မွေးကာစ ဘေဘီလေးတွေဟာ တစ်နေ့တာမှာ အနည်းဆုံး ၁၆ နာရီလောက် အိပ်စက်ကြပါတယ်။ မွေးကာစ ကလေးတွေက ရည်ရွယ်ချက်ရှိရှိလှုပ်ရှားတာမျိုးမရှိပါဘူး။ သူတို့က ရည်ရွယ်ချက်မရှိတဲ့ လှုပ်ရှားမှုမျိုးကိုပဲလုပ်တတ်ကြပါတယ်။ ဒီကာလမှာ ဘေဘီလေးရဲ့ အာရုံကြောစနစ်က စဖွံ့ဖြိုးနေပြီ။ ဒီတုံ့ပြန်မှုလေးတွေကနေပဲ ဆန္ဒအတိုင်း လှုပ်ရှားနိုင်စေဖို့ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။
ဘေဘီလေးရဲ့ အလိုလျောက်လုပ်ဆောင်နိုင်တဲ့ အပြုအမူတွေက ဘာတွေများလဲ…….
• မေမေ့နို့ကို မမြင်ရဘဲ ရှာနိုင်တယ်။ မေမေရှိတဲ့ဘက်ကို မျက်နှာလှည့်ပြီး ပါးစပ်ကို မေမေ့နို့ နဲ့ အပ်ဖို့လုပ်တတ်တယ်။ မွေးရာပါအသိအရပါ။
• နို့ကို သင်ပေးစရာမလိုဘဲ ဘယ်လိုစို့ရမလဲသိတယ်။ လမစေ့ဘဲ မွေးတဲ့ ဘေဘီလေးတွေကတော့ ကိုယ့်ဘာသာနို့မစို့ တတ်ကြပါဘူး။
• ရက်လေး နည်းနည်းရလာပြီဆိုရင် အသံလေး ပိုကျယ်လာမယ်။ မေမေ့အနားမှာမရှိရင် အော်ငိုတတ်ပြီ။ လူးလူးလွန့်လွန့်လှုပ်ရှားတတ်မယ်။
• ခေါင်းကို ဘယ်၊ညာလှည့်တတ်လာမယ်။ လက်တွေကို ကွေးတတ်ဆန့်တတ်ပြီ။
• လက်သီးလေးဆုပ်တတ်လာပြီ။ လမစေ့တဲ့ ကလေးတွေကတော့ မလုပ်နိုင်တာမျိုးရှိနိုင်ပါတယ်။
• ခြေချောင်းလေးတွေကို ကွေးတတ်လာပြီ။
• ခြေထောက်လေးကို ကြမ်းပြင်နဲ့ ထိတာမျိုးလုပ်နိုင်ပြီ။
ဒီလိုကနေ တဖြည်းဖြည်းအရွယ်ရလာချိန်မှာ ဘေဘီလေးက
• ခေါင်းထောင်ချင်လာမယ်။ မေမေဖေဖေတို့က ကလေးကို ထိန်းမတ်ပေးဖို့ လိုပါမယ်။
• မှောက်ထားရင် ခေါင်းကို ဘယ်ညာလှည့်တတ်ပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။