ကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အနေနဲ့ကြီးပြင်းလာအောင် ဘယ်လိုပျိုးထောင်မလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကလေးငယ်တွေကို အုပ်ထိန်းစောင့်ရှောက်ရတာက ခက်ခဲနိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိထားပြီး ဖြစ်ပါတယ်။ မိခင်ဖခင်ဖြစ်စမှာတော့ ညဘက်တွေမှာ ကလေးကိုအစာကျွေးရတာမျိုးအခက်အခဲတွေကို ပင်ပန်း ခက်ခဲတာတွေလို့မထင်ပေမယ့်  ကလေးငယ်တစ်ယောက်ကို အထိအခိုက်မရှိဘဲကြီးပြင်းလာစေဖို့အတွက် အရာတော်တော်များများလိုအပ်တယ်ဆိုတာကိုသိနားလည်လာမှဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ  ကလေးငယ်တွေကို အကျင့်စာရိတ္တကောင်းကောင်းမွန်မွန်နဲ့ကျန်းမာပျော်ရွှင်တဲ့ကလေးငယ်တွေအဖြစ် ကြီးပြင်း လာစေဖို့အတွက် အရေးကြီးတဲ့အချက်များစွာကိုလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာကို သိရှိနားလည်လာမှာဖြစ်ပါ တယ်။

မိဘတွေအနေနဲ့ ကလေးငယ်ကို ဘဝတစ်လျှောက်မှာ မိမိတို့တတ်စွမ်းနိုင်သမျှ အကောင်းဆုံးသောအရာတွေကိုပဲ ပေးချင်ကြတာဖြစ်ပါတယ်။ ကလေးငယ်လေးတွေကို ငယ်စဉ်အရွယ်ကတည်းကအကျင့်ကောင်းတွေကို သင်ကြား ပေးမယ်ဆိုပါက ဆယ်ကျော်သက်အရွယ်နဲ့အရွယ်ရောက်တဲ့အခါ အထောက်အကူပြုပေးနိုင်မယ့် ခိုင်မာတဲ့အခြေခံ အုတ်မြစ်ကိုချပေးသလိုသဘောသက်ရောက်နေပါတယ်။

ကလေးငယ်တွေကိုအကျင့်စာရိတ္တကောင်းမွန်ပြီးကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ရှင်သန်ကြီးထွား လာဖို့အတွက် မိဘတွေအနေနဲ့ အောက်ဖော်ပြပါအချက်လေးတွေကိုလုပ်ဆောင်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်။

၁။ ကျေးဇူးတင်ကြောင်းနဲ့ ကျေးဇူးပြုပြီးလုပ်ပေးပါလို့အကူအညီတောင်းခံမှုမျိုးကိုပြောတတ်ပါစေ

မိဘက ကလေးငယ်တွေအတွက် အကောင်းဆုံးသောစံနမူနာယူစရာတွေဖြစ်တာကြောင့် ကလေးငယ်တွေထံက နေတစ်ခုခုလုပ်ပေးဖို့အကူအညီတောင်းတဲ့အခါမျိုးမှာ ကျေးဇူးပြုပြီး ကူညီပါလားဆိုတဲ့စကားနဲ့ ကျေးဇူးတင်ပါ တယ်၊ ဆိုတဲ့စကားလုံးလေးတွေကိုပြောပေးတာမျိုးလုပ်ဆောင်ပေးပါ။ ကလေးတွေကို ဘာလုပ်ပါလို့ ညွှန်ကြား ပြီးခိုင်းတာမျိုးမလုပ်ဆောင်ပါနဲ့။ သည်စကားလုံလေး  ၃ လုံးကမိဘနဲ့သားသမီးကြားမှာ အပြန်အလှန်လေးစားမှု၊ ညှာတာ၊သည်းခံမှုတွေပေါက်ဖွားလာအောင်လုပ်ဆောင်ပေးပါတယ်။ကျေးဇူးပြုပြီးကူညီပေးပါလားဆိုတဲ့စကားလုံးနဲ့  ကျေးဇူးတင်ပါတယ်ဆိုတဲ့သစကားလုံးတွေကိုပြောရင်းကြီးပြင်းလာတဲ့ကလေးငယ်တစ်ဦးဟာ ပေးခြင်းနဲ့ လက်ခံရယူခြင်းနှစ်ခုစလုံးကအရေးပါတယ်ဆိုတာကိုသိနားလည်ပါတယ်။ ဒီအလေ့အထက အသက်အရွယ် ကြီးရင့်တဲ့အထိ အသုံးပြုသွားရမယ့်အရေးပါတဲ့ လူမှုဆက်ဆံရေးဆိုင်ရာ အရည်အသွေးတစ်ရပ်ဖြစ်ပါတယ်။

၂။ မနက်တိုင်းနဲ့ညတိုင်းဝတ်ပြုဆုတောင်းခိုင်းပါ

မိမိတို့က မည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ် မနက်အိပ်ရာထတဲ့အချိန်တိုင်းနဲ့ ညအိပ်ရာဝင်တဲ့အချိန်တိုင်းမှာ ကိုယ့်ရဲ့ကလေးငယ်ကို ဝတ်ပြုဆုတောင်းခိုင်းပါ။ ဒီလိုမျိုးဆုတောင်းခိုင်းတာက ကလေးငယ်တွေကို တန်ဖိုးရှိတဲ့ လူငယ်လူရွယ်တွေအနေနဲ့  ရှင်သန်အရွယ်ရောက်လာစေပါတယ်။

၃။ ရိုးသားခြင်းကအကောင်းဆုံးသောမူဝါဒ

မိဘအချို့က အချို့သောကိစ္စတွေမှာ ကလေးငယ်တွေကို အမှန်အတိုင်းမပြောတာကပိုကောင်းတယ်လို့ ယူဆတာမျိုးရှိသလို မိဘအချို့ကလည်း မိမိကိုယ်တိုင်ကရိုးသားမှ ကလေးငယ်ကိုရိုးသားတဲ့ အကျင့်စရိုက်ကို လေ့ကျင့်ပေးနိုင်မယ်၊လို့လက်ခံယုံကြည်ထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုးသားတာကအကောင်းဆုံးသော မူဝါဒတစ်ရပ်ပဲဖြစ်ပါတယ်။

၎။ နေ့စဉ်စာဖတ်ပါ

စာဖတ်တဲ့အလေ့အထကိုပျိုးထောင်ပေးတာက ကလေးငယ်တွေအတွက်အရေးပါတဲ့ အလေ့အထတွေထဲက တစ်ခုဖြစ်ပါတယ်။ စာဖတ်တဲ့အလေ့အထကိုငယ်စဉ်အရွယ်မှာကတည်းကမွေးမြူပေးတာကရိုးစင်းပြီး အရေးပါတဲ့ အလေ့အထတစ်ရပ်ပဲဖြစ်ပါတယ်။ စာကောင်းကောင်းဖတ်တဲ့ကလေးငယ်တွေက နေထိုင်ရာသဘာဝလောက အကြောင်းကိုပိုမိုသိရှိနားလည်သလို အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်စွမ်းရှိပါတယ်။

၅။ သင့်ရဲ့ခံစားချက်တွေကို မျှဝေပါ

ကလေးတွေက အချို့အကြောင်းအရာတွေကို နားလည်ဖို့အရမ်းငယ်သေးတယ်လို့တွေးကောင်းတွေးနိုင်ပါတယ်။ သူတို့လေးတွေက သင်ထင်ထားတာထက်ကိုပိုနားလည်ပါတယ်။

မိမိရဲ့ခံစားချက်ကို ကလေးတွေနဲ့မျှဝေတဲ့အခါ ကျွန်တော်တို့အနေနဲ့ သူတို့လေးတွေကိုသူတို့ရဲ့ခံစားချက်ကိုမျှဝေဖို့  သင်ပြပေးသလိုဖြစ်တဲ့အပြင် နောက်ပိုင်းမှာ သင့်တင့်တဲ့လူမှုဆက်ဆံရေးစွမ်းရည်တွေတတ်မြောက်လာအောင်  ထောက်ပံ့ပေးရာလည်းကျပါတယ်။ ကလေးငယ်ကသူ့ရဲ့စိတ်ခံစားချက်ကို သွက်သွက်လက်လက်ဖော်ပြနိုင်မှုက သူ့ဘဝအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ရပ်ဖြစ်လာမှာဖြစ်ပါတယ်။

ကလေးတွေကို ပျော်ရွှင်စွာကြီးပြင်လာစေဖို့အတွက် အထက်ကအချက်အလက်တွေ လိုအပ်သလိုပဲ ကျန်းမာစေဖို့အတွက်လည်း လိုအပ်ပါတယ်။ ကလေးတစ်ယောက် ကျန်းမာဖို့ဆိုရင် အစားအသောက်က အလွန်ပဲအရေးကြီးပါတယ်။

၆။ အမျှင်ဓာတ်ပိုကျွေးပါ။

ကလေးရဲ့အစာချေစနစ်ကောင်းမွန်စေဖို့ အမျှင်ဓာတ်များတဲ့အစားအစာမျိုးတွေ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကျွေးတာမျိုးကိုလုပ်ဆောင်သင့်ပါတယ်။

၇။ အမျှင်ဓာတ်ကိုလိုတာထက်ပိုပြီး အများကြီးကျွေးတာမျိုးတော့မလုပ်ပါနဲ့။

အမျှင်ဓာတ်အလွန်အကျွံစားမိရင် လေပွတာမျိုးဖြစ်နိုင်တာကြောင့် အမျှင်ဓာတ်ကို လိုအပ်တဲ့ပမာဏလောက်ပဲကျွေးမိအောင် သတိထားဖို့လည်း လိုအပ်ပါတယ်။

၈။ ဒိန်ချဉ်ပိုထည့်ပေးပါ။

ဒိန်ချဉ်ကအခြားနို့်ထွက်ပစ္စည်းတွေနဲ့မတူဘဲ ခန္ဓာကိုယ်အတွက်အကျိုးပြုနိုင်တဲ့ ဘက်တီးရီးယား တွေပါဝင်တာကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ ဘက်တီးရီးယားတွေ ကိုသေစေနိုင်တာကြောင့် အစာချေဖျက်မှုကိုအထောက်အကူပြုပါတယ်။

၉။ သကြားလျှော့ပေးပါ။

သကြားတွေကချေဖျက်ရခက်တာမျိုးတွေ ရှိတတ်တာကြောင့်ကလေးငယ်ကို သကြားလျှော့ပြီးကျွေးသင့်ပါတယ်။

၁၀။ အမြှုပ်ထတဲ့ အချိုရည်တွေမတိုက်ပါနဲ့

အမြှုပ်ထတဲ့ အချိုရည်တွေမှာပါဝင်တဲ့ ဂတ်စ်တွေက လေပွတာကိုဖြစ်စေနိုင်တာကြောင့် ကလေးငယ်တွေကို အမြှုပ်ထတဲ့ အချိုရည်တွေကို ပေးမသောက်သင့်ပါဘူး။

ကလေးငယ်ကိုကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေရာမှာ ပျော်ရွှင်စေမှုနဲ့ ကျန်းမာစေမှုကို အချိုးကျကျနဲ့ ရောစပ်ပျိုးထောင်ဖို့လိုအပ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။