ကလေးတွေခေါင်းပေါ်မှာရှိတဲ့ သန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 1, 2020 . 2 mins read
Share now

သန်းဆိုတာ လူတွေရဲ့ ဆံပင်တွေကြားထဲမှာ နေထိုင်တဲ့ သေးငယ်ပြီး အတောင်မပါသော ကပ်ပါး အင်းဆက်တစ်မျိုးပါ။ ဦးရေပြားက သွေးပမာဏ အနည်းငယ်ကို အစာအဖြစ် အသုံးပြုပါတယ်။ ဒီပြဿနာက ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။

တစ်ခါတစ်လေ မသက်မသာ ခံစားမှုကို ပေးတတ်ပါတယ်။ ဒါက ကူးစက်တတ်ပြီး ယားယံစေပါတယ်။ တစ်ခါတစ်လေမှာ ကုသဖို့ ခက်ခဲပါတယ်။

သန်းရှိကြောင်းသိနိုင်တဲ့ လက္ခဏာရပ်များ

သန်းဥ –

သူတို့က အတော် သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါသေးတယ်။ သေးငယ်တဲ့ အဝါရောင်၊ ဇော်ဂျီရောင်၊ အညိုရောင် အစက်အပျောက်လိုမျိုး ရှိပြီး အကောင်မပေါက်ခင် ဦးရေပြားအနီးနားရှိ ဆံပင်နားမှာ ရှိတတ်ပါတယ်။ ဥ သို့မဟုတ် ဥခွံတွေက ဆံပင်မှာ ကပ်နေတတ်ပါတယ်။ ခေါင်းဖြီးတာမျိုးနဲ့တောင်မှ မဖယ်ရှားနိုင်ပါဘူး။

အရွယ်ရောက်ပြီးနဲ့ မရောက်ခင် သန်းများ –

အရွယ်ရောက်ပြီး သန်းတွေက နှမ်းစေ့လောက် အရွယ်အစားရှိပြီးတော့ ခဲရောင်၊ အဖြူရောင် သို့မဟုတ် ဇော်ဂျီရောင် မျိုး ရှိတတ်ပါတယ်။

ကုတ်ခြစ်ရာများ –

သန်းတွေက သင့်ဦးရေပြားမှ သွေးကို စားသုံးတဲ့အတွက် သူတို့ရဲ့ ကိုက်ရာက ကလေးတွေကို ယားယံစေပြီး စိတ်အနှောက်အယှက်ပေးနိုင်ပါတယ်။ ကုတ်နေရမှာကတော့ မရှောင်လွဲနိုင်ပါဘူး။

အနီဖုလေးတွေ သို့မဟုတ် ကုတ်မိတာကြောင့် ဖြစ်တဲ့ အနာများ –

သင့်ကလေးတွေ မကြာခဏ ခေါင်းကုတ်နေပြီဆိုရင် ဒါက ရောင်ရမ်းနေတဲ့ အရည်ကြည်ဖုလေးတွေနဲ့ အနီဖုလေးတွေလိုမျိုး ဘက်တီးရီးယားပိုးကူးစက်ဖို့ ဖြစ်နိုင်ပါတယ်။

သန်းတွေက ကူးစက်တတ်လား။

အလွန်ကို ကူးစက်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကို ဦးခေါင်းချင်း ထိမိတာ၊ အဝတ်အစားမခွဲပဲ ဝတ်ဆင်တာ၊ အိမ်ရာခင်း၊ ဘီး၊ ဝက်မှင်ဘီး၊ ဦးထုတ်တို့ကို တူတူ သုံးစွဲတာမှတဆင့် အလျှင်အမြန် ကူးစက်နိုင်ပါတယ်။ ကလေးတွေကို ကူးစက်ဖို့ ပိုလွယ်ကူပါတယ်။

အဓိကအားဖြင့် ကျောင်း၊ ပါတီ၊ အားကစားပွဲနဲ့ ခရီးထွက်စခန်းချတာတွေမှာ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို ဝေမျှသုံးစွဲတာ၊ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့တာ ပိုများလို့ပါ။

ကုသမှု

ကလေးက အသက်ကြီးနေပါက –

သန်းစွဲတာ ကုသဖို့အတွက် သင့်ဆရာဝန်က ဆေးပါဝင်တဲ့ shampoo၊ cream rinse သို့မဟုတ် lotion တွေ ညွှန်းတတ်ပါတယ်။ ဒီကုသမှုက သန်းတွေကို သေစေနိုင်ပါတယ်။

ဒါပေမယ့် ယားတာပျောက်တဲ့အထိ ရက်အနည်းငယ်လောက် စောင့်ရပါမယ်။ အကယ်၍ ဒီဆေးတွေကို သန်းတွေက ခံနိုင်ရည်ရှိနေတယ်ဆိုရင် သောက်ဆေးတွေ ညွှန်ကြားပါလိမ့်မယ်။

ဒါတွေက အင်းဆက်သတ်ဆေးတွေ ဖြစ်တဲ့အတွက် သင့်ကလေးရဲ့ အသက်နဲ့ ချိန်ပြီး ဘေးကင်း မကင်း စစ်ဆေးပါ။ ဆေးမှာ ရေးသားထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပါ။

အကယ်၍ သင့်ကလေးက ၂လ သို့မဟုတ် ၂လအောက် ငယ်ပါက-

သန်းဥနဲ့ သန်းတွေကို လက်နဲ့ ဖယ်ရှားပေးသင့်ပါတယ်။ ပိုပြီးလွယ်ကူအောင် လုပ်မယ်ဆိုရင် သင့်ကလေးရဲ့ ဆံပင်ကို ရေစိုစေပြီးမှ ဘီးစိတ်စိတ်လေးနဲ့ ဖြီးသင်ပေးသင့်ပါတယ်။

သန်းစွဲတာကို အမြစ်ပြတ်ပျောက်ကင်းချင်ရင်တော့ ၃ပတ်ဆက်တိုက် အပတ်တိုင်း သန်းဥတွေကို ဖယ်ရှားသင့်ပါတယ်။ ပြီးရင်တော့ သန်းရှိမရှိ သင့်ကလေးရဲ့ ဦးရေပြားကို အနီးကပ် ကြည့်ရှု စစ်ဆေးပေးရပါမယ်။

သန်းတွေ နောက်ထပ် မသောင်းကျန်းအောင် ဘယ်လိုကာကွယ်မလဲ။

· သန်းစွဲနေတဲ့သူ သုံးစွဲတဲ့ အိပ်ရာခင်း၊ အဝတ်အစားတွေကို ၅၄.၄ဒီဂရီစင်တီဂရိတ် လောက် ပူနေတဲ့ ရေနဲ့ လျှော်ဖွတ်ရပါမယ်။

· ရေနဲ့ လျှော်လို့မရတာတွေကို အခြောက်လျှော်ပါ။

· ကော်ဇောတွေနဲ့ ပရိဘောဂပစ္စည်းတွေရဲ့ အစွပ်တွေကို ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပါ။ ဖုန်စုပ်စက်ထဲက အမှိုက်အိတ်ကို လွှင့်ပစ်သင့်ပါတယ်။

ဆံပင်အလှပြင်ပစ္စည်းတွေကို အရက်ပြန် သို့မဟုတ် ဆေးခေါင်းလျှော်ရည်ထဲမှာ ၁နာရီလောက် စိမ်ထားပါ။ ဒါမှမဟုတ် လွှင့်ပစ်လိုက်ရင်တော့ ပိုလွယ်တာပေါ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေး ငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်း တချို့

ကလေး ကလေးငယ်ငယ် ကလေးငယ် မိဘ သတိထားစောင့်ကြည့်ခြင်း ကလေးပြုစုစောင့်ရှောက်ခြင်း ကလေးကျန်းမာရေး အန္တရာယ် ထိန်းကျောင်းမှု အိမ်သုံးပစ္စည်း လျှပ်စစ်ပစ္စည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးငယ်နှင့် သွား ကျန်းမာရေး

သွား သွားနဲ့သွားဖုံး သွားပိုးစား ကလေးငယ် ဖလိုရိုက် သွားတိုက်ဆေး သွားတိုက် သွားဆရာဝန် အပြုံးလေး သွားတိုက်တံ အချိုစား ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ကလေးငယ် မတော်တဆ ဒဏ်ရာ ရှေးဦးပြုစုနည်း လက်ဆေး ပတ်တီးစ သွေးတိတ် ပိုးသတ်ဆေး အနာကျက် ပြည်တည် ပွန်းပဲ့ပြတ်ရှ သွေးထွက်များ ထိခိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း)

အစာလမ်းကြောင်း ဆို့နင်ခြင်း Choking အသက်ရှူလမ်းကြောင်း အစားအစာ အရက် အသက်ရှူရ ခက်ခဲ သတိလစ်မေ့မြော ပါးစပ် ဦးခေါင်း ကလေးငယ် ကိုယ်ဝန်ဆောင် အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 mins read
ကီဝီသီးနှင့် ဓါတ်မတည့်ခြင်း

ကီဝီသီးနှင့် ဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 15, 2020 . 2 mins read
မွေးလာမယ့် ရင်သွေးငယ်မှာ နှလုံးပြဿနာရှိ၊ မရှိ အက်ကိုးနည်းပညာဖြင့် ရှာဖွေခြင်း (Fetal Echocardiogram)

မွေးလာမယ့် ရင်သွေးငယ်မှာ နှလုံးပြဿနာရှိ၊ မရှိ အက်ကိုးနည်းပညာဖြင့် ရှာဖွေခြင်း (Fetal Echocardiogram)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 15, 2020 . 2 mins read