ကြောင်း ပြောပြထားပါ။ ထိုသို့ဖြစ်လျှင် ရှောင်သွားရန်နှင့် ဆရာ သို့မဟုတ် ကျောင်းအုပ်ချုပ်သူများထံမှ အကူအညီ ရယူရန် သင်ပြထားပါ။ တခြား သူငယ်ချင်းများနှင့် အတူရှိခြင်းသည်လည်း အထောက်အကူ ဖြစ်စေနိုင်သည်။

    အဆင့် ၄ – ကျောင်းမှ အကူအညီ ရယူပါ

    သင့်ကလေးကို ကျောင်းတွင် ကူညီနိုင်သော ဆရာ သို့မဟုတ် ကျောင်းအုပ်ချုပ်သူများကို ရှာဖွေပါ။ ကျောင်းတွင် ကလေးများကို လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖြစ်စေရန်၊ ကောင်းစွာ စာသင်ကြားနိုင်ရန် ထိုကဲ့သို့ အနိုင်ကျင့်ခြင်းများကို ရပ်တန့်စေရန် အစီအစဉ်များ ရှိသင့်သည်။ သင်ထိုကိစ္စကို အကြောင်းကြားသည့်အခါ မည်သို့ဖြစ်ပွားသည်၊ မည်သူများ ပါဝင်သည်ကို သေချာစွာ တိုင်ကြားရန် လိုအပ်ပါသည်။

    အဆင့် ၅ – သင့်ကလေး၏ အမှားမဟုတ်ကြောင်း သေချာစွာ နားလည်အောင်ပြောပြပါ

    ကလေးများသည် အနိုင်ကျင့်ခံရခြင်းကြောင့် စိတ်ဒဏ်ရာ ရနိုင်သည့်အတွက် သူတို့၏ အပြစ် မဟုတ်ကြောင်း၊ ထိုကိစ္စကို ဖြေရှင်းရန် နည်းလမ်းများ ရှိကြောင်း သေချာစွာ ရှင်းလင်းပြောပြပါ။ သင့်ကလေးကို ယုံကြည်မှုရှိစေရန် အားပေးပါ။ သူတို့ကို ဆူပူမည် မဟုတ်ကြောင်း၊ အထောက်အကူ ဖြစ်နိုင်သည့် နည်းလမ်းများကို သင်ရှာမည်ဖြစ်ကြောင်း သူတို့နားလည်ရန် လိုအပ်သည်။

    သင့်ကလေးသည် ပြဿနာကို ပြုလုပ်သူ ဖြစ်နေပါသလား

    သင့်ကလေးသည် တခြားသူကို စနောက်သော၊ ခြိမ်းခြောက်သောသူ ဖြစ်နေလျှင် အနိုင်ကျင့်ခံရသူ အတွက်သာ မဟုတ်ဘဲ သင့်ကလေးတွင် ထိုအပြုအမူ ပျောက်စေရန် ပြုလုပ်ပေးရမည်။ သင်မသေချာလျှင် အောက်ပါအချက်များကို စောင့်ကြည့်ပါ။

    • သင့်ကလေးသည် ဒေါသကြီးတတ်လျှင်
    • သင့်ကလေးသည် စိတ်ရှုပ်လာလျှင် တခြားကလေးများကို ကန်ခြင်း၊ တွန်းခြင်း ပြုလုပ်တတ်လျှင်
    • သင့်ကလေးသည် တခြားကလေးများ အပေါ်တွင် စိတ်တိုသည့် အပြုအမူများ လုပ်လျှင်
    • သင့်ကလေးသည် မောင်နှမများကို ကိုယ်ထိလက်ရောက် ထိုးနှက်တတ်လျှင်
    • သင့်ကလေးတွင် သူ့အပြုအမူသည် တခြားသူများကို မည်သို့ သက်ရောက်သည်ကို နားမလည်လျှင်
    • သင့်ကလေးသည် ကျောင်းတွင် မကြာခဏ ပြဿနာဖြစ်လျှင်

    သင့်ကလေးတွင် အထက်ပါ အချက်များထဲမှ တစ်ချက် သို့မဟုတ် တစ်ချက်ထက် ပို၍ ရှိပါက သူ၏ ခံစားချက်များ ထိန်းချုပ်နိုင်စေရန် အသက်ရှူ လေ့ကျင့်ခန်း လုပ်ခိုင်းခြင်း၊ ဂဏန်း ရေခိုင်းခြင်း တို့ကို လုပ်ခိုင်းပါ။ သင့်ကလေးသည် တခြားသူကို အန္တရာယ်ဖြစ်အောင် ပြုလုပ်နေသည်ကို မြင်လျှင် အပြုအမူကို ချက်ချင်းတားဆီးပြီး နောက်တစ်ခါ မပြုလုပ်စေရန် ဆုံးမပါ။

    သို့သော် သင့်ကလေးကို မပြောင်းလဲနိုင်သည်လည်း ဖြစ်နိုင်သောကြောင့် ထိုအခြေအနေတွင် စိတ်ပိုင်းဆိုင်ရာ ကုသမှု လုပ်နိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement