backup og meta

ကလေးချောင်းဆိုးခြင်းလမ်းညွှန်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးချောင်းဆိုးခြင်းလမ်းညွှန်

    ဘယ်အရာက ချောင်းဆိုးခြင်းကို ဖြစ်စေပါသလဲ။

    သင့်ကလေး ဖျားနေရင် (သို့) သူတို့ကိုယ်ခန္ဓာဟာ ဖျားနာမှုကို တိုက်ခိုက်နေရတယ်ဆိုရင် ကလေးတွေမှာ ချောင်းဆိုးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ချောင်းဆိုးခြင်းဟာ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

    ချွဲတွေ၊ သလိပ်တွေဟာ အသက်ရှူလမ်းကြောင်းနံရံတွေမှာ ကပ်နေတယ်ဆိုရင် သင့်ကလေးဟာ အသက်ရှူရခက်ခဲနိုင်ပါတယ်။ ဒီအချိန်မှာ ချောင်းဆိုးခြင်းဟာ လမ်းကြောင်းရှင်းပေးပြီး လေကို အသက်ရှူလမ်းကြောင်းတစ်လျှောက် အဆုတ်အတွင်းကို ချောမွေ့စွာ ဝင်ရောက်စေပါတယ်။

    ချောင်းဆိုးခြင်း အမျိုးအစားများ

    ချောင်းခြောက်ဆိုးခြင်း

    ချောင်းခြောက်ဆိုးခြင်းတွေကို ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါပိုးဝင်ခြင်း (ဥပမာ အအေးမိခြင်း၊ တုတ်ကွေးမိခြင်း)၊ အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောင်ရမ်းခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်းတွေမှာ တွေ့ရတတ်ပါတယ်။

    ချောင်းနက်ဆိုးခြင်း

    သူငယ်နာ ချောင်းနက်ဆိုးခြင်းကို လေပြွန်အပေါ်ပိုင်းရောင်ခြင်း တွေမှာတွေ့ရတတ်ပါတယ်။ တအုံးအုံး ကျယ်လောင်သော ချောင်းဆိုးသံ နှင့် အသက်ရှုသွင်းစဉ် ဆူညံသော အသံများ(stridor) ကြားရပါတယ်။

    ချောင်းစို

    ရောဂါပိုးဝင်ခြင်း၊ ပန်းနာရင်ကျပ် ရောဂါတွေဟာ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာ အကျိအချွဲတွေနဲ့အတူ ချောင်းဆိုး သလိပ်ပါခြင်းတွေ ဖြစ်တတ်ပါတယ်။

    ကြက်ညှာချောင်းဆိုး

    သူဟာ ကလေးငယ်ရဲ့ နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ဘက်တီးရီးယားပိုး ဝင်တယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ကြက်ညှာချောင်းဆိုးဟာ အအေးမိခြင်းနဲ့ လက္ခဏာတူညီပေမယ့် ၇-၁၀ ရက်အကြာမှာ လက္ခဏာတွေ ပိုဆိုးလာတတ်ပါတယ်။ ကလေးငယ်မှာ ဆက်တိုက် ၅-၁၅ ခါ ချောင်းဆိုးခြင်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးပြီးရင်တော့ အသက်ပြင်းပြင်းရှူပြီး ချောင်းသံထွက်နိုင်ပါတယ်။

    ချောင်းဆိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

    သင့်ကလေးဟာ ရုတ်တရက်ချောင်းဆိုးပြီး အသက်ရှူရခက်ခဲရင် (သို့) လည်ချောင်းကို ကိုင်နေတယ်ဆိုရင် သူတို့လည်ချောင်း (သို့) အသက်ရှူလမ်းကြောင်းမှာ တစ်ခုခု ပိတ်ဆို့နေတာမျိုး ဖြစ်နိုင်ပါတယ်။

    ကလေးနောက်ကျောမှာနေပြီး ကလေးကို သိုင်းဖက်ကာ ဝမ်းဗိုက်ရင်ခေါင်းနေရာကို လက်သီးဆုပ်နှင့် ဖိပြီးတွန်းတင်ခြင်း နည်းလမ်းဟာ ကလေးကြီးတွေမှာ ကူညီပေးနိုင်ပါတယ်။ တကယ်လို့ ကလေးက အသက်ရှူလမ်းကြောင်း လက္ခဏာရှိခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းတွေ ဖြစ်မယ်ဆိုရင် အရေးပေါ်ဌာနကို ခေါ်သင့်ပါတယ်။

    တကယ်လို့ ပိတ်ဆို့ခြင်း မဟုတ်ခဲ့ရင် အခြားပြင်းထန် လက္ခဏာတွေ ဖြစ်တဲ့ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ ဓါတ်မတည့်ခြင်း၊ အဖျား ၁၀၀ ဒီဂရီဖာရင်ဟိုက် ၇၂ နာရီထက် ပိုကြာခြင်း၊ သုံးပတ်ကျော်ကြာအောင် ဆက်တိုက်ချောင်းဆိုးခြင်းတွေကို ရှာဖွေသင့်ပါတယ်။

    ချောင်းဆိုးခြင်းအတွက် ကုသမှု

    ကလေးချောင်းဆိုးခြင်းကို သက်သာစေဖို့ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။

    • သင့်ကလေးကို အရည်ပူ (သို့) စွပ်ပြုတ်တိုက်ပါ။ ဒါဟာ ချောင်းဆိုးလို့ နာကျင်ခြင်း၊ လည်ချောင်းယားခြင်းတွေကို သက်သာစေနိုင်ပြီး ချွဲပျစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
    • သင့်ကလေးကို ရေငွေ့ပေးစက် နဲ့ စိုစွတ်တဲ့လေကို ရှူစေခြင်း၊ ရေချိုးခန်းထဲမှာ ရေပူဖြင့် ရေချိုးခြင်း၊ ကလေးငယ် အိပ်ခန်းထဲမှာ စိုထိုင်းနေတဲ့ အဝတ်ထည့်ထားခြင်းတွေ ပြုလုပ်သင့်ပါတယ်။
    • ကလေးဟာ ချောင်းခြောက် (သို့) croup cough ရှိတယ်ဆိုရင်တော့ လေအေးကို ရှူစေသင့်ပါတယ်။ ချောင်းဆိုးခြင်းကို ပိုဆိုးစေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။
    • ဆေးဆိုင်မှာ အလွယ်တကူ ဝယ်နိုင်တဲ့ ချောင်းဆိုးပျောက်ဆေး၊ ချွဲပျော်ဆေး၊ ချောင်းဆိုးသက်သာဆေးတွေ အသုံးပြုသင့်ပါတယ်။
    • ကြက်ညှာချောင်းဆိုးကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးတွေကို ကလေးတွေမှာ ထိုးပေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement