backup og meta

ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါတွေက ဘာတွေလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါတွေက ဘာတွေလဲ

    လူကြီးတွေလိုမျိုးပဲ ကလေးတွေဟာလည်း သူတို့ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လူကြီးတွေမှာလိုပဲ ကလေးတွေမှာ စိတ်ရောဂါလက္ခဏာတွေဟာ တိကျမှုမရှိတာကြောင့် ရောဂါရှိကြောင်း သိရှိဖို့ ခက်ခဲပါတယ်။

    ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါအတော်များများဟာ မွေးရာပါဖြစ်ပါတယ်။ မိဘတွေက ကလေးမှာ ဖြစ်နိုင်တဲ့ စိတ်ရောဂါတွေ၊ လက္ခဏာတွေနဲ့ ကာကွယ်ခြင်းတွေကို နားလည်ပြီး ကလေးတွေကို သဘာဝအတိုင်း ကြီးထွားလာအောင် ကာကွယ်ပေးသင့်ပါတယ်။

    ကလေးတွေမှာဖြစ်တဲ့ စိတ်ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    စိတ်ပူခြင်း

    ဒီရောဂါဟာ လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာ လက္ခဏာတူညီခြင်းမရှိပါဘူး။ တကယ်လို့ သင့်ကလေးက အချို့အရာတွေ၊ အဖြစ်အပျက်တွေကို ကြောက်ရွံ့၊ စိုးရိမ်မှုနဲ့ တုန့်ပြန်တယ်ဆိုရင်၊ ငိုရင်၊ အာခေါင်ခြစ်အော်ရင် ဒါဟာ စိတ်ရောဂါ လက္ခဏာ တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။

    တခါတရံမှာ ပြင်းထန်တဲ့ အခြေအနေတွေမှာ စိတ်လှုပ်ရှားခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်ခြင်းတွေကိုလည်း စိတ်ပူရောဂါရှိတဲ့ ကလေးတွေမှာ တွေ့နိုင်ပါတယ်။

    Attention-deficit hyperactivity disorder (ADHD)

    ADHD ခံစားနေရတဲ့ ကလေးတွေဟာ အာရုံစူးစိုက်မှု ပြဿနာတွေ ရှိပါတယ်။ သူတို့ဟာ အချို့အခြေအနေတွေကြောင့် လွယ်ကူစွာ ပျင်းရိကာ စိတ်ရှုပ်နိုင်ပါတယ်။ ဒါကြောင့် ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိပဲ တစ်ချိန်လုံးလှုပ်နေကြပါတယ်။

    အစားအသောက်ဆိုင်ရာ ပြဿနာများ

    ဒီပြဿနာဟာ ကလေးတွေမှာ အဖြစ်များတဲ့ စိတ်အခြေအနေ တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ စားဖို့ ခက်ခဲပြီးတော့ စားချင်စိတ်မရှိကြပါဘူး။ များသောအားဖြင့် အစားအသောက်တွေနဲ့ ပတ်သက်တဲ့ သူတို့မှာ ပြင်းထန်တဲ့ ခံစားချက်တွေရှိနိုင်ပါတယ်။

    သင်ယူခြင်း၊ ဆက်သွယ်ခြင်းဆိုင်ရာ ပြဿနာများ

    ဒီရောဂါတွေကတော့ ကလေးရဲ့ အချက်အလက်တွေကို သိုလှောင်ခြင်း၊ သိမ်းဆည်းခြင်းကို ထိခိုက်နိုင်ပါတယ်။ ဒီပြဿနာရှိတဲ့ ကလေးတွေဟာ သူတို့ရဲ့ အပြောအဆို၊ အတွေးတွေကို လှစ်ဟပြမှု ပြဿနာတွေ ရှိပါတယ်။ ကလေးတွေ ဦးနှောက်ထဲမှာ အခြားအရာအသစ်တွေကို သင်ယူဖို့ ခက်ခဲပါတယ်။

    မကြာခဏ ဆီးသွားတဲ့ ပြဿနာ

    ဒီပြဿနာရှိတဲ့ ကလေးတွေဟာ အိမ်သာကို မကြာခဏ သွားလေ့ရှိပါတယ်။ သူတို့ဟာ ဆီးသွားခြင်းကို မထိန်းနိုင်ကြပဲ ကလေးတွေမှာ ဆီးသွားများခြင်း၊ အိပ်ရာပေါ် ဆီးသွားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

    Affective disorders

    ဒီရောဂါတွေဟာ စိတ်နဲ့ ခံစားချက်နဲ့ ဆက်စပ်မှုရှိပါတယ်။ ဒီရောဂါဟာ ကလေးတွေကို လွယ်ကူစွာ စိတ်ပြောင်းလဲစေနိုင်ပြီး ခံစားချက်တွေကို မထိန်းချုပ်နိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Affective disorders တွေ မှာစိတ်ကျခြင်းနဲ့ ဝမ်းနည်းခြင်း၊ စိတ်တက်လိုက်ကျလိုက်ဖြစ်ခြင်း အစရှိတဲ့ လက္ခဏာတွေပါဝင်ပါတယ်။

    Pervasive behaviour disorders

    Pervasive behaviour disorders ဟာ ကလေးတွေကို တွေးတောမှု အနှောင့်အယှက်ပေးပြီး သူတို့ပတ်ဝန်းကျင်ကမ္ဘာကို နားလည်နိုင်မှု သိလိုမှုမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ အခြေခံ ကျွမ်းကျင်မှုတွေ ဖြစ်တဲ့ လူမှု ဆက်ဆံရေး၊ စိတ်ကူးယဉ်ခြင်း အစရှိတာတွေ ဖွံ့ဖြိုးမှုမှာလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    စိတ်ကစဉ့်ကလျားရောဂါ

    စိတ်ကစဉ့်ကလျားရောဂါဟာ ကလေး တွေးတောခြင်း၊ ပြုမူခြင်း၊ တွေးခြင်း၊ အမှန်ကို လက်ခံခြင်း၊ အခြားကလေးတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ နိမ့်ကျနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ ရှိတဲ့ ကလေးတွေဟာ ပတ်ဝန်းကျင်၊ ကျောင်း၊ ဆက်ဆံရေးတွေမှာ အဆင်မပြေဖြစ်နိုင်ပါတယ်။

    Tic disorders

    ဒီရောဂါရှိတဲ့ ကလေးငယ်တွေဟာ ရုတ်တရက် အဓိပ္ပာယ်မရှိတဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်နေခြင်း၊ အသံတစ်မျိုးမျိုးကို ထပ်ခါထပ်ခါ ရွတ်နေခြင်း၊ ဥပမာ မျက်တောင်ခတ်ခြင်း၊ နှာခေါင်းရှုံ့ခြင်းတွေကို ထိန်းချုပ်မရနိုင်ပဲ မကြာမကြာလုပ်နေခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ အန္တရာယ်မရှိပဲ ခဏတာသာ ဖြစ်ပေမယ့် ကလေးရဲ့ နေ့စဉ်ဘဝနဲ့ ဆက်ဆံမှုတွေမှာ ထိခိုက်မှုရှိနိုင်ပါတယ်။

    Disruptive behaviour disorders

    ဒီရောဂါက ကလေးတွေဟာ စည်းကမ်းလိုက်နာမှုမရှိပဲ ကျောင်း၊ သူငယ်ချင်း၊ မိသားစုမှာတောင်မှ ဖျက်စီးလိုစိတ်ရှိကြပါတယ်။

    အထက်ပါ ရောဂါတွေဟာ ကလေးတွေမှာ အလွန်အဖြစ်များပေမယ့် သူတို့ကို ဆရာဝန်နဲ့ ပြသပြီး မှန်ကန်စွာကုသနိုင်ပါတယ်။ ကလေးကို ဂရုစိုက်ခြင်းဟာ ကလေးရဲ့ အပြုအမူပုံမမှန်မှုတွေကို စောစီးစွာ သိနိုင်စေပါတယ်။

    ကလေးတွေမှာ စိတ်ရောဂါဖြစ်စေခြင်းအကြောင်းရင်းတွေက ဘာတွေလဲ။

    စိတ်ရောဂါကို ဘယ်အရာက ဖြစ်စေတယ်ဆိုတဲ့ တိကျတဲ့ အကြောင်းရင်းမရှိပါဘူး။ သူဟာ များသောအားဖြင့် စိတ်ရောဂါဖြစ်စေတဲ့ အချက်တွေဖြစ်တဲ့ မျိုးရိုးဗီဇ၊ ဇီဝဗေဒ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရခြင်း၊ ပတ်ဝန်းကျင်ကြောင့် စိတ်ဖိစီးခြင်း စတဲ့ အချက်တွေ ပေါင်းစပ်ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။

    • မိသားစု ရာဇဝင် – မိသားစုဝင်တစ်ဦးဦးမှာ စိတ်ရောဂါဖြစ်ဖူးရင် ဒီရောဂါပိုဖြစ်နိုင်ပါတယ်။ ဒါဟာ မျိုးရိုးဗီဇ (သို့) ဒီအခြေအနေကို ဖြစ်စေတဲ့ ပတ်ဝန်းကျင်နဲ့ဆက်စပ်မှုကြောင့် ဖြစ်ပါတယ်။
    • ဇီဝဗေဒ – လူကြီးတွေမှာလိုပဲ ကလေးတွေမှာ ဖြစ်တဲ့ စိတ်ရောဂါဟာ ခံစားချက်၊ တွေးတောခြင်း၊ အပြုအမူတွေကို ထိန်းချုပ်တဲ့ ဦးနှောက် ပုံမှန်မဟုတ်ပဲ အလုပ်လုပ်ခြင်းကြောင့် ဖြစ်ပါတယ်။ ဦးနှောက်ဒဏ်ရာရရှိခြင်းဟာ စိတ်ပြောင်းလဲခြင်းကို ဖြစ်စေနိုင်ပါတယ်။
    • စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရခြင်း – အချို့စိတ်ရောဂါတွေဟာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရခြင်းတွေဖြစ်တဲ့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ စောစီးစွာ မိဘဆုံးရှုံးခြင်း၊ လျစ်လျူရှုခြင်း တွေကြောင့် ဖြစ်ပါတယ်။
    • ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားများ – စိတ်ဖိစီးမှု (သို့) ဒဏ်ရာရခြင်းဟာ စိတ်ရောဂါကို ပိုမိုဖြစ်စေနိုင်ပါတယ်။

    ကလေးတွေမှာ စိတ်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

    စိတ်ရောဂါဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းတော့ မရှိပါဘူး။ အချိန်အတော်မျာများမှာ စိတ်ရောဂါတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဖြစ်လာတတ်ပါတယ်။ သူတို့ဟာ ဖြစ်စေတဲ့ အချက်တွေ ပေါင်းစပ်ဖြစ်ပေါ်တာဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး (သို့) စိတ်ရောဂါဖြစ်ပေါ်စေတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးခြင်းကလည်း စိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။

    ဆရာဝန်အချို့နဲ့ စိတ်ရောဂါကု ဆရာဝန်တွေက စိတ်ရောဂါဟာ စိတ်ခံစားမှု၊ တွေးတောခြင်း၊ အပြုအမူတွေကို ထိန်းချုပ်တဲ့ နေရာကို သက်ရောက်မှုရှိတဲ့ ဦးနှောက်ဓာတုပစ္စည်း (သို့) တည်ဆောက်ပုံ ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ဘယ်သူတွေက စိတ်ရောဂါပိုဖြစ်နိုင်သလဲ။

    ကလေးတွေမှာ စိတ်ရောဂါဖြစ်စေတဲ့ အဓိက အုပ်စုသုံးခုရှိပါတယ်။ တစ်ဦးချင်း၊ မိသားစု၊ ကျောင်း နဲ့ ပတ်ဝန်းကျင်

    တစ်ဦးချင်းစီ

    • အမျိုးသမီးဖြစ်ခြင်း
    • အပျိုဖေါ်ဝင်ချိန်စောခြင်း
    • ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေး – ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု မရှိခြင်း၊ ရှက်ခြင်း၊ ပုန်ကန်လိုခြင်း၊ လူမှုရေး ညံ့ခြင်း
    • စိတ်ပူခြင်း
    • စိတ်မချခြင်း
    • လူမှုရေး ညံ့ဖျင်းခြင်း – ဆက်သွယ်မှုဆိုင်ရာ၊ ပြဿနာဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်မှုများ
    • သူများသဘောတူညီမှု၊ ထောက်ပံ့မှုတွေကို အလွန်တရာ လိုအပ်ခြင်း
    • ကလေးဘဝမှာ ခံစားမှုဆိုင်ရာ ပြဿနာများ
    • Conduct disorder
    • ဆေးသုံးခြင်း
    • ဦးနှောက်ဒဏ်ရာရခြင်း
    • ကလေးဘဝမှာ ခဲ (သို့) မာကျူရီ အဆိပ်သင့်ခြင်း

    မိသားစု

    • မိဘတွေ စိတ်ကျခြင်း
    • မိဘနှင့်ကလေး မတည့်ခြင်း
    • ညံ့ဖျင်းသော ကလေးစောင့်ရှောက်ပုံများ
    • ပျော်စရာမကောင်းသော မိသားစုဘဝ (မိဘတွေ ဆေးသုံးခြင်း အပါအဝင်)
    • ကလေးကို အနိုင်ကျင့်ခြင်း
    • မိဘတစ်ဦးတည်းရှိခြင်း (မိန်းကလေးများအတွက်သာ)
    • ကွာရှင်းခြင်း
    • မိဘ ရန်ဖြစ်ခြင်း
    • မိသားစု ရန်ဖြစ်ခြင်း
    • မိဘတွေ စိတ်ပူတတ်ခြင်း
    • မိဘ၊ အိမ်ထောင်ဖက်နဲ့ ရန်ဖြစ်ခြင်း
    • မိဘတွေ အရက်၊ ဆေး သုံးစွဲခြင်း
    • မိဘ အလုပ်မရှိခြင်း
    • မိဘ ဆေးသုံးခြင်း
    • လူကြီးစောင့်ရှောက်မှုမရှိခြင်း
    • မိဘကို မခင်တွယ်ခြင်း
    • မိသားစုဘဝမသာယာခြင်း
    • စိတ်ကစဉ့်ကလျားရောဂါ မိသားစုအတွင်းရှိခြင်း
    • မိဘ ဂရုမစိုက်နိုင်ခြင်း
    • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း

    ကျောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ

    • အပေါင်းအသင်းများမှ ပယ်ထားခြင်း
    • စိတ်ဖိစီးဖွယ် အကြောင်းအရင်းများ
    • ပညာရေး ညံ့ဖျင်းခြင်း
    • ဆင်းရဲခြင်း
    • လူမှုဘဝ စိတ်ဖိစီးခြင်း (သို့) ဒဏ်ရာရခြင်း
    • ကျောင်းမှာ စိတ်ဖိစီးခြင်း (သို့) ဒဏ်ရာရခြင်း
    • ကျောင်းတွင် အကြမ်းဖက်ခြင်း
    • ကျောင်းမတက်ခြင်း
    • ကျောင်းနေဖက်တွေကို စိတ်တိုခြင်း
    • ကျောင်းနေဖက်တွေနဲ့ ဆေးအတူသုံးခြင်း
    • သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးမှု မရှိခြင်း

    စိတ်ရောဂါရဲ့ သတိပေးလက္ခဏာတွေက ဘာတွေလဲ။

    စိတ်ရောဂါရဲ့ သတိပေးလက္ခဏာတွေကတော့

    • ရှောင်ဖယ်ခြင်း၊ နှစ်ပတ် ထက်ပိုပြီး ဝမ်းနည်းခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ အိမ်နှင့်ကျောင်းတွင် ပြဿနာ ဖန်တီးခြင်း
    • အကြောင်းပြချက်မရှိပဲ စိတ်ပူနေခြင်း။ ဆက်တိုက် စိတ်ပူနေခြင်း၊ ကြောက်နေခြင်း။ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်တဲ့ နှလုံးခုန်နှုန်းမြင့်တက်ခြင်း၊ မောခြင်း။
    • ရုတ်တရက် အပြုအမူ သိသာစွာ ပြောင်းလဲမှုများ
    • အာရုံစူးစိုက်မှု မလုပ်နိုင်ခြင်း၊ ငြိမ်ငြိမ်မထိုင်နိုင်ခြင်း၊ ကျောင်းတွင် စွမ်းဆောင်ရည် နိမ့်ပါးခြင်း
    • ရုတ်တရက် စားချင်သောက်ချင်စိတ်မရှိခြင်း။ ကိုယ်အလေးချိန်ကျဆင်းအောင် ကြိုးစားခြင်း။ မကြာခဏ အန်ခြင်း၊ အစာအိမ်အတွင်း အစာကို ထုတ်ရန် ဝမ်းပျော့ဆေး အသုံးပြုခြင်း
    • ဝမ်းနည်းခြင်း၊ စိတ်ပူခြင်းတွေထက် မကြာခဏ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း
    • မိမိကိုယ်ကို ဒဏ်ရာရအောင်၊ ထိခိုက်အောင်လုပ်ခြင်း၊ သေကြောင်းကြံခြင်း။ မိမိကိုယ်ကိုယ် ထိခိုက်အောင်လုပ်ခြင်းမှာ ဓါးနဲ့လှီးခြင်း၊ မီးလောင်စေခြင်းတွေ ပါဝင်ပါတယ်။
    • ခံစားချက်တွေ သက်သာစေဖို့ အရက်သောက်ခြင်း၊ ဆေးသုံးခြင်း။

    ကလေးတွေအတွက် စစ်ဆေးမှုတွေက ဘာတွေလဲ။

    လူကြီးတွေလိုပဲ ကလေးတွေမှာ စိတ်ရောဂါကို သိရှိစေဖို့အတွက် လက္ခဏာတွေအပေါ် အခြေခံပါတယ်။ ဒါပေမယ့် ကလေးတွေမှာ စိတ်ရောဂါကို သိရှိနိုင်ဖို့ဟာ အလွန်ခက်ခဲပါတယ်။ ရှက်ခြင်း၊ စိတ်ပူခြင်း၊ ထူးဆန်းသော စားသောက်ပုံများ၊ ဒေါသကြီးခြင်း အစရှိတဲ့ ပုံမှန်ကလေးကြီးထွားမှုရဲ့ အစိတ်အပိုင်း အဖြစ်အပျက်တွေဟာ စိတ်ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။

    အပြုအမူတွေဟာ မကြာခဏ ဖြစ်လာတဲ့အခါ၊ အချိန်အကြာကြီး ဖြစ်တဲ့အခါ၊ ထူးဆန်းတဲ့အသက်မှာ ဖြစ်တဲ့အခါ ကလေး၊ မိသားစုရဲ့ ဘဝကို ဖျက်ဆီးလာတဲ့အခါမှာ ဒါတွေဟာ စိတ်ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

    တကယ်လို့ လက္ခဏာတွေ ရှိနေသေးရင် ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းပြီး စစ်ဆေးမှုပြုလုပ်နိုင်ပါယတ်။ စိတ်ရောဂါကို သိရှိဖို့အတွက် ဓာတ်ခွဲခန်းစစ်ဆေးမှုမလုပ်နိုင်ပေမယ့် ဆရာဝန်က စစ်ဆေးမှုအမျိုးမျိုးဖြစ်တဲ့ neuroimaging နဲ့ သွေးစစ်ဆေးမှုတွေကို ရောဂါ၊ ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့် မဟုတ်ကြောင်းသိစေဖို့ စစ်ဆေးနိုင်ပါတယ်။

    တကယ်လို့ ရောဂါရှာမတွေ့ဘူဆိုရင်တော့ စိတ်ရောဂါဆရာဝန် (သို့) ကျွမ်းကျင်သူထံကို သွားပြရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးရဲ့ စိတ်ကျန်းမာရေးအခြေအနေကို စမ်းစစ်ဖို့ လေ့ကျင့်ထားကြသူတွေ ဖြစ်ပါတယ်။

    ဆရာဝန်က ကလေးရဲ့ လက္ခဏာတွေနဲ့ ကလေးရဲ့ စိတ်ဓာတ်၊ အပြုအမူတွေကို စစ်ဆေးပြီး ရောဂါအမည်တပ်နိုင်ပါတယ်။ ဆရာဝန်က ကလေး မိဘ၊ ဆရာမ၊ အခြားကလေးတွေရဲ့ အစီရင်ခံချက်တွေပေါ်မူတည်ပြီး ဆုံးဖြတ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေဟာ သူတို့ရဲ့ ပြဿနာကို ရှင်းပြနိုင်ခြင်းမရှိပဲ လက္ခဏာတွေကိုနားလည်နိုင်ခြင်းလည်း မရှိပါဘူး။

    ဆရာဝန်က လက္ခဏာတွေကို စစ်ဆေးပြီး တိကျတဲ့ စိတ်ရောဂါတစ်ခုကို အမည်တပ်မှာဖြစ်ပါတယ်။

    ကလေးတွေမှာ စိတ်ရောဂါကုသမှုက ဘာတွေလဲ။

    အခြားရောဂါတွေလိုပဲ စိတ်ရောဂါကိုလည်း ကုသနိုင်ပါတယ်။ ကုသမှုတွေမှာတော့ ဆေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ creative ကုသမှုတွေပါဝင်ပါတယ်။ ကျွမ်းကျင်သူတွေက ကလေးငယ်တွေရဲ့ အခြေအနေအတွက် ဘယ်ကုသမှုက အကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။

    အခုအချိန်မှာတော့ ကလေးငယ်တွေအတွက် ကုသမှုများစွာ ရှိနေပြီး ဆေးကုသမှုကတော့ လူကြီးတွေမှာနဲ့ အတူတူပဲဖြစ်ကာ ဆေးပမာဏသာ ကွာခြားပါတယ်။ အတွေ့အများဆုံးကုသမှုတွေကတော့

    • ဆေး – စိတ်ရောဂါဆေးများ၊ စိတ်ကျပျောက်ဆေး၊ စိတ်ပူသက်သာဆေး၊ စိတ်ငြိမ်ဆေး၊ stimulants တွေ ပါဝင်ပါတယ်။
    • စိတ်ပိုင်းဆိုင်ရာ ကုသမှု – ဒီကုသမှုဟာ ရောဂါရဲ့ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုကို ကုသခြင်း ဖြစ်ပါတယ်။ ဒီကုသနည်းမှာ ကျွမ်းကျင်သူတွေက ကလေးငယ်တွေရဲ့ လက္ခဏာတွေ၊ အတွေးတွေ၊ အပြုအမူတွေ ကို နားလည်နိုင်မယ့် မဟာဗျူဟာတွေကို ချမှတ်ပြီး စကားပြောဆိုခြင်းအားဖြင့် စိတ်ရောဂါကို သက်သာစေခြင်း ဖြစ်ပါတယ်။ စိတ်ရောဂါကုသနည်းတွေမှာ ထောက်ပံ့နည်း၊ cognitive- behavioural, interpersonal၊ အုပ်စုလိုက်နဲ့ မိသားစုလိုက်ကုသနည်းတွေ ပါဝင်ပါတယ်။
    • Creative therapy – အချို့နည်းတွေဟာ အသုံးဝင်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို ဆက်သွယ်ပြောဖို့ ခက်ခဲနေတဲ့သူတွေအတွက်အသုံးဝင်ပါတယ်။

    တကယ်လို့ သင်က သင့်ကလေးမှာ အချိန်အတော်ကြာ ဒီလက္ခဏာတွေကို တွေ့နေပြီဆိုရင် ဒါဟာ စိတ်ရောဂါဖြစ်နိုင်ပါတယ်။ စိတ်ရောဂါဟာ ကြောက်စရာမဟုတ်ပဲ ကုသနိုင်တဲ့ ကုသနည်းတွေ ရှိပါတယ်။

    ဒီလက္ခဏာတွေ ပျောက်သွားအောင် စောင့်မယ့်အစား ဆရာဝန် (သို့) ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement