ပုံမှန်အော့အန်မှုက ကလေးတိုင်းမှာ ဖြစ်နေကျ ဖြစ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ သိပ်မကြာခင်မှာ ပြန်ကောင်းသွားတတ်ပါတယ်။ ကလေးက စိုးရိမ်ရတဲ့ အခြေအနေ တစ်ခုခုကြောင့် အော့အန်နေတာ မဟုတ်ဘူး ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို သုံးပြီး သက်သာအောင် လုပ်ပေးလို့ရပါတယ်။
ကလေးကိုရေဓါတ်ဖြည့်ပေးပါ – ကလေးကအော့အန်ရတာကြောင့် ကိုယ်တွင်းကရေဓါတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုဖြည့်တင်းပေးဖို့အတွက် ကလေးကိုရေဓါတ်ဖြည့်ပေးပါ။ နို့စို့အရွယ်ဆိုရင်တော့ နို့များများတိုက်ပေးပါ။
ကလေးကို မတ်မတ်လေးထားပေးပါ – ကလေးကို နို့စို့ပြီးရင် ဖြစ်ဖြစ်၊ အစားစားပြီးရင် ဖြစ်ဖြစ် နာရီဝက်လောက် ခပ်မတ်မတ်လေး ထားပေးပါ။
သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ – ကလေးကို အစားစားပြီးချိန်၊နို့စို့ပြီးချိန်တွေမှာ ဗိုက်ကို ဖိမိတဲ့ အနေအထားမျိုး မဖြစ်ပါစေနဲ့။ သက်တောင့်သက်သာ အနေအထားမျိုးမှာ ထားပေးပါ။
လေထုတ်ပေးပါ – ကလေးငယ်လေးတွေမှာတော့ နို့စို့ပြီးချိန်မှာပဲ ဖြစ်ဖြစ်၊ အစား တစ်ခုခု စားပြီးချိန်မှာပဲ ဖြစ်ဖြစ် ပုံမှန် လေထုတ်ပေးရပါတယ်။ ဒါမှ ကလေးက စားပြီးတဲ့ အစာတွေကို ပြန်မအန်မှာ ဖြစ်ပါတယ်။
ကလေးကိုပုံမှန်အတိုင်း အစားကျွေးပေးပါ – ကလေးက ဆက်တိုက်အန်နေတာမျိုးမဟုတ်ဘူးဆိုရင် ပုံမှန်ကျွေးနေကျအတိုင်းပဲ အစားအစာတွေကိုကျွေးမွေးပေးပါ။ကျွေးတဲ့အစားအစာတွေက အစာကြေလွယ်ဖို့နဲ့ရေဓါတ်ပါဝင်မှုများဖို့ကို အထူးသတိပြုရပါမယ်။
အနားယူခိုင်းပါ – အိပ်စက်မှုက ကလေးကိုအော့အန်မှုကနေ သက်သာစေမှာပါ။ ဒါကြောင့် ကလေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့လုပ်ပေးပါ။ အနားယူတာက ကလေးကို အားပြည့်စေနိုင်သလိုအော့အန်တာကိုလည်း သက်သာစေဖို့ အထောက်အကူပြုနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။