backup og meta

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား

အရသာရော အနံ့ရော အရောင်အသွေးပါ ပြည့်စုံတဲ့ စပျစ်သီးက ဘေဘီလေးတွေ အကြိုက်တွေ့မယ် အသီးတစ်မျိုးဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ စပျစ်သီးကို ရေလေးဆေး၊ ပန်းကန်လေးထဲထည့်ပြီး စားမယ်လို့ ဟန်ပြင်ရုံရှိသေးတယ်။ သားသားလည်း စားမယ်။ မီးမီးလည်း စားမယ်ဆိုပြီး ပြေးလာတဲ့ ဘေဘီလေးတွေကို စပျစ်သီး ကျွေးရကောင်းနိုး မကျွေးရကောင်းနိုး ဖြစ်နေတဲ့ တီတီတွေရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။

စပျစ်သီး (Grapes)

စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်၊ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ်သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။

စပျစ်သီး အစေ့ကလည်းဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီးအစေ့က ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တို့ထက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။

စပျစ်သီးမှာပါတဲ့ အာဟာရတွေ

စပျစ်သီးမှာ ဒီလိုအာဟာရဓာတ်တွေပါဝင်ပါတယ်။

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အဆီ
  • အမျှင်ဓာတ်
  • ဗီတာမင် C
  • ဗီတာမင် K
  • သီရာမင်း
  • Riboflavin
  • ဗီတာမင် B6
  • ပိုတက်ဆီယမ်
  • ကော့ပါး
  • မဂ္ဂနိစ်တို့ပါဝင်နေပါတယ်။

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား ….. ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၆ လပြည့်ပြီ။ Solid food လည်း စစားတတ်ပြီဆိုရင် စပျစ်သီး စကျွေးလို့ ရပါပြီ။

ဒီနေရာမှာ သတိထားရမှက စပျစ်သီးက လတ်ဆတ်ပြီး မှည့်နေရပါမယ်။ သေချာစင်အောင် ဆေးကြောပေးပြီး အခွံနွှာလို့ အစေ့ထုတ်ပြီး အရွယ်တော်လေးတွေ တုံးပေးရပါမယ်။ သစ်သီးစားတဲ့ ချိုလိမ်လေးထဲထည့်ပြီး ကျွေးပေးလို့လည်း ရပါတယ်။ သေးသေးလေးတွေ လှီးကျွေးရပါမယ်။ မနင်အောင် သတိထားရပါမယ်။

ဘေဘီလေးကို စပျစ်သီး ကျွေးပေးတဲ့အခါ

ဘေဘီလေးကို စပျစ်သီး ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။ ဘေဘီလေးကို စပျစ်သီး ပုံမှန် ကျွေးပေးမယ်ဆိုရင်

အာဟာရ ပြည့်ဝစေမယ်

စပျစ်သီးမှာ ဘေဘီလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C နဲ့ ဗီတာမင် K၊ copper၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။

ဘေဘီလေးတွေကို ကြီးထွားဖွံ့ဖြိုးစေဖို့၊ သွေးတိတ်စေဖို့နဲ့ တွယ်ဆက်တစ်ရှူးတွေ ကျန်းမာစေဖို့ ထောက်ကူပေးသလို အသက်ရှည် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

အစာကြေစေတယ်

အကျိုးပြု ဘက်တီးရီးယားတွေ တိုးပွားစေတယ်

စပျစ်သီး စားပေးတာက ဘေဘီလေးတွေရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယား အရေအတွက် တိုးပွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စပျစ်သီးမှာ အကျိုးပြုဘက်တီးရီးယားတွေကို အာဟာရဖြည့်ပေးနိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် အစာခြေစနစ် ကျန်းမာပြီး ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

ကိုယ်ခံအား ကောင်းစေတယ်

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရပါတယ်။ ဘေဘီလေးကို စပျစ်သီး ပုံမှန် ကျွေးပေးမယ်ဆိုရင်
  • အာဟာရ ပြည့်ဝစေမယ်
  • အစာကြေစေတယ်
  • အကျိုးပြု ဘက်တီးရီးယား တိုးပွားစေတယ်
  • ကိုယ်ခံအား ကောင်းစေတယ်။

[embed-health-tool-child-growth-chart]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Grapes For Babies: Right Age, How To Cut, Benefits And Recipes https://www.momjunction.com/articles/grapes-for-babies-age-safety-benefits-recipes_00704431/ Accessed Date 29 June 2022

Grape https://solidstarts.com/foods/grape/ Accessed Date 29 June 2022

Grapes for Babies – Health Benefits and Recipes https://parenting.firstcry.com/articles/grapes-for-babies-health-benefits-and-recipes/ Accessed Date 29 June 2022

Can I give my Baby Grapes? https://www.mylittlemoppet.com/can-i-give-my-baby-grapes/ Accessed Date 29 June 2022

How to Serve Grapes to Kids https://www.yummytoddlerfood.com/grapes-for-kids/ Accessed Date 29 June 2022

ယခုပုံစံ

22/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား .....

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement